Fact Check: ရန်ကုန်မှာရှိတဲ့ အပန်းဖြေစခန်းက ဓာတ်ပုံတွေလား – မဟုတ်ပါ

ရန်ကုန်တိုင်း  သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက် မေတ္တာချောင်းက အပန်းဖြေစခန်းလို့ဆိုထားပြီး ဓာတ်ပုံ ၅ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာ နားလည်မှု လွဲစေနိုင်တာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်ပြီး ထိုင်းနိုင်ငံက အပန်းဖြေနေရာတခုရဲ့ ဓာတ်ပုံ တွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “နာမည်ကြီးနေသော ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာအထွက်က မေတ္တာချောင်း မှာ ဒီလိုမျိုးတွေရှိတာ ဘယ်သူမှသိပ်မသိကြဘူး။ နေလုံး၀မထိုး ရေကူးလို့လည်ရ တောကောင်သားတွေလည်းရ Heinekenဘီယာတစ်လုံးမှ ၂၅၀၀ ကျပ် ဖျော်ရည်မျိုးစုံလည်းရပါတယ် ။ လိပ်စာအတိအကျကတော့ သံလျင်မြို့ မေတ္တာလမ်းအဆုံး သစ္စာလမ်းအလယ်အရောက်မှာ ညာချိုးသွားရင် ဘုရားကုန်းကျေးရွာအထွက်လမ်း အတိုင်း မိနစ်20လောက်ကားမောင်းပြီးရင် ဘုရားကုန်းကျေးရွာနားမရောက်ခင်လေးမှာပါ။ လမ်းညွှန်ဆိုင်းဘုတ်ကနေ မြေနီလမ်းကလေးကို ဖြတ် လမ်းလျှောက်သွားရင်တောင် အလွန်လှပပြီးစျေးသက်သာတဲ့ စမ်းချောင်း Resort ကိုရောက်ပြီး […]

Continue Reading

Fact Check: တက်သစ်စ အဆိုတော် Anonimus နဲ့ ပတ်သက်တဲ့ သတင်းတု တွေဖြစ်တယ်  

တက်သစ်စ မြန်မာလူငယ်အဆိုတော် Anonimus ရဲ့ သီချင်းတွေဟာ ‌အင်္ဂလိပ်-အိုင်းရစ် အဆိုကျော် One Direction အဖွဲ့ကို ကျောက်တက်သွားပြီဆိုတဲ့ သတင်းတုကစလို Anonimus ကို စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွေးနေ့ပွဲမှာ ဖျော်ဖြေဖို့ သိန်း ၈၀၀ နဲ့ ဖိတ်ကြားထားတယ်အလယ်၊ အမေရိကန်ကုမ္ပဏီကြီး တွေက အဆိုတော် Anonimus ကို ကမ်းလှမ်းလာတယ်ဆိုတဲ့ သတင်းအဆုံး  သတင်းတုပို့စ်တွေ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစခရင်ရှော့ဖြစ်တယ်။   မူရင်းလင်ခ့် – Fb link | Archive link အခြားသော ရေးသားဖြန့်ဝေမှုတွကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ အောက်ကတော့ “Cele Corner […]

Continue Reading

Fact Check: အိပ်ယာဝင် အင်္ကျီ၊ လုံချည်နဲ့ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံက မဟုတ်ပါ

အမျိုးသမီးတွေဝတ်ဆင့်လေ့ရှိတဲ့ အိပ်ယာဝင် အင်္ကျီနဲ့ နိုင်ငံခြား သားတွေကို မြန်မာနိုင်ငံကဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “ကမ္ဘာပတ်နေတဲ့ လူလည်တွေ.. မြန်မာနဲ့တွေ့မှ ဂျင်းမိတော့တယ် မဆိုးပါဘူး အပွင့်လေးတွေနဲ့” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံနဲ့အတူ မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အိပ်ယာဝင်ဝတ်စုံနဲ့ အမျိုးသား ၃ ဦးဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့် ရာမှာ ဗီယက်နမ်နိုင်ငံကဖြစ်တာတွေ့ ရပါ တယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: အနုပညာရှင်တွေက iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်းမှား

မြန်မာနာမည်ကြီး အနုပညာရှင်တွေက ပဟေဠိအဖြေမှန်သူတွေကို iPhone 14 နဲ့ ဒေါ်လာ တသောင်းပေးနေ တယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ လှည့်စားထားတဲ့ သတင်းမှားသာဖြစ်တယ် အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။အလားတူ မျှဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ပရိတ်သတ်တွေအတွက် လက်ဆောင် ❤️❤️ iphone 14 pro max နှင့် $10,000 ငွေသားဆု။ [702] မှလွဲ၍ အခြားနံပါတ်တစ်ခုကို မှန်ကန်စွာ ခန့်မှန်းသူ 250 သည် $10,000 နှင့် iPhone 14 pro max ကို ရရှိမည်ဖြစ်သည်။” မူရင်းလင်ခ့် – Fb link | Archive link အလားတူ […]

Continue Reading

Fact Check: ဆရာဝန် စာရေးဆရာ ဒေါက်တာခင်သစ်နှင်း ဓာတ်ပုံတွေလား-မဟုတ်ပါ

အက်စစ်နဲ့ပက်ပြီးလုပ်ကြံခံခဲ့ရလို့  မျက်နှာ ပျက်စီးသွားခဲ့ရတဲ့ ဆရာဝန် စာရေးဆရာမ ဒေါက်တာခင်သစ်နှင်းရဲ့ အဖြစ်အပျက်အဖြစ် ဓာတ်ပုံအချို့နဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက် ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ အက်စစ်နဲ့ အပက်ခံရလို့ မျက်နှာပျက်စီးခဲ့တဲ့ အမျိုးသမီးတယောက်ဓာတ်ပုံ၊ ဒီလို ထိခိုက်ခံစားရခြင်းမရှိခင်က ဓာတ်ပုံလို့ ဆိုနိုင်တဲ့ အမျိုးသမီးတယောက် ဓာတ်ပုံ၊ စာရေးဆရာမခင်သစ်နှင်းရဲ့ စာအုပ်မိတ်ဆက် ဓာတ်ပုံတို့လည်း ပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကောင်းလွန်းလို့ပြန်တင်တာပါ ကျနော်တို့မျက်ဝန်းထဲမှာ လှပနေဆဲပါ_ဒေါက်တာ ဒီဘဝနောက်ဆုံးဖြစ်ပါစေ…။ ဘဝ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ဒေါက်တာ ခင်သစ်နှင်းဟာ ကလေးအထူးကု ဆရာဝန် ဖြစ်လုလု နှစ်လခန့် အလိုမှာ တခြား ဆရာဝန် မတယောက်က မျက်နှာကို အက်စစ်နဲ့ ပက်တာခံလိုက်ရပြီး အမြင် အာရုံ ကွယ်ပျောက် ရုံမက နဖူးရဲ့ […]

Continue Reading

Fact Check: ပဟဠိဖြေဆိုနိုင်သူတွေကို ကိုကာကိုလာက ကားသစ် ၂ စီးပေးနေတယ် ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာအတု

ပဟဠိဖြေဆိုနိုင်သူတွေကို ကားသစ် ၂ စီးပေးနေတယ်ဆိုပြီး ပို့စ်တခုမျှဝေလာတဲ့ ကိုကာကိုလာအမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နာမည်ကြီး ကိုကာကိုလာ အချိုရည်ကုမ္ပဏီအမှတ်တံဆိပ်အသုံးပြုပြီး ထင်ယောင်ထင်မှားဖြစ်ဖွယ် စာမျက်နှာတု ဖန်တီးထားခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။   “ယနေ့အထိ၊ 69 မှလွဲ၍ အခြားနံပါတ်တစ်ခုကိုမျှမတွေ့ရသေးပါ။ အနိုင်ရသူမရှိသေးပါ။ 2 Toyota Fortuner သည် လက်လှမ်းမီဆဲဖြစ်သည်။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ကိုကာကိုလာကုမ္ပဏီရဲ့ တရားဝင်စာမျက်နှာကို ဒီမှာကြည့်ပါ။ အခုလိုမျိုး ကြော်ငြာ တစုံတရာမရှိပါဘူး။ အခု ဒီစာမျက်နှာအတုကို လေ့လာကြည့်ရာမှာ ကိုကာကိုလာရဲ့ အမှတ်တံဆိပ်ကို အသုံးပြုပြီး ကိုကာကိုလာကုမ္ပဏီနဲ့ သက်ဆိုင်သယောင်အတုအပပြုလုပ်ထားတဲ့ စာမျက်နှာသာဖြစ်တယ်။ စာမျက်နှာဟာ ဩဂုတ် […]

Continue Reading

Fact Check: ကြက်ဥ၊ဘဲဥအတုပြုလုပ်တဲ့ ဗွီဒီယိုလား- မဟုတ်ပါ

ကြက်ဥ၊ဘဲဥအတုပြုလုပ်နိုင်နေပြီဖြစ်တာကြောင့် ဈေးကွက်အတွင်းမှာလည်း ပျံ့နှံ့လျှက်ရှိတယ်လို့ ဆိုတာတဲ့ ဗွီဒီယိုပို့စ်တွေ ယခုရက်ပိုင်း အွန်လိုင်းမှာပျံ့နှံ့လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကြက်ဥ အတုကို အခုလို လုပ်ကြပါတယ်” မူရင်းလင်ခ့် – Fb link  | Archive link အလားရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကြက်ဥ/ ဘဲဥအတု အမေရိကန်ဈေးကွက်ထဲ ပျံ့နှံနေ” မူရင်းလင်ခ့် – Telegram link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီဗွီဒီယိုတွေဟာ ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်များစွာ ဒီလိုပဲ ကြက်ဥအတု ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်းတခုအဖြစ် ကြိမ်ဖန်များစွာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ သို့သော်လည်း […]

Continue Reading

Fact Check: ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ် ဆိုတဲ့ သတင်းမှား

ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ်ဆိုတဲ့ပို့စ်ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ “ကင်ဆာဖြစ်ချင်ရင် ခေါက်ဆွဲခြောက်ကိုများများစား‌ နေ့တိုင်းစား။မမေ့နဲ့နော်” ဒီစာသားနဲ့အတူ စာသားဓာတ်ပုံတခုကိုလည်းမျှဝေထားရာမှာ ဒီဓာတ်ပုံစာသားမှာ “သင်သိပါသလား ခေါက်ဆွဲခြောက်တွေမှာ ဖော့ဘူးတွေမှာ သုံးတဲ့ ဖယောင်းတွေပါဝင်ပါတယ်။ ဒီဖယောင်းတွေကြောင့် ခေါက်ဆွဲခြောက်ကို ချက်လိုက်တဲ့အခါ စေးကပ်မနေတာပါ။ လူ့ခန္ဓာကိုယ်ဟာ ဖယောင်တွေကို ဆေးပစ်ဖို့ ၂ ရက်လောက် အချိန်ယူရပါတယ်။ ဒါကြောင့် ခေါက်ဆွဲခြောက် တစ်ခါ စားပြီးရင် ၂ ရက် ၃ ရက်လောက် မစားဘဲ နေသင့်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ ဖယောင်း ဓာတ်ဟာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လှူတန်းမယ်ဆိုတဲ့ သတင်းတု

လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့က လှူမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ဗွီဒီယိုဟောင်းတခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ကရယူထားခြင်း ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။”လို့ ရေးသားထားပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ နှစ်ယောက် ပြောဆိုနေတဲ့ ဗွီဒီယိုကို မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်ဆိုတဲ့ သတင်းတု

iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကပေးမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြီးခဲ့တဲ့ ၃ နှစ်က ဗွီဒီယိုဟောင်းတစ်ခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၂၀ […]

Continue Reading