Fact Check: ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကပုံတွေကို လက်ရှိအဖြစ် အဖြစ်ဖော်ပြ

False လူမှုရေး

လမ်းမထက်မှာ သံဃာတော်အများအပြား ဆီတန်းလမ်းလျှောက်နေတဲ့ ဓာတ်ပုံ ၃ ပုံနှင့်တကွ ပျံလွန်တော်မူသော ဆရာတော် အတွက် အခဲမကြေတဲ့သံဃာသပိတ်စစ်ကြောင်းကြီးလို့ရေးသားလျက် ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။ 

မေ ၁၃ ရက်က မန္တလေး စိန်ပန်း ရပ်ကွက်မှာ ဆန္ဒပြရင်း သေနတ်နဲ့အပစ်ခံရပြီး အနည်းဆုံး ၄ ဦးထက်မနည်း သေဆုံး ကာ အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ထိုအထဲမှာ ဆရာတော်တစ်ပါး ရင်ဘတ်ထိမှန်ခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒီလိုအခြေအနေမှာ  “ပျံလွန်တော်မူသော မ န္တလေးစိန်ပန်း ဆရာတော်အတွက် အခဲမကြေ မန်းလေး သံဃာသပိတ်စစ်ကြောင်းကြီး။”လို့ရေးသားပြီး “Chan Mon Chan Nei”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁ ရက်အတွင်း ပြန်လည်မျှဝေမှု ၂ သောင်း ၂ ထောင်ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link 

သို့သော်လည်း ဒီသတင်းဓာတ်ပုံတွေဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များ ရန်ကုန်မှာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ သံဃာတော်များ စီတန်းလှည့်လှည်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ရရှိလာတဲ့ ရလာဒ်တွေထဲက ရက်စွဲအလိုက် ပြန်ရှာကြည့်ရာမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၅ ရက်က အမေရိကန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ CBS သတင်းဌာနက ဒီဓာတ်ပုံကို အစောဆုံးအသုံးပြုထားပါတယ်။

ဓာတ်ပုံရဲ့အောက်ခြေမှာ “ဆယ်စုနှစ် ၂ ခုအတွင်း အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်များ ကို အကြီးမား ဆုံးဆန့်ကျင်သွေ ဖယ်မှုအဖြစ် ဆန္ဒဖော်ထုတ်ရန်အတွက် သံဃာတော်များ ရန်ကုန်တွင် စက်တင်ဘာ ၂၄ ရက်၊တနင်္လာနေ့က လမ်းလျှောက်ထွက်လာသည်”လို့ ရေးသား ဖော်ပြခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  Cbsnews |  Archive link 

အခြားသောပုံတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်များ ရန်ကုန်မှာ ဆန္ဒဖော် ထုတ်ခဲ့တဲ့ ဓာတ်ပုံတွေကို လက်ရှိအဖြစ်အပျက်အဖြစ်ဖော်ပြနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကပုံတွေကို လက်ရှိအဖြစ် အဖြစ်ဖော်ပြ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *