Fact Check: ၂၀၁၅ ခုနှစ်က လက်ပတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုပုံကို မြောက်ဉက္ကလာမှာ စစ်တပ်က ဖြိုခွင်းမှုအဖြစ်ဖော်ပြ

လူတွေကို ရဲတပ်ဖွဲ့က ရိုက်နက်နေပုံ၊ အမျိုးသမီးတွေငိုနေပုံ၊ ရဲတွေရှေ့မှာ လက်နှစ်ဘက်ကို ခေါင်းပေါ်တင်ထားပြီး ခေါင်းငုံ ဒူးကွေးထိုင်နေတဲ့ လူအုပ်ပုံတွေနဲ့အတူ မြောက်ဉက္ကလာပမှာဖြစ်သွားတဲ့ ယနေ့ဖြစ်လို့ ရေးသားမျှ ဝေထားရာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  မတ် ၃  ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုအပြီးမှာ မြောက်ဉက္ကလာပမြို့နယ်မှာ အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီကနေ့လည်း စစ်တပ်နဲ့ ရဲအဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူ အများအပြားအဖမ်းခံခဲ့ရပါတယ်။  “ဆန္ဒပြ ပြည်သူအား စစ်သုံ့ပန်းမျာကဲ့ သို့ ဆက်ဆံတဲ့ မြောက်ဥက္ကလာပုံရိပ်(10.3.21) “လို့ ရေးသားပြီး “U Myint Wai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို  ၇ နာရီအတွင်းမှာ ပြန်လည်မျှဝေသူ ၅ထောင်ကျော်ရှိခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: မြန်မာနိုင်ငံကို ကုလသမဂ္ဂက စစ်ရေးအရ အရေးယူဖို့ အတည်ပြု ထားသလား-မဟုတ်ပါ

ကုလသမဂ္ဂ(United Nations- UN) ကမြန်မာနိုင်ငံကို စစ်ရေးအရ အရေးယူမယ်ဆိုပြီး မျှဝေထားတဲ့ အကြောင်းအရာကို လူမှုကွန်ယက်အသုံးပြုသူထောင်ပေါင်းများစွာက မျှဝေထားတာတွေ့ရပါတယ်။  UN အထူးအစည်းအဝေးအောင်မြင်သွားပြီ ဖြစ်တာကြောင့် ၂ ပတ်အတွင်းအရေးယူမှုတွေစတင်မယ်လို့ ရေးသား ထားတဲ့ စစ်တပ်သုံးယာဉ်ပုံတွေနဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားသလို ၇၂ နာရီအတွင်း စစ်ကြေညာမယ်ဆိုတဲ့ပို့စ်ကို ထောင်ပေါင်းများစွာက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေအကြားပျံ့နှံမှုအားကောင်းခဲ့တဲ့ UN အထူးအစည်းအဝေးအောင်မြင်သွားပြီ ဖြစ်တာကြောင့် ၂ ပတ်အတွင်းအရေးယူမှုတွေစတင်မယ်ဆိုတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားပြီး အခြားသော ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  “UN အထူးအစည်းဝေးအောင်မြင်ပါပြီ… ထောက်ခံမဲ ၃၇ မဲ … ကန့်ကွက်။ ၆မဲ….. အရေးယူဖို့ အဆို အောင်မြင်သွားပါပီ.!!! […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်ကအာဖဂန်နစ္စတန်ကဘူးမြို့က ရှော့တိုက်ဒုံးကို မြန်မာနိုင်ငံကအဖြစ်အပျက်သဖွယ်ဖော်ပြ

သထုံမှာ တပ်မတော်စစ်စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအဖြစ် People Media အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံ ၃ ပုံနှင့်တကွရေးသားဖော်ပြထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  သို့သော်လည်း ရှော့တိုက်ဒုံးဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။  “မွန်ပြည်နယ်၊သထုံမြို့နယ်ရှိ တပ်မတော် အခြေစိုက် စခန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက ယနေ့ နံနက် ၆ နာရီခန့်မှာ ရှော့ဒုံးဖြင့် ပစ်ခတ်လိုက်ပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးသွားတယ်လို့ တပ်မတော် တာဝန်ရှိသူတစ်ဦးက  PeopleMedia ကို ပြောသည်။ လက်ရှိအချိန်၌ တပ်မတော်က မပေါက်ကွဲသေးသည့် ရှော့ဒုံး တစ်လုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။”လို့လည်း “People Media”ဖေ့စ်ဘွတ်စာမျက်နှာကရေးသားထားပါတယ်။ ဒီနေရာမှာလည်း အလားတူရေးသားမျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: တရုတ်စစ်သားက အင်တာနက်ထိန်းချုပ်ဖို့ အကူအညီပေး နေပုံလား-မဟုတ်ပါ

မြန်မာနိုင်ငံမှာ အင်တာနက်ထိန်းချုပ်ဖို့အတွက် တရုတ်အကူအညီပေးနေတဲ့ အထောက်အထားအဖြစ်တရုတ် တပ်ဖွဲ့ဝင်တစ်ဦးပုံနဲ့အတူ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  လူမှုကွန်ယက် အသုံးပြုသူတွေအကြားပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို  အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link  တွစ်တာမှာ အင်္ဂလိပ်ဘာသာမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ တရုတ်စစ်တပ်က မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့ဖို့အတွက် အကူအညီပေး နေတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာရယူအပြီးမှာ တရုတ်က မြန်မာနိင်ငံမှာ တရုတ်ပုံစံ အင်တာနက်စောင့်ကြည့်ပိတ်ဆို့မှုတွေကို အကူအညီပေးနေတယ်လို့ မြန်မာလူထုက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားပြီး တရုတ်က ငြင်းဆိုထားပါတယ်။ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံကို […]

Continue Reading

Fact Check: ၂၀၁၁ ခုနှစ်က ကိုဆိုဗိုမှာ တွေ့ရတဲ့ UN အမှတ်တံဆိပ်ကားကို ရန်ကုန်မှာ ဆန္ဒပြသတင်းရယူနေတဲ့ကားအဖြစ်ဖော်ပြနေ

UN အဖွဲ့က မြေပြင်သတင်းယူနေတဲ့ဆိုပြီး ကားပုံ ဓာတ်ပုံ ၃ ပုံနဲ့အတူ မျှဝေထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။  သို့သော်လည်း အင်တာနက်မှာ ပျံ့နှံ့ပြီးဖြစ်တဲ့ ဓာတ်ပုံကို ပြုပြင်ဖန်တီးမျှဝေနေတာဖြစ်ပါတယ်။  လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်ပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ “UN အဖွဲ စမ်းချောင်းရောက်နေပါတယ် ပိုပြီးအင်အားပြကြပါ Crd Mg Mg Tin Nyunt ထူးထူးခြားခြား UN ရုံးကားများ  တမြို့လုံးပတ်ပြီး မှတ်တမ်း ယူနေပါပြီ  ဆက်တိုက်ဗျိူ့  အရေးတော်ပုံ  အောင်မြင်ရန်  လက်တကမ်း အလို  Fighting ဘရန်ဆိုင်း Thetdwe Aung  TZO ”လို့ ရေးသားထားတဲ့ပို့စ်ကို “Thi Ri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မေ ၃ ရက်က […]

Continue Reading

Fact Check: အမေရိကန်သံရုံးက အဖမ်းခံရတဲ့သူတွေကို လိုက်ထုတ်ပေးနေ သလား-မဟုတ်ပါ

ပိတ်မိနေသူတွေ ဒါမှမဟုတ်လည်း ဖမ်းခံရသူတွေကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးကလိုက်ထုတ်ပေးနေပြီး အကူအညီတောင်း နိုင်တယ် ရေးသားမျှဝေထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေထားပါတယ်။  သို့သော်လည်း ဒီအချက်အလက်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ပြီး အထောက်အထားမရှိတာတွေ့ရပါတယ်။  အမေရိကန်သံရုံးဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံနဲ့တကွ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး(ရန်ကုန်)ရဲ့ လိပ်စာနဲ့အတူ ပိတ်မိနေသူတွေကို လိုက်ထုတ်ပေးနေတယ်လို့ရေးမျှဝေထားတဲ့ ပို့စ်တွေရဲ့ ပျံ့နှံ့မှုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “အကယ်လို့ ပိတ်မိနေခဲ့ရင် ပိတ်မိနေတဲ့ သူတွေ US Embassy က လိုက်ထုတ်ပေးပါတယ်။ အကူအညီတောင်းပါ။  110 University Ave, Kamayut Township, Rangoon, Burma. Phone: (951) 7536509 Fax: (95)-(1)-7511069 Email: [email protected] #Credit ”လို့ ရေးသားထားတဲ့ပို့စ်ကို “May Myat Mon”အမည်နဲ့ […]

Continue Reading

Fact Check: အာဖဂန်နှင့်အီရန်အကြား ဆီသယ်ယာဉ်ကားမီးလောင်မှုပုံကို တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမီးရှို့မှုအဖြစ်သတင်းမှားဖြန့်

တရုတ်သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း မီးရှို့ခံရတယ်ဆိုပြီးတော့ မီးလောင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဖေ့စ်ဘွတ် မှာ ရေးသားမျှဝေနေပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပုံမဟုတ် သလို သတင်းဟာလည်း အထောက်အထားမရှိပါဘူး။ “အခုပါ ရန်ကုန် မန္တလေး အမြန်လမ်း ဓါတ်ငွေ စက်ရုံ နဲ့ ၆၅ မိုင်အကွာ မန္တလေး အဝင်ဘက်အခြမ်း မိုင် ိုင် ၂၃၆/၂၃၇ × ၄ဖာလုံ မှာပါ ဖေဖဝါရီ ၂၀ မနက် ဆယ်နာရီ မိနစ်သုံးဆယ် ခန့် ကလောင်သွားတာပါ မီးအရမ်းများပါတယ် မီးသတ်များက CDM မှာပါနေလို့ မီးသတ်မယ့်သူမရှိဟု ဒေသခံတွေကပြောပါတယ် ကားတစ်စီးနဲ့ လူတစ်စု မနက် ခြောက်နာရီလောက်ထဲက ပိုင်လိုင်းနားမှာ ယောင်လည်လည် ဖြစ်နေတယ်လို့ မျက်မြင်တစ်ဦးက […]

Continue Reading

Fact Check: ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ သမ္မတဦးဝင်းမြင့် အမိန့်ပေးခဲ့တယ်ဆိုပြီး သတင်းတုဖြန့်

သမ္မတဦးဝင်းမြင့်က ဆန္ဒပြသူတွေကို ပြတ်ပြတ်သားသားနှိမ်နှင်းဖို့ အမိန့်ပေးခဲ့တယ်ဆိုပြီး လူမှုကွန်ယက် အသုံးပြုသူများအကြားမျှဝေနေတာတွေ့ရပါတယ်။သို့သော်လည်း ဒီလိုရေးသားမျှဝေချက်ဟာ သတင်းတု ဖန်တီးမျှဝေနေတာဖြစ်ပါတယ်။ “သူ့ကို သမ္မတကြီးအဖြစ် ဆက်အသိအမှတ်ပြုဖို့ ပြောနေသူတွေ သူပေးခဲ့တဲ့အမိန့်ကိုလည်း ဆက်လိုက်နာခိုင်းရမှာနော် If he is to be still regarded as President, shall his orders be still enforced as well? Aye NeWin”လို့ရေးသားပြီး “Aye NeWin – အေးနေဝင်း”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီတဲ့ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဇန်နဝါရီလထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတာဝန်ရှိသူတွေကို ဦးတည်ပြီး အခုလို သတင်းစာ […]

Continue Reading

Fact Check: သံဃာတွေဆန္ဒပြနေတဲ့ ဒီပုံက လက်ရှိစစ်အာဏာသိမ်း ဆန္ဒမှုက မဟုတ်ပါ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လျက်ရှိပြီး မန္တလေးမှာ ဖေဖော် ဝါရီ ၁၀ ရက်က သံဃာတော်တွေ ဆန္ဒပြခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ သံဃာတွေဆန္ဒပြမှုအဖြစ်  လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “10/2/2021”လို့ ရေးသားပြီး “Min Min Kayw ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၀ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုကို လက်တလောဆန္ဒပြမှုနဲ့ ဖေဖော်ဝါရီ ၁၀ ရက်က မန္တလေးမှ သံဃာတွေ ဆန္ဒပြတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်နိုင်ပါတယ်။ ရန်ကုန်မှာ […]

Continue Reading

Fact Check: အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတာမဟုတ်ပါ

အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပြီး အမြန်လမ်းကို ပိတ်ထားတာမျိုးမရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထာပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး အမြန်လမ်းရဲတပ်ဖွဲ့ရုံးကတာဝန်ရှိသူတွေပြောချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ပိတ်ထားတဲ့ သတင်းမမှန်ကြောင်း ဖော်ပြထားပါတယ်။ အလဲဗင်းနဲ့ ဒီဗွီဘီစတဲ့ မီဒီယာတွေက သတင်းမှာ မဟုတ်မမှန်ဘူးလို့ရေးသားထားပါ။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ဖတ်ရှူ့နိုင်ပါတယ်။ “ပဲခူးတိုင်း ဖြူးမြို့နယ် အမြန်လမ်း ၁၁၅ မိုင်မှာ ပိတ်ဆို့စစ်ဆေးမှု့တွေ […]

Continue Reading