Fact Check: ဒီပုံတွေက KIA နဲ့ တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားပုံမဟုတ်ပါ
ကချင်လွတ်မြောက်ရေးလက်နက်ကိုင်(Kachin Independence Army)က စစ်ကားတစ်စီးကို ဖောက်ခွဲပြီး စစ်သားသုံးယောက်နဲ့ လက်နက်ခဲယမ်းတွေဖမ်းမိတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဓာတ်ပုံတွေဖြစ်ပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ “8. 3. 2021 ရက်နေ့ ( 10..30..အချိန်မန်းလေးမူဆယ်လမ်းကြောင်းတွင် အသင့်စောင့်နေသော KIA. မှ မအလ ကားတစ်စီးနဲ့လော်ဘီသုံးယောက်လက်နှက်ခဲရမ်းများနင့်အတူသိမ်းဆဲလိုက်ကြောင်းသရပါသည် ”လို့ ရေးသားထားတဲ့ပို့စ်ကို “Min Min Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီစွာရေးသားထားပြီး ပျံ့နှံမှုအား ကောင်းခဲ့တဲ့ပို့တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google […]
Continue Reading
