Fact Check: KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်မှား

KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ KBZ PAY အကောင့်တွေ ပိတ်သိမ်းခံရမှုအကြောင်းသာပါဝင်ပါတယ်။ သတင်းခေါင်း စဉ်မှားအသုံးပြုပြီး လူတွေကိုလှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။ အောက်ပါ screenshots ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၂၁ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ ဗွီဒီယိုထဲက  Thumbnail ဓာတ်ပုံစာသားမှာလည်း “(21)ရက်နေ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ ဦးတေဇ ပြေပြီးတဲ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”စသည်ဖြင့်ပါဝင်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေက ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့  […]

Continue Reading

Fact Check: အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ မြန်မာနိုင်ငံ အဆင်းရဲဆုံးလား

အရှေ့တောင်အာရှ ၁၁ နိုင်ငံတွင် မြန်မာနိုင်ငံက အဆင်းရဲဆုံးဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပို့စ်မှာ “ကမ္ဘာ့ဘဏ်၏နောက်ဆုံးထုတ်ပြန်သော ဆင်းရဲချမ်းသာစာရင်းအရ အရှေ့ တောင် အာရှ ၁၁ နိုင်ငံတွင်  အဆင်းရဲ့ဆုံးနိုင်ငံအဖြစ် မြန်မာအဆင့် တစ်ချိတ်”လို့ ရေးသား မျှဝေနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံမှာ လူတစ်ဦးချင်း ဝင်ငွေအနည်းဆုံးနိုင်ငံဖြစ်ပေမဲ့ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာပါဝင်တဲ့ တီမောနိုင်ငံထက် ဝင်ငွေမြင့်တာတွေ့ကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။  “(၅)နှစ်တောင်မပြည့်ခင် ဒီဘဝရောက်ခဲ့ပြီ ထပ်ပြီးအားကိုးချင်သေးလား” လို့ရေးသားပြီး အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က “Ohn Myint” အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊  ဒီနေရာ နဲ့ ဒီနေရာမှာလည်း အလားတူမျှဝေထားပါတယ်။  မူရင်းလင်ခ့် […]

Continue Reading

ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံကလေးတွေဘက်က ရပ်တည်ဖို့ ပြည်ခိုင်ဖြိုး ဥက္ကဌ စာထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတု

ဗစ်တိုးရီးယားမှုဟာ လူထုကြားမှာ ရေပန်းစားပြီး ဝိုင်းရံမှုအားကောင်းခဲ့တဲ့ သက်ငယ်မုဒိန်းမှုဖြစ်ပေမဲ့ တရားခံလို့ စွပ်စွဲဖမ်းဆီးခဲ့တဲ့ ကျောင်းကားမောင်းသူ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးအပြီးမှာ နောက်ထပ် တရားခံ မရှိတော့ဘဲ အမှုဟာ လိပ်ခဲတည်းလဲနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။  ဒီအမှုမှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်စဉ်မှာ ဥပဒေအရ လျို့ဝှက်ထားရမယ့် ကလေးငယ်နဲ့ မိဘတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို ရဲတပ်ဖွဲ့အကြီးအကဲ တွေက အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီး ၃ ဉီးကို ရာထူးတိုးရပ်ဆိုင်းနဲ့ အရေးယူခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဘာကြောင့်..Victoria..လေးရဲ့ အမှု့ နဲ့ ပါတ်သက်ပြီး..ရာထူး တိုးခြင်း ရပ်ဆိုင်း ဆိုတဲ့ အပြစ်သေးသေး လေးကို ပေးရတာလဲဆိုတာ သိချင်ရင်..ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ….ဥပဒေကို ကျောသား နဲ့ ရင်သား ခွဲခြားတက်တဲ့ ပါတီကို.. ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မဲပေးရမှာလဲ”ဆိုပြီးတော့ […]

Continue Reading

လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့တယ်ဆိုတဲ့ သတင်းမှား

အနည်းဆုံး လုပ်ငန်း ၃ ခုလောက်က ကုမ္ပဏီဖျက်သိမ်းကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာကြေညာပြီးတဲ့နောက် “လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ကြောင်း ကြားလိုက်ရသည်”ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ကိုရီယားနိုင်ငံက လုပ်ငန်း ၁၀၀ ဟာ မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့လိုကြောင်းပြောကြား တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုက သတင်းကိုလည်းဖော်ပြထားတွေ့ရပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလို ဖေ့စ်ဘွတ်မှာ သတင်းပျံ့နှံ့ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးက “ဘာ​ကြောင့်မှန်းမသိ လုံဝဥသုံမမှန်တဲ့ သတင်း​ဟောင်းတစ်ပုဒ် ဒီ​နေ့ပြန်​ပေါ်လာ​တော့ ကိုရီးယားစက်ရုံ ၁၀၀ မြန်မာပြည်က​နေ ဘင်္ဂလား​​ဒေ့ကို ​ရွှေ့မယ်ဆိုတာမှန်သလားလို့ […]

Continue Reading

COVID-19 ကြောင့် ရန်ကုန်ဟာ ကမ္ဘာ့စိတ်မချရဆုံးမြို့တော်တွေထဲမှာ ဒုတိယလိုက်နေ ဆိုတဲ့ သတင်းမှား

ဧပြီ ၈ ရက်နေ့အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်တဲ့ စာရင်းမှာ covid-19 ဗိုင်းရပ်စ်ကူးစက်ခံရမှု အတည် ပြုလူနာ ၂၂ ဉီးရှိပြီး လူနာ ၃ ဉီး ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အသက် ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “Nay Myo Thu” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”၊ “သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ “ကိုရိုနာ ရောဂါကြောင့် ကမ္ဘာ့စိတ်မချရဆုံးမြို့ စာရင်းတွင် ရန်ကုန် ဒုတိယချိတ်” ဆိုပြီးတော့ ဧပြီ ၂ ရက်က မျှဝေလာတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီပိုစ့်ကို မယုံကြည်သူတွေအများအပြားရှိတာလည်း တွေ့ရပြီး ပြန်လည်မျှဝေသူတွေလည်းရှိခဲ့ပါတယ်။ အချက်အလက်စိစစ်ချက် ဒီသတင်းရေးထားတဲ့ swalsonekyan […]

Continue Reading

ခင်ဦးမြို့မ‌ေစျးက ငါးခြောက်တုလို့ ပြန်လည်မျှဝေနေတဲ့ သတင်း

ခင်ဦးမြို့မဈေးထဲက ငါးခြောက်တုလို့ သံသယရှိမှုကြောင့် တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့ ဓာတ်ပုံကို ငါးခြောက် အတုများဆိုပြီး CeleClub ကရေးသားထားပါတယ်။ သတင်းစာကိုယ်ထဲမှာတော့ တိုင်တန်းချ က်ကြောင့် ဝင်ရောက်စစ်ဆေးပြီး အတုလိုထင်ရဲ့ ငါးခြောက်တွေကို ဓာတ်ခွဲစမ်းသပ်ဖို့ ယူသွားတယ်လို့ ရေးထားပေမဲ့ ခေါင်းစဥ◌်မှာ ငါးခြောက်တုတွေတဲ့ဆိုပြီး ဓာတ်ပုံမှာရေးသားထားပါတယ်။  အချက်အလက်စိစစ်ချက် ၁။ဒီသတင်းကို စိစစ်တဲ့အခါမှာ အစိုးရတာဝန်ရှိသူတွေဟာ ခင်ဦးမြို့မ‌စျေးကို ၂၀၂၀ ဖေဖော်ဝါရီ ၂၄ ရက်က ဝင်ရောက်စစ်ဆေးခဲ့တာမှန်ပေမဲ့ ငါးခြောက်တုလို့ အတည်ပြုတာမျိုးတော့ မတွေ့ရပါဘူးလို့ Eleven Media Group ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ ၂။ မတ် ၂ ရက်နေ့ရက်စွဲနဲ့ The Voice က ဖော်ပြတဲ့သတင်းမှာလည်း ဝင်ရောက်စစ်ဆေးတာမှန်ပေမဲ့ သံသယရှိတဲ့ ငါးခြောက်နာမူနာတစ်ချို့ကို ဓာတ်ခွဲခန်းပို့ထားဆဲဖြစ်ပြီး အဖြေမထွက်သေးဘူးလို့ စစ်ဆေးရာမှာပါဝင်တဲ့ […]

Continue Reading