ဥက္ကာခဲကြီးဟာ ကမ္ဘာကို ဦးတည်ပြီးလာနေပြီး ဧပြီမှာ ဝင်တိုက်နိုင်တယ်ဆိုတဲ့ သတင်းမှား
ဝူဟန်ဗိုင်းရပ်စ်ကြောင့်သေမှာမစိုးရိမ်ပါနဲ့တော့ ကံမကောင်းရင် ဧပြီလကုန် လူသားအကုန်လုံး ဆန့်သွားနိုင်ပါတယ် ဝူဟန်ကြောင့်တော့မဟုတ်ပါဘူး၊နာဆာရဲ့ထုတ်ပြန်ချက်တစ်ခုအရ အလျား ၂ မိုင်ခွဲခန့် (၄ကီလိုမီတာ)ရှိတဲ့ ဥက္ကာခဲကြီးဟာ ကမ္ဘာကို ဦးတည်ပြီးလာနေပါပြီတဲ့ ဒီဥက္ကာခဲကြီးရဲ့ အရွယ်အစားဟာ လူသားမျိုးနွယ်ကို ပျက်သုန်းအောင် လုံလောက်တဲ့ထုထည်ပမာဏရှိတယ်လို့ လူမှုကွန်ယက်မှာ စွယ်စုံသတင်းထူးများစာမျက်နှာက မျှဝေလာပါတယ်။ ဧပြီ ၂၉ မှာ အဲ့ ကျောက်တုံးကြီးဟာ ကမ္ဘာမြေရဲ့ အနီးဆုံးကို ရောက်ရှိပြီးကမ္ဘာလေထုထဲသာ ဝင်လာခဲ့ရင် ကမ္ဘာနဲ့တိုက်မိပြီး လူသားမျိုးနွယ် အတော်များများ ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ လင့်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ ဝက်ဆိုဒ်မှာ ဒီသတင်းကို တင်ထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၁။ နာဆာရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုသတင်းဖော်ပြထားတာမတွေ့ရပါဘူး။ ၂။Google မှာဝက်ဆိုဒ်က ဓာတ်ပုံကို ရှာကြည့်မယ်ဆိုရင် သတင်းတွေအမြောက်အများတွေ့ရပါတယ်။ ဒီသတင်းအများစုမှာ ကမ္ဘာကိုဝင်တိုက်မယ်ဆိုတဲ့ အကြောင်းအရာမပါဝင်တာတွေ့ရပါတယ်။ ၃။ စွယ်စုံသတင်းထူးများမှာ […]
Continue Reading