ထိုင်းနိုင်ငံချင်ရိုင်းခရိုင်က ကောက်ရိုးဘန်ဂလိုတွေကို မိတ္ထီလာကဘန်ဂလိုတွေအဖြစ် မျှဝေနေကြ

“မိတ္ထီလာရောက်ရင် ဝင်ခဲ့ပါ ရှန်တဲလေတပ်စခန်း ရဲ့ ဘေးက သရက်ခြံက ကျနော့်တို့ခြံပဲ ထန်းရေနဲ့ ဆိတ်သား ခြောက်ဖုတ် free ကြွေးမယ် ခွေးသားလည်းရတယ် အတွဲးတွေလာမယ်ဆိုရင် ဘိကောင်းတယ်နော်ဂစ်တာတီး မလား ဖဲရိုက်မလား နောက်ဆုံး fa ဖြစ်ပါစေ အားငယ်စရာမလိုဘူး…..(မှတ်ချက်-စကားလုံးအသုံးအနှုန်းကြမ်း တမ်းမှုကြောင့် ချန်လှပ်ထားခဲ့ပါသည်)မီထီလာ စီးပွားရေး တက္ကသိုလ်က ကျောင်းသား#သူများ အပြင် GTC ပါမကျန် အခြားမေဂျာပေါင်းစုံက ကျောင်းသား/သူတွေအတွက် ကျနော်တို့ ခြံလေးက လုံးဝနတ်ပြည် အိုအေ စစ်လေးပါ တစ်ချို့မန်လေးသားတွေတောင် တစ်လကိုးသီတင်း လာနေကြပါတယ်ဗျ။ ခြံအကျယ်ဝန်း ကတော့ ၁၂ဧကရှိပါတယ် အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ”ဆိုပြီး “Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဘန်ဂလိုပုံကို Google […]

Continue Reading

Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းထုတ်တွေ မလှူခဲ့ပါ

COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွား ရေးလုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ ရုံးကန်နေရချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူကို သက် ဆိုင်ရာအစိုးရတွေအပါအဝင် ငွေရကြေးတက်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လောကအတွက်ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်နေကြတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အိန္ဒိယနိုင်ငံ နယူဒေလီမြို့ကြီးမှာ တကမ္ဘာလုံးက သိတဲ့ bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း နေထိုင်သတဲ့။ သူက အရမ်းလည်းချမ်းသာတယ်ဆိုပဲ။ အခုလို covid ကာလမှာ သူက လူတွေကို ကြေငြာသတဲ့။ “သူ ဂျုံကြမ်းအထုပ်ကလေးတွေ အများကြီးထုပ်ထားတယ် လာယူကြပါဆိုပြီး ။ မြို့နေလူထုက လည်း အံဩသွားပြီး ဝေဖန်မှု့တွေမြင့်တက်လာ သတဲ့ ” ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတာလား? စေတနာမကောင်းဘူး… ပေးချင်တယ်ဆို ဂျုံအနုမှုန့်ကောင်းတာပေးပါလား ပိုက်ဆံပေးပါလား ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့… မကောင်းဘူးထင်ပြီး သွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြသတဲ့။ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူဆိုတဲ့သတင်းမှား

“၅၂သန်းသောပြည်သူများရဲ့ လက်သန်းလေးတွေ မှင်စွန်းရကျိုးနပ်ပြီ…….. အမေ ကိုယ်တိုင် PPE ဝတ်စုံနဲ့ ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူ အားပေးနေပြီ ……အမေ့နောက်မှာ ၅၂သန်းသောပြည်သူတွေ ဝိုင်းဆုတောင်း ပေးတဲ့ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်လဲ အတူလိုက်ပါပြီး ဆေးရုံတွေမှာ လိုအပ်တဲ့အရာတွေ လိုက်လံ စစ်ဆေး နေပြီ မကြာခင် ဆေးရုံနဲ့ ဆရာဝန်ကြီးတွေ လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမှာပါ”ဆိုပြီးတော့ “Zarni tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 လူနာတွေဆီသွားရောက်ခဲ့တဲ့ သတင်းမတွေ့ရှိရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ်က သီလဝါကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်လည်ပတ်တုန်း ကပုံဖြစ်တယ်ဆိုပြီးတော့လည်း မှတ်ချက်ပေးသူတစ်ချို့က ရေးသားထားပါတယ်။ Google […]

Continue Reading

ဖေ့စ်ဘွတ်မှာ Hug Reaction ရဖို့အတွက် ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေရမယ်ဆိုတဲ့ သတင်းမှား

“ရပြီ ဒီလိုမန့်တာ ဒီ react လုံးဝမရသေးတဲ့သူများအတွက် 1. ယခုစာကိုကူးယူပြီး Group 5ခု Share တင်ပေးပါ 2 . အောက်ကစာသားလေးcopy ယူပြီးမန့်မှာပြန်မန့်ယုံနဲ့ရပြီနော် 3. Page ကို Like လုပ်ပါ….။အဆင့်အားလုံး ပြီးပါကအလိုလိုရရှိလာပါမည် မရသူများအနေဖြင့် Page Massage မှ Hi ပေးပါတစ်ချို့အကောင့်များ ၂၄နာရီ ကြာနိုင်သည်”ဆိုပြီး “BKP”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာတွေ့ရပါတယ်။ ဧပြီ ၃၀ ရက်ကမျှဝေထားတဲ့ ဒီပို့စ်ကို ဖေ့စ်ဘွတ်သုံးစွဲသူ ၉၀၀၀ ကျော်က ပြန်လည်မျှဝေခဲ့ကြပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်ရေးမန်နေဂျာ Alexandru Voica က ဖေ့စ်ဘွတ်ရဲ့ ဂရုစိုက်ကြောင်း ပြတဲ့အနေနဲ့ သုံးတဲ့ဒီ ပြုံးနေတဲ့မျက်နှာနဲ့ […]

Continue Reading

ဖြူစင်မေတ္တာပရဟိလုပ်ငန်းတွေရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းမှား

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကကြေညာခဲ့ပါတယ်။ ဒီကြေညာချက်အပြီးမှာ“ကျွန်တော်တို့ “ဖြူစင်မေတ္တာ”လူမှုကူညီရေးအဖွဲ့သည် ဒေါ်စုဦးဆောင်သော စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ လက်အောက်တွင်ပါဝင်ဆောင်ရွက်မည်မဟုတ်ပါ”ဆိုပြီး “Min Naing” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဧပြီ ၂၆ ရက်က ဖေ့စ်ဘွတ်မှာ ပို့စ်တစ်ခုတင်လာပါတယ်။ Fb link Archive link ဒီပို့စ်ကိုပဲ “Nang Than Nwet” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက screenshot ရိုက်ပြီးအောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ပို့စ်နဲ့ ပတ်သက်ပြီး ဖြူစင်မေတ္တာပရဟိတအသင်း(ရန်ကုန်)ကို ဧပြီ ၂၆ ရက်က Fact Crescendo Myanmar က ဆက်သွယ်မေးမြန်းရာမှာ “Min Naing” အမည်နဲ့သူ ဖြူစင်မေတ္တာ […]

Continue Reading

ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်ဆိုတဲ့ Facebook Live ဗွီဒီယိုသတင်းမှား

“ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်”ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက ဧပြီ ၂၉ ရက်မှာ Live ဗွီဒီယိုတစ်ခုထုတ်လွှင့်ခဲ့ပါတယ်။ ၇ နာရီကျော်ကြာမြင့်တဲ ဒီဗွီဒီယိုမှာ နောက်ခံအသံတစ်ချို့ပါဝင်ပြီး ဉက္ကာခဲလို့ထင်ရတဲ့ ကောင်းကင်ပေါ်က ကျလာတဲ့ အလင်းတန်းကြီးတစ်ခုကို အနီးအဝေးသုံးပေါင်းစပ်ရိုက်ကူးထားတာတွေ့ရပါတယ်။နောက်ပိုင်းမှာ ဗွီဒီယိုအတိုအဖြစ်ပြန်လည်ဖော်ပြခဲ့ပါတယ်။ “ချစ်တက် သူ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လွှင့်တင်တဲ့ ဒီဗွီဒီယိုကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link “Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုရဲ့အပေါ်မှာ ““ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်တဲ့ အန္တရာယ်ကြီး နာဆာရဲ့ အရေးကြီးသတိပေးချက်”လို့ ဘာသာပြန်ဆိုနိုင်တဲ့ “Urgent direct from NASA… Oberseving and photographing a huge asteroid, […]

Continue Reading

၂၉ ရက်နေ့ညသန်းခေါင်ယံအချိန်မှာမုန်တိုင်း ဖြတ်သွားမည့်ဒေသများဆိုတဲ့ လှည့်စားထားတဲ့သတင်းမှား

မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်တယ်ဆိုပြီးတော့ နိုင်ငံကတာသတင်းဌာနတွေမှာ ဖော်ပြလာချိန်မှာပဲ ဧပြီ ၂၆ ရက်က aungthapyay.xyz အမည်နဲ့ဝက်ဘ်ဆိုဒ်ကရေးသားတဲ့ မုန်တိုင်းသတင်းတစ်ခုကို  “အားလုံးသိအောင် Share ပေးပါ လာမည့် ၂၉ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ ဝင်မည့် မုန်တိုင်းနဲ့ ဖြတ်သွားမည့် ဒေသများ” ဆိုပြီးတော့ “Hein Zaw” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကမျှဝေလာပါတယ်။  Fb link Archive link မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ရောက်ကြည့်ရှု့မယ်ဆိုရင် aungthapyay.xyz အမည်နဲ့ ဝက်ဘ်ဆိုဒ်က အောက်ပါတိုင်းရေးသားထားတာတွေ့ရပါတယ်။ “လာမည့် ဧပြီ ၂၉ ရက်မှာ မုန်တိုင်းဖြတ်သန်းမယ့် ဒေသများစာရင်းပါတဲ့…အားလုံး သတိထားနိုင်အောင်ဖတ်ပြီး မှတ်ထားကြပါနော်…..ဧပြီ ၂၉..ညသ န်းခေါင်ယံအချိန်တွင် စစ်တွေမြို့အောက်ဘက် မြေပုံမြို့ နှင့် ကျောက်ဖြူမြို့ ကြားလောက်မှနေ၍ကုန်းပေါ်သို့ ဝင်ရောက်နိုင်ပြီး …– မကွေးတိုင်းဒေသကြီး ကမ္မမြို့ကို […]

Continue Reading

ဖုန်းနံပါတ်သာပေး ဆန် ဆီ ကြက်သွန်တွေကို ကားနဲ့ကိုယ်တိုင်ပေးဝေမယ့် သူဌေးကြီး လင်မယားဆိုတဲ့ သတင်းတု

Covid-19 ရောဂါ ရှိမရှိ အမြန်စစ်ပေးနိုင်တဲ့ Roche Cobas 6800 Analyzer စက်လှူဒါန်းခဲ့တဲ့ AA Medical Product ကုမ္ပဏီပိုင်ရှင်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ သူတို့ရဲ့ ဒီလိုအလှူကြောင့် လူမှုကွန်ယက်မှာ နာမည် ကြီးနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ“သင့်ရဲ့ share တစ်ခုက အဆင်မပြေသူမိသားစုများအတွက်ကုသိုလ်ဖြစ်စေနိုင် ပါတယ်…မြန်မာပြည်မှာ ဘယ်နေရာမာပဲနေ နေ ဖုန်းနံပါတ်သာပေး ဆန် ဆီ ကြက်သွန်များကို ကားနဲ့ကိုယ်တိုင်ပေးဝေလှူဒါန်းမည့် သူဌေးကြီးလင်မယား….လေးစားစရာပါ…သတင်းအပြည့်အစုံ”ဆိုပြီးတော့ neomyanmar အမည်နဲ့ ဝက်ဘ် ဆိုဒ်မှာရေးသားထားတဲ့ သတင်းကို Modori Mitsuke အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “သတင်းစုံ” အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စု၊ “ရန် နိုင် သိန်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မှု့ခင်းနှင့်သတင်းစုံ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ Mandalay Daily အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာလည်း အလားတူဖော်ပြထား တာတွေ့ရပါတယ်။ […]

Continue Reading

ခရစ်ယာန်မိန်းကလေးတွေ ဆရာဒေးဗစ်လားပုံတွေကို ကိုင်ပြီးမျက်ရည်ကြီးငယ် ကျနေတာလား…မဟုတ်ပါ…အမှန်က ဒီလိုပါ

COVID-19 ရောဂါးကူးစက်ခံရအပြီးမှာ အငြင်းပွားဖွယ်ရာဟောပြောချက်တွေကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ တမုတ်ချင်းနာမည်ကြီးလာသလို သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်း အနားတစ်ခုကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့အမှုဖွင့်အရေးယူခံ ထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေပန်းစားနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အခု ဝေဘါဂီဆေးရုံရှေ့မှာ ခရစ်ယာန် မိန်းကလေးတွေ ဆရာဒေးဗစ်လား ပုံတွေကို ကိုင်ပြီးမျက်ရည်ကြီးငယ်ကျပြီး ငိုနေကြတယ် ကိုယ်တို့ယုံကြည်သူတွေလဲ စိတ်ပူလို့ စုံစမ်းကြည့်တာပေါ့ အားလုံး ပဲ ဘုရားသခင်ဆီမှာ ဆုတောင်း ပေးကြပါ ဆရာဒေးဗစ်လား အသက်ရှုရတာ အရမ်းအခက်အခဲ ဖြစ်နေပါတယ် လည်ချောင်းကို ဖောက်ပြီး အသက်ရှုပိုက် သွင်းထားရပါတယ် ခုအချိန်မှာ ဘာသာခြားတွေနဲ့ ငြင်းခုန် ရန်ဖြစ်နေ မယ့်အစား ဆရာဒေးဗစ်လား အတွက် ဆုတောင်းပေးကြရအောင်လား ယုံကြည်သူအပေါင်းတို့ God […]

Continue Reading

၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆူနာမီကို သူတို့အိမ်တွေအတွက် ဆုတောင်ပေးပါဉီးဆိုပြီး ထုတ်လွှင့်နေတဲ့ Facebook Live အကြောင်း

ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ “ဂျပန်နိုင်ငံမှာ tsunami ၊ သူတို့အိမ်ကို ဆုတောင်းပေးကြပါ ။ ဘုရားရေ!! “လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “Tsunami in Japan, pray Them Home. OMG!!”ဆိုပြီး မူရင်းအင်္ဂလိပ်လိုရေးသားပြီး မျှဝေထားတဲ့  ဂျပန်နိုင်ငံက ဆူနာမီ Facebook live ဗွီဒီယိုကို ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ “Debimlivinglifemoore”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက Facebook live ဗွီဒီယိုကို ထုတ်လွှင့်ခဲ့ရာမှာ “Moe Htet”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင္းစုံ(NEWS)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေ ထားပါတယ်။အလားတူပဲ “Aungsan Aungsan”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မျမန္မာ့ သတင္းစံု” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “Debimlivinglifemoore” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၇ နာရီခွဲကျော်ကြာမြင့်တဲ့ […]

Continue Reading