Fact Check: ရန်ကုန်က Junction City မှာ Rolex နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

Rolex နာရီဝယ်ဖို့ ရန်ကုန်မြို့က Junction City မှာ လူတွေ တန်းစီစောင့်ဆိုင်းနေပုံအဖြစ် ဖေ့စ်ဘွတ်မှာ ကြော်ငြာ တခု ပျံ့နှံ့မှုနေတာတွေ့ရပါတယ်။ သတင်းတုတခုဖြစ်တယ်။ ဓာတ်ပုံဟာ စင်ကာပူနိုင်ငံက iPhone အရောင်းဆိုင် နဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုနေတဲ့ ကြော်ငြာ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လျှော့စျေး Rolex နာရီများကိုရှာဖွေရန် ရန်ကုန်မြို့ရှိ Junction City တွင် ၄ နာရီကြာ တန်းစီစောင့်ဆိုင်းရသည့် ကြောက်မက်ဖွယ်အတွေ့အကြုံ။ ယမန်နေ့က နာမည်ကြီး နာရီအမှတ်တံဆိပ် Rolex သည် Junction City တွင် စတိုးဆိုင်သစ်တစ်ခုကို ကြေငြာခဲ့ရာ Rolex Oyster Perpetual Date နာရီမော်ဒယ်၏စျေးနှုန်းကို 65% အထိ 699,000 KS မှ […]

Continue Reading

Fact Check: ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း စစ်အစိုးရကြေညာတဲ့ သတင်းတု

ကျပ် ၁၀၀၀၀ တန်ဖျက်သိမ်းကြောင်း ဩဂုတ် ၁၈ ရက်မှာ စစ်အစိုးရကြေညာလိုက်ပြီလို့ဆိုထားတဲ့ သတင်းခေါင်း စဉ်တု ဗွီဒီယိုပို့စ်တခု ဩဂုတ် ၁၉ ရက်က ယူကျု့မှာ ဖြန့်ဝေထားရာမှာ ကြည့်ရှု့မှုများပြားလျက်ရှိတယ်။  အောက်ပါစခရင်ရှော့ကတော့ ယူကျူ့ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ပြန်လည်မျှဝေနေတာကို ရယူထားခြင်းဖြစ်တယ်။ မူလယူကျူ့ ဗွီဒီယိုကို ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒီလိုရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာလည်း ဒီလို ကျပ် ၁၀၀၀၀ တန် ဖျက်သိမ်းတဲ့ အကြောင်းအရာမပါဝင်ပါဘူး။  တကယ်တော့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဩဂုတ် ၁၈ ရက်မှာ ဖော်ပြခဲ့တဲ့ “စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ […]

Continue Reading

Fact Check: လိုင်မဲ့ကားတွေကို လိုင်စင်ပေးဖို့ စစ်ကောင်စီကြေညာတဲ့ သတင်းတု

လိုင်မဲ့ကားတွေကို လိုင်စင်ပေးဖို့ စစ်ကောင်စီကြေညာတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နှစ် ၂၀ အပ်ကားဖြုတ်သိမ်းဖို့ရှိတာကြောင့် ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကား တွေကို လိုင်စင်ချထားပေးဖို့ လျာထားချက်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ စတင်အကောင် အထည်ဖော်မယ့်အစား ယခုနှစ်မကုန်ခင်အကောင်အထည်ဖော်ဖို့ဆိုပြီးတော့ ဖြန့်ဝေနေတဲ့ ရုံးစာပုံစံဓာတ်ပုံစာသားထဲမှာ ရေးသား ထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းတုအဖြစ် သိသာစေနိုင်တဲ့အချက်အလက်တွေ အခုလို စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ကြေညာချက်အဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံပို့စ်မှာ ရုံးစာတွေမှာ သုံးလေ့ရှိတဲ့ အသုံးအနှုန်း မျိုးမဟုတ်တဲ့ “ဖြုတ်သိမ်း”၊ “ရာထား”စတဲ့ အသုံးအနှုန်းအချို့ကို Fact […]

Continue Reading