Fact Check: ပုံဟောင်းတွေကို အမြန်လမ်းမှာ လက်ရှိ ရေကြီးနေတဲ့ ဓာတ်ပုံအဖြစ် ဖြန့်ဝေနေ

မိုင်တိုင် ၃၅၄ ကနေ ၃၅၇ အထိ အမြန်လမ်းတလျှောက် ရေကြီးရေလျှံမှုဖြစ်ပြီး ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီလို့ ဆိုထားတဲ့ ပို့စ်စက်တင်ဘာ ၂၇ ရက်မှာ ဖေ့စ်ဘွတ်မှာ ထပ်မံပျံ့နှံ့လျှက်ရှိတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြစ်တယ်။ စက်တင်ဘာ ၁၃ ရက်က အမြန်လမ်း ရေကျော်မူသတင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ရန်ကုန် – မန္တလေး အမြန်လမ်း လုံးဝ ပိတ်သွားပါပြီ၊ မိုင်တိုင် ၃၅၄၊ ၃၅၅၊ ၃၅၆၊ ၃၅၇ လုံးဝ အခြေအနေ မကောင်းပါ။ ရန်ကုန်ဖက်မှ တက်လာမယ့် ကားရော၊ မန္တလေးဖက်မှ ဆင်းလာမယ့် ကားတွေရော လှည့်ပြန်ကြပါ။ လမ်းပြန်ပွင့်မလားဆိုပြီး မစောင့်ကြပါနဲ့။ […]

Continue Reading

Fact Check: ဟွန်ဒါက ဖေ့စ်ဘွတ်စာမျက်နှာမှာ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်နဲ့ ငွေသားလက်ဆောင်တွေပေးနေတယ်ဆိုတဲ့ သတင်းမှား

ဟွန်ဒါ(Honda)မြန်မာက သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ Congratulations လို့ မှတ်ချက်ရေးတဲ့သူတိုင်းကို ဆိုင်ကယ်နဲ့ ငွေသားလက်ဆောင်တွေပေးနေတယ်လို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်ပြီး ဟွန်ဒါနာမည်ကို အသုံးပြုပြီး လှည့်စားလိမ်လည်မှုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “September 2 🎉 မင်္ဂလာပါ 👋 အားလုံးပဲ @Honda myanmar ရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့အတွက် 2024 ခုနှစ် စက်တင်ဘာလ 5 ရက်နေ့ မတိုင်ခင် ကျွန်တော်တို့ရဲ့ page မှာ “Congratulations” လို့ပြောတဲ့သူတိုင်း Honda ဆိုင်ကယ် 250 နဲ့ ငွေသား သီးသန့်လက်ဆောင်ကို ရရှိမှာဖြစ်ပါတယ်။ ကံကောင်းပါစေ။ ❤️” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: ၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ ရုပ်သံက ကြေညာခဲ့သလား- မဟုတ်ပါ

၂၄ နာရီ လျှပ်စစ်မီးပေးမယ်လို့ စစ်တပ်က သူတို့ထိန်းချုပ်ထားတဲ့ MRTV ရုပ်သံသတင်းက တဆင့် ကြေညာခဲ့တယ်လို့ ဆိုထား ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီပို့စ်တွေမှာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုကို လေ့လာရာမှာ အများစုက သရော်စာ တခုအဖြစ်သာ နားလည်ပေမဲ့ တချို့ကတော့ လျှပ်စစ်မီး ၂၄ နာရီ ပေးမယ်လို့ အမှန်တကယ်ကြေညာခဲ့သလားဆိုတာကို ဝေခွဲမရဖြစ်နေတာတွေ့ရပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “(၂၄)နာရီ လျှပ်စစ်မီး အပြည့်အဝ ပေး​တော့မည်ဖြစ်၍ မီတာခကိုပါ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာသွားသည်။😳😳” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ အကြောင်းအရာဟာ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒီလို ရေးသားမျှဝေထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကိုလေ့လာကြည့်မယ်ဆိုရင်လည်း […]

Continue Reading

Fact Check: SAMSUNG မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်ဆိုတဲ့ သတင်းတု

ဆမ်ဆောင်း(SAMSUNG)မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဩဂုတ် ၅ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီစာမျက်နှာကပဲ ဇူလိုင် ၄ ရက်က ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၃၆၀၀ ကျော်ရရှိခဲ့တယ်။ ဒီမှာကြည့်ပါ။  ပဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်းက ဖုန်းလက်ဆောင်တွေပေးနေတယ်ဆိုပြီးတော့ မျှဝေခဲ့ပါသေးတယ်။ “SAMSUNG မွေးနေ့ အထိမ်းအမှတ်။ *SAMSUNG* သည် 2024 ခုနှစ် ဩဂုတ်လ 12 ရက်မတိုင်မီ “Happy Birthday” ကိုဆန္ဒပြုလိုသူတိုင်းထံ Samsung ဖုန်းအသစ် 980 လုံးကို လက်ဆောင်ပေးပါသည်။ […]

Continue Reading

Fact Check: ပ‌ဟေဠိဖြေနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်ဆိုတဲ့ သတင်းတု

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Apple ကုမ္ပဏီက iPhone အမှတ်တံဆိပ် ဖုန်းတွေပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှာတခုသာဖြစ်တာတွေ့ရတယ်။  မတ် ၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၆၀၀၀ ကျော်ရှိထားတယ်။ ဒီတူညီတဲ့ရေးသားမျှဝေမှုကိုပဲ ဇူလိုင် ၁၃ ရက်က ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ကျော်ရရှိခဲ့တယ်။ ဒီနေရာမှာလည်းတွေ့ရတယ်။  “{29} မှလွဲ၍ အခြားနံပါတ်တစ်ခုကို ရှာတွေ့ပါက iPHONE မှ အံ့သြဖွယ်လက်ဆောင်တစ်ခု ရရှိမည်ဖြစ်သည်။ မှတ်ချက်- ဤဝန်ဆောင်မှုသည် ကျွန်ုပ်တို့ထံမှ လက်ဆောင်မရရှိဖူးသူများအတွက် ရည်ရွယ်ပါသည်။ ကံကောင်းပါစေ ❤️ @pengikut” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ သတင်းမှား

ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်လို့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ယခုအချိန်အထိ 498 မှလွဲ၍ အခြားနံပါတ်ကို မည်သူမျှ မတွေ့ရသေးသော်လည်း 2024 Toyota Hilux တွင် ဆွတ်ခူးနိုင်သည့် တိုယိုတာ ၁၀ စီး ကျန်ရှိနေသေးသည်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံက တိုယိုတာဖြန့်ချိနေတဲ့ ကုမ္ပဏီအပါအဝင် တိုယိုတာကုမ္ပဏီရုံးချုပ်အနေနဲ့လည်း ဒီလိုကြေညာ ချက်မရှိပါဘူး။  အခုလို ပ‌ဟေဠိဖြေဆိုနိုင်သူတွေကို Toyota ကုမ္ပဏီက Toyota Hilux ကားသစ်တွေ ပေးနေတယ်ဆိုတဲ့ စာမျက်နှာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်(ဇူလိုင် ၁၉) […]

Continue Reading

Fact Check: ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေသလား-မဟုတ်ပါ

ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ်တခု ကြော်ငြာထားတာ တွေ့ရပါတယ်။ ဇွန် ၃ ရက်နေ့က စပြီး အသက် ၃၅ နှစ်အထက်ရှိသူတွေကို အတိုးမဲ့ ချေးငွေထုတ်ချေးမှာဖြစ် တယ်လို့လည်း ရေးသားထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မြန်မာနိုင်ငံတွင် အသက် ၃၅န နှစ်အထက် ချေး ငွေများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ အခမဲ့  ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဏာရေးဝန်ကြီးဌာန” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဖေ့စ်ဘွတ်ပို့စ်မှာ ကြော်ငြားထားသလို စစ်ကောင်စီဘဏ္ဏာရေးဝန်ကြီးဌာန အပါအဝင် အမျိုးသားညီညွှတ်ရေး အစိုးရ ဘဏ္ဏာရေးဌာနတွေကလည်း […]

Continue Reading

Fact Check: ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှာတွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ ပန်းပွင့်လား-မဟုတ်ပါ

ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ မျောက်မျက်နှာသဏ္ဌာန်နဲ့ အမည်မသိ တောပန်း တမျိုးလို့ဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကချင်ပြည်နယ် ဆော့လော်မြို့နယ် အထက်ပိုင်းရွာတွေမှာ တွေ့ရတဲ့ အမည်မသိ တောပန်း တစ်မျိုးဖြစ်ပါတယ်။ မျောက်မျက်နှာနဲ့ဆင်တော့ မျောက်ခေါင်းပန်း မျောက်မျက်နှာပန်း သူရဲပန်း လို့အမည်တတ်ရကောင်းမလား။ ကဲ မိတ်ဆွေတို့ ပန်းအမည်ဘယ်လိုပေးကြမလဲ? တစ်ခါမှမမြင်ဘူးလို့ကူးယူတင်ပေးလိုက်တာပါ။ ထူးဆန်းနေသလားလို့ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဉာဏ်တုနည်းပညာ(Artificial Intelligence)အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံတခုဖြစ်တာတွေ့ရပါတယ်။ “Sarah Clise”အမည်နဲ့ […]

Continue Reading

Fact Check: ရန်ကုန်တက္ကသိုလ်က အခမဲ့သင်တန်းတက်သူတွေကို လက်ပ်တော့ တလုံစီပေးသလား-မဟုတ်ပါ

အွန်လိုင်းကနေ အခမဲ့သင်တန်းပေးနေပြီး သင်တန်းတက်သူတွေကို ရန်ကုန်တက္ကသိုလ်က လက်ပ်တော့ တလုံစီပေးနေတယ်လို့ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု  ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတယ်။တကယ်တော့ သတင်းမှား တခုသာဖြစ်တယ်။ အွန်လိုင်းကနေ အခမဲ့ သတင်တန်း ရန်ကုန်တက္ကသိုလ်က ပို့ချခြင်းမရှိသလို လက်ပ်တော့ ပေးမယ်ဆိုတာလည်း မဟုတ်ပါဘူး။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ကြော်ငြာ တခုက ရယူထားခြင်းဖြစ်တယ်။ “အ‌ကြောင်းကြားပါ။ ဧပြီလ 22 ရက်၊ 2024 မှ ရန်ကုန်တက္ကသိုလ်သည် အသက် ၁၈ နှစ် မှ ၆၅ နှစ်ကြား အခမဲ့ အွန်လိုင်းသင်တန်း များ ပို့ချပေးနေသည်။  သင်တန်းကာလ အတွင်း လက်ပ်တော့တစ်လုံး ပေးပါမည်။  သင်တန်းပြီးဆုံးပါက ရန်ကုန်တက္ကသိုလ်မှ  ဘွဲ့လက်မှတ်ရရှိမည်ဖြစ်ပါသည်။” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့

NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုဖြစ်တယ်။ NLD နာယက ဦးတင်ဦးဟာ ယနေ့(ဇွန် ၁ရက်)မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NLD နာယကကြီး ဘဘဦးတင်ဦး  မေ ၃၀  ၇ နာရီ ၃၂မိနစ်တွင်  ကွယ်လွယ်သွားပြီဟု  သိရှိရပါသည်။ ကောင်းရာ သုဂတိဘုံမှာ  အေးချမ်းပါစေ 🙏🙏🙏” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက ဦးတင်ဦး ကွယ်လွန်သွားပြီလို့ အချို့သော လူမှုကွန်ယက် အသုံးပြုသူတွေက ရေးသားဖြန့်ဝေနေချိန်မှာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် […]

Continue Reading