တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို အင်တာနက်ဒေတာ 100 GB ပေးမယ်ဆိုတဲ့ သတင်းမှား

တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို အွန်လိုင်း စနစ်နဲ့ သင်ကြားမှာဖြစ်တဲ့အတွက် အင်တာနက် ဒေတာ 100 GB စီပေးမယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ “ ၁။ အဆင့်မြင့်ပညာဦးစီး ဌာန၏ (၁၆-၇-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဗဟိုအ လုပ်အမှုဆောင် Tele-meeting အစည်းအဝေး ဆွေးနွေးညှိနှိုင်းချက်များအရ ကိုဗစ် ကပ်ရောဂါကာလာအတွင်း တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ ပညာသင်ယူမှူးအခွင့်အလမ်းများ မဆုံးရှုံးစေရန် Grline Teaching and Learring စနစ်ဖြင့်ဆောင်ရွက်ရန် ပါမောက္ခချုပ်များကော်မတီမှ ဇူလိုင်လ ၁၄ရက်နေ့တွင်ထုတ်ပြန်ကြေငြာခဲ့ ပါသည်။  ၂။သို့ဖြစ်ပါ၍ တက္ကသိုလ်ကျောင်းသားကျောင်းသူများ စာလေ့လာရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ကျောင်းသားတစ်ဦးချင်းစီ၏ သက်ဆိုင်ရာ ဖုန်းနံပါတ်များကိုတောင်းယူခါOnline Learning စနစ်အတွက် ကျောင်းသားတစ် ဦးလျှင် 100GB စီအား ထည့်သွင်းပေးသွားရန် […]

Continue Reading

ဒီအစားအသောက်နှစ်ခုအတူစားမိရင်သေတယ်ဆိုတာ မဟုတ်ပါ

အစားအသောက်နှစ်ခုအတူစားမိရင်သေစေတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။  “သတိ နဂါးမောက်သီး + ချဉ်စော်ခါးသီး = သေ shareထားလိုက်တန်ဖိုးရှိတယ် နဂါးမောက်သီး + ပိန်းနဲသီး = သေ နဂါးမောက်သီး + ကြက်ဥ = သေ နွားနို့ + မှို = သေ မင်းကွတ်သီး + သကြား = သေ ရေခဲမုန့် + ချင်းသုပ် = သေ လက်ဖက် + ကျွဲခေါင်းသီး = သေ အမဲသား + ခရု = သေ ဂွေးသီး + အာတာလွတ် = သေ နို့ဆီ + ကိုးပါးဆေး […]

Continue Reading

ဆယ်တန်းအောင်စာရင်း ထွက်မယ်ရက်နဲ့ပတ်သက်တဲ့ သတင်းမှားများ

COVID-19 ကပ်ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေကြောင့် ရပ်နားခဲ့ရတဲ့ လုပ်ငန်း တွေထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာစစ်ဆေးမှုလည်းပါဝင်ပြီး အောင်စာရင်းထွက်မယ်ရက်မှာလည်း မရေရာမှုတွေ ရှိခဲ့ပါတယ်။ “ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများသည် ဇူလိုင်လ(၁၈)ရက်နေ့ တွင် ထုတ်ပြန်ကြေငြာမည်ဖြစ်သည်”ဆိုပြီး “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇူလိုင် ၁၂ က မျှဝေ ထားပါတယ်။ ဒီ “YG Burmese”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ၂၀၂၀ ဆယ်တန်းအောင်စာရင်း ထွက်မယ့်ရက်ဖော်ပြခဲ့တဲ့ပို့စ်ဟာ ဇွန်လထဲမှာလည်း လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ၄ နှစ်မြောက် ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး […]

Continue Reading

မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုတဲ့ သတင်းမှား

ဘုန်းကြီးတစ်ပါးဒေါက်ဖိနပ်စီးနေတဲ့ပုံကို မင်းဝန်တောင်ဘုန်းကြီး ဒေါက်ဖိနပ်စီးပြီး ယတြာချေပေးတာဆိုပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “U Naing Win”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ၂၃ နာရီအတွင်း လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Link Archive link မင်းဝန်တောင် စိန္တာမုနိကျောင်းက ကျမ်းဂန်တွေနဲ့ မညီတဲ့  ရုပ်တုတွေဖယ်ရှားခဲ့တဲ့သတင်းတွေနဲ့အတူ အခုလို အချိန်ကိုက် မျှဝေလာတာဖြစ်ပါတယ်။  ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ထိုင်းနိုင်ငံ ဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၉ ခုနှစ် ဇူလိုင်မှာ  ထိုင်းဘာသာနဲ့ရေးသားထားတဲ့သတင်းအများအပြားမှာ  ဒီပုံကို တွေ့ရပါတယ်။ Google Translate  ကို အသုံးပြုပြီး ထိုင်းဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ဘုန်းကြီးတစ်ပါးရဲ့ […]

Continue Reading

ကျိုင်းကောင်တွေ မြန်မာပြည်ရောက်လာပြီးလား-မဟုတ်ပါ

အာဖရိကနဲ့ အနောက်အာရှမှာ ဖျက်အားဖြင့် ကန္တရကျိုင်းကောင်တွေကျမှု အန္တရယ်နဲ့ ရင်ဆိုင်နေရပြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ကျိုင်းကောင်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အိန္ဒိယနဲ့ စပ်ဆက်လျက်ရှိတဲ့ မြန်မာနိုင်ငံဒေသ တွေကို အစိုးရက ကျိုင်းကောင်းအန္တရာယ်နှိုင်းဆော်ချက်ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ“မကွေးတိုင်း မကွေးမြို့နယ် ကျူချောင်းကျေးရွာ မှာ စတင်ကျရောက် လာပြီဖြစ်တဲ့ ကျိုင်းကောင်များ”ဆိုပြီးတော့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပြန်လည်မျှဝေသူတွေ များပြားနေပါတယ်။  “Win Thu”၊ “Zaw Thet Oo” စတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link extramm.com ဝက်ဆိုဘ်က ရေးသားထားတဲ့ သတင်းကို ခေါင်းစဉ်မှာ ကျိုင်းကောင်တွေရောက်နေပြီလို့ ပေးထားပေမဲ့ မကွေးတိုင်း၊ မကွေးမြို့နယ် ၊ ကျူချောင်းကျေးရွာ မှာ […]

Continue Reading

နှစ် ၁၀၀ မှာတစ်ကောင်ဘဲမွေးတဲ့ နတ်ငါးတဲ့လား-မဟုတ်ပါ

ဉီးခေါင်းမှာ ပုံမှန်မြင်နေကြငါးတွေရဲ့ အကြေးခွံနဲ့မတူဘဲဖြစ်နေတဲ့ ငါးတစ်ကောင်ရဲ့ပုံကို နှစ် ၁၀၀ မှာတစ်ကောင်ဘဲမွေးတဲ့ နတ်ငါး ဆုတောင်းပြီး ရှဲလ်ပါ တစ်ပတ်အတွင်း ငွေဝင်လိမ့်မယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေမှု များပြားခဲ့ပါတယ်။  “လင်း ဟေသာ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင်းစုံ နိုင်ငံတကာသတင်း”၊ “နေ့စဉ် သတင်းစုံ သတင်းမှန်”စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link cele.fastmyanmar.com ကရေးသားမျှဝေတဲ့ပို့စ်တစ်ခုကို ပြန်လည်မျှဝေနေတာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ ဒီပို့စ်က ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာ ဖွေမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲမှာ ဗီယက်နမ်မှာလည်း ဒီငါးပုံပါတဲ့ ဓာတ်ပုံနှစ်ပုံကို လူမှုကွန်ယက်အသုံးပြု သူ့တစ်ယောက်က “ဘာလုပ်ရင်ကောင်းမလဲ”ဆိုပြီးတော့ သူ့ ကိုယ်ပိုင်အကောင့်နဲ့ […]

Continue Reading

ဂျက်ကီချမ်းနဲ့ ဂျက်လီက ဗုဒ္ဓပုံတော်ပါတဲ့ ဓာတ်ပုံကိုကိုင်ပြီး ဓာတ်ပုံရိုက်ထား တာလား

“ဝိုးးးးစိတ်ချမ်သာစရာကောင်းလိုက်တာ ကြည်နူးရပါတယ်”ဆိုပြီးတော့ “ပြည်တွင်းပြည်ပ-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ “H Poat”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်က “May Yee Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ မျှဝေခဲ့တဲ့ “ဗုဒ္ဓဘာသာဖြစ်ကုန်ကြပြီ”ဆိုတဲ့ ပို့စ်တစ်ခုကို မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်မှာ ကမ္ဘာ့ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးနဲ့ ထင်ရှားနာမည်ကြီးသူတွေ ဗုဒ္ဓဘာသာပြောင်းကုန်တဲ့အကြောင်း ရေးသားထားပြီး အိုင်းစတိုင်းပြောခဲ့တဲ့ ကမ္ဘာမှာ ဗုဒ္ဓဘာသာ တစ်ခုပဲ ကျန်ခဲ့မယ်လို့ပြောတဲ့အကြောင်း ရေးသားထားသလို မင်းသားဂျက်ကီချမ်းနဲ့ ဂျက်လီက အခမ်းအနားတစ်ခုမှာ ဗုဒ္ဓပုံတော်ကို ကိုင်ပြီးတော့ ဓာတ်ပုံရိုက်ခံနေတဲ့ပုံလည်းပါဝင်ပါတယ်။ Link Link Archive link Archive link ဒီပို့စ်ကို လက်ရှိအချိန်အထိလည်း မျှဝေနေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Goolge မှာ မျှဝေထားတဲ့ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၀၇ ခုနှစ်၊ဇွန် ၁၄ ရက်က ဟန်ဒီယန် […]

Continue Reading

ဆယ်တန်းအောင်စာရင်း 2-7-2020 ထွက်မယ်ဆိုတာမဟုတ်ပါ

COVID-19 ကပ်ရောဂါကြောင့် ဒီနှစ်တက္ကသိုလ်အပါအဝင် အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး မရေရာမှုတွေရှိခဲ့သလို စာမေးပွဲအောင်စာရင်ထွက်ရက် မရေရာမှုတွေ ရှိခဲ့ပါတယ်။ “10 တန်းအောင်စာရင်း 2-7-2020 ထွက်ပါမည် အများသိအောင်shareလိုက်ပါ”ဆိုပြီး “သတင်း စုံ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကမျှဝေထားပါတယ်။ မေ ၁၅ ရက်မျှဝေထားတဲ့ ဒီသတင်းကို လူမှုကွန်ယက်သုံးစွဲသူ  ၄ သောင်းကျော်က ပြန်လည်မျှဝေခဲ့ပြီးဖြစ်သလို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ လူမှုကွန်ယက်သုံးစွဲသူ  ၈ ထောင်ကျော် ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဇွန် ၁၂ ရက်က ပညာရေးဝန်ကြီးဌာနရဲ့ ၄ နှစ်မြောက် ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များ နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို သြဂုတ်လထဲမှာ ထုတ်ပြန် ကြေညာသွားမယ်နိုင်ဖို့ […]

Continue Reading

အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့ အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို 5000 စီပေးမယ်ဆိုတာမဟုတ်ပါ

အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့  အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို  5000 စီပေးမယ်ဆိုပြီး ဖေ့စ်ဘွတ် ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံလျက်ရှိ တာတွေ့ရပါတယ်။  “န ဒီ”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့  အလှူ…. ယနေ့(19.6.2020)နေ့ တွင်ကျရောက်သော အမေစု ရဲ့75နှစ်ပြည့်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်  ဖုန်းဘေလ်တစ်ယောက်ကို  5000 စီ လက်ဆောင်ပေးသွားပါမယ်ရှင် ဒီပို့စ်အောက်မှာ ဖုန်းဘေလ်လွှဲရမယ့် ဖုန်းနံပါတ်ရေးခဲ့ပါ ပို့စ်ကိုအနည်းဆုံး ဂရုသုံးခုကို share ရှယ်ပေးပါ လွှဲရမယ့်ဖုန်းနံပါတ်ကို အတိအကျရေးပါနော် ဖုန်းမှားပြီးရောက်မှာစိုးလို့ပါ ဂရုထဲဝင်ထားမှပေးပါမယ် ဂရုကိုဝင်ထားပေးပါ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်လို့  လှူမယ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။ ဒီပို့စ်ဟာ မျှဝေပြီး ၂၃ နာရီအတွင်းမှာ လူ တစ်သောင်းကျော်က ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက် ၅ ထောင်ကျော်ရေးသားခဲ့ကြတာတွေ့ရပါတယ်။ လူတွေက […]

Continue Reading

သေနတ်ကျည်ထံမှန်လို့ ခြေထောက်ဖြတ်လိုက်ရတဲ့သူတစ်ဉီးကို AA အမျိုးသမီးစစ်သည် အဖြစ် လှည့်စားထားတဲ့ သတင်း

အသက်ငယ်ပိုင်းနဲ့ ခြေတစ်ဖက်ပြက်နေတဲ့အမျိုးသမီးခုတင်ပေါ်ထိုင်နေတဲ့ပုံတစ်ခုကို “AA အဖွဲ့၏ မထောက်ပံ့မှု ကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်”ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီး “Emerald Zin”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။  မမိုးမိုးနွယ်ရဲ့ မိဘအမည်နဲ့မျိုးရိုးနဲ့ နေရပ်လိပ်စာတွေကိုလည်းဖော်ပြထားပြီး အသက် (၁၆)နှစ်အရွယ်မှာ AA အမာခံများရဲ့စည်းရုံးမှုကြောင့် AA စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်ကာ စစ်တိုက်ရန် ပြန်လည် စေလွတ်ခြင်းခံခဲ့ရတယ်လို့လည်းရေးသားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ ပထမဆုံးပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါ တယ်။  ဇူလိုင် ၁၂ ရက်က bnionline ကဖော်ပြခဲ့တဲ့ “ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် မမိုးမိုးနွယ်”ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပုံကို သုံးစွဲဖော်ပြထားပါတယ်။အသက် ၁၇ နှစ်အရွယ် […]

Continue Reading