ဆေးရုံကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားတဲ့ ဆရာဝန်က လက်ရှိ COVID-19 နဲ့ ပတ်သက်ခြင်းမရှိ

COVID-19 ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်မားရေးအဖွဲ့က မတ် ၁၁ ရက်မှာပဲ ကြေညာခဲ့ပြီး ဧပြီ ၁၇ ရက်အထိ ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ နှစ်သန်းကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၁၄၀၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ဒီအထဲမှာ လူနာတွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံနေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပြီး အများအကျိုးအတွက် သူတို့ရဲ့ ဘဝတွေကို စတေးထားကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သာမန်ထက် ပင်ပန်းပြီး သာမန်အလုပ်ချိန်ထက်ပိုမိုတဲ့ အလုပ်ဖိအားနဲ့လည်းရင်ဆိုင်နေကြရတာမို့ ကမ္ဘာတစ်လွှာမှာ သူတို့ကို လေးစားချစ်ခင်ကြ၊ အားပေးကြ၊ ချီးမွှမ်းကြပါတယ်။ ဒီလိုပဲ “Kyaw Htun” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Today News MM” စာမျက်နှာက ပို့စ်ကို “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။  “သူတို့လေး တွေအရမ်းပင်ပမ်းနေကြပြီ ဒါပေမယ့် သူတို့ […]

Continue Reading

COVID-19 ကြောင့် အီကွေဒေါနိုင်ငံ ပျက်သုဉ်းပြီဆိုတဲ့သတင်းမှား

လူဉီးရေ ၁၈ သန်းကျော်ရှိပြီး တောင်အမေရိကမှာ လူဉီးရေအထူထပ်ဆုံးနဲ့ အကျယ်အဝန်းအားဖြင့် အသေးဆုံး နိုင်ငံငယ်ဖြစ်တဲ့ အီကွေဒေါနိုင်ငံဟာ ဧပြီ ၁၆ ရက်အထိ ရောဂါဖြစ်ပွားသူ ၇၈၅၈ ဦးရှိပြီးတော့ သေဆုံးသူ ၃၈၈ ဦးရှိဖြစ်တယ်လို့ worldmeter.info ကအချက်အလက်အရ သိရပါတယ်။ လူဉီးရေအချိုးအစားနဲ့ ယှဉ်ရင် ကူးစက်မှုနှုန်းမြင့်မားတဲ့ အီကွေဒေါနိုင်ငံရဲ့အခြေအနေဟာ လူမှုကွန်ယက်မှာ စိတ်ဝင်စားစရာတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ “Covid-19 တိုက်ပွဲမှာ ပထမဆုံး အရှုံးပေးလိုက်တဲ့ နိုင်ငံ ကတော့ အီကွေဒေါ ဖြစ်ပါတယ် …။ ဒေသစံတော်ချိန် ၃ နာရီ မှာ Fail down လို့ ကြေငြာလိုက်ပါပြီ။ ပြည်သူတွေ လမ်းပေါ်မှာ အတုံးအရုံးသေ နေကြပြီး ၊ ရောဂါကူးစက်မှုကို ဘယ်လိုမှ မထိမ်းချုပ်နိုင်တော့ ပါဘူး”ဆိုပြီး ပို့စ်တစ်ခုကို […]

Continue Reading

အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းမှား

ဧပြီ ၁၃ ရက်အထိ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူဉီးရေ ၅၂၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၀၀၀၀ ကျော်ရှိလာပြီး ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရင်ဆိုင်နေရပါတယ်။ ဧပြီ ၁၃  တစ်ရက်ထဲမှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၂၈ ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို “ဟာသရပ်ကွက် (၂)” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Shwe Yote Min Mu”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “အမေရိကန် ပြည်ထောင်စုတွင် ပြည်သူများအား တမာရွက်ခြောက်များ လိုက်လံဝေငှနေတာဖြစ်ပါတယ်။ မြန်မာပြည်က ဆေးနည်း ကမ္ဘာကျော်ခဲ့ပါပြီ။မောင်လေး တမာရွက်စားပေးရတယ်ဆိုတဲ့ အသံပိုင်ရှင်အမကြီးကိုလဲ  နိုဘယ်ဆုပေးဖို့ လိုက်ရှာနေတယ်လို့ သတင်းရပါတယ်”ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။  Fb link Archive link […]

Continue Reading

ရန်ကုန်အထူးကုဆေးရုံကြီးရဲ့ ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၂၈ ယောက်ရှိပြီး အထူးကြပ်မက် ကုသဆောင်(ICU)မှာ လူနာတစ်ဉီးပဲရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သို့ပေမဲ့ ရန်ကုန် ခုတင် ၅၀၀ အထူးကု ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် ICU မှ သူနာပြုတွေ ခေါင်းရိတ်လိုက်ကြတယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ကူးနိုင်တယ်မှန်းသိပေမယ့် ဆံပင်ကိုရိတ်ပြီး ရှေ့တန်းထွက်တဲ့ သူရဲကောင်းတွေပါသနားပါတယ်.. သူတို့ဆံပင်လေးတွေကို နှမြောမှာပဲနော်..လေးစားမိပါတယ်”လို့ “KAUNG MA LAY” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့သတင်းထူး”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဒီသတင်းကို မျှဝေခဲ့ရာ နာရီပိုင်းအတွင်း လူ တစ်ထောင်နီးပါက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ “KAUNG MA LAY”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ ဒီသတင်းကိုပဲ “Win Kyaw” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “သီတဂူဆရာတော်ကြီးကို […]

Continue Reading

၁၅ မိနစ်တိုင်းရေသောက်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းမှား

COVID-19 ကိုကာကွယ်နိုင်ဖို့ ၁၅ မိနစ်တစ်ခါ ရေသောက်ဖို့အကြံပေးနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “COVID-19 ဖြစ်ပွားမှုကိုကုသနေသော ဂျပန်ဆရာဝန်များက အလွန်ထူးကဲသော အကြံပြုချက်။ လူတိုင်းသည် သင်၏ပါးစပ်နှင့်လည်ချောင်းကို စိုစွတ်စေပြိး ခြောက်သွေ့ခြင်းမရှိစေရ။ အနည်းဆုံး ၁၅ မိနစ်တိုင်းရေ အနည်းငယ်သောက်ပါ။ အဘယ်ကြောင့်?… ဗိုင်းရပ်စ်ပိုးသည် သင်၏ပါးစပ်ထဲသို့… သောက်ရေ သို့မဟုတ် အခြားသောအရည်ထဲကို ဝင်ရောက်လျှင်ပင် သင်၏အစာပြွန်နှင့် အစာအိမ်ထဲသို့၎င်းတို့ကိုဆေးကြောပါလိမ့်မည်။ တစ်ချိန်တည်းမှာ ဗိုက်ပြည့်နေတဲ့ အစာအိမ် ACID ကဗိုင်းရပ်စ်အားလုံးကိုသတ်ပစ်လိမ့်မယ်။အကယ်၍ သင်သည်ရေ အလုံအလောက် ပုံမှန်မသောက်ပါက… ဗိုင်းရပ်စ်သည်သင်၏ လေပြွန်နှင့် အဆုတ်ထဲသို့ ဝင်ရောက်နိုင်သည်။ အရမ်းအန္တရာယ်များတယ် ကျေးဇူးပြုပြီး ဒီအကြောင်းလူတိုင်းကို သတိပေး ဝေမျှပေးပါ”ဆိုပြီး ရေးသားထားပါတယ်။ Fb link Fb link Fb link Fb […]

Continue Reading

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ်အတွက် ဒေါ်လာ ၁၇၆ သန်းလှူခဲ့တယ်ဆိုတဲ့သတင်းမှား

COVID-19 ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်၊ ကုသနိုင်ဖို့အတွက် အရေးကြီးကာလဖြစ်တဲ့  သင်္ကြန်ရုံးပိတ်ရက် အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ ကြက်သွန် ပစ္စည်း ၅ မျိုး အခမဲ့ ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၆ ရက်မှာ ကြေညာခဲ့ပြီး ဧပြီ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝေပေးခဲ့တာရှိပါတယ်။  ဒီလိုအခြေအနေမျိုးမှာ “Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက သူ့ကိုသူ “ငစိုင်း”လို့ ခေါ်တဲ့ ပုဂ္ဂိုလ်က ဖေ့စ်ဘွတ်မှာ live လွှင့်ပြီး ၃၁ မိနစ်ကျော်ကြာ အခုလို အခြေခံလူတန်းစားတွေကို ရိက္ခာဝေမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ အောက်ပါစာသားတွေကတော့ Live […]

Continue Reading

ကောင်းကင်ကို မော့ကြည့်ပြီး မေမေလို့ခေါ်နေတဲ့ ကလေးရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ပါ

ကောင်းကင်ကို မော့ကြည့်ပြီး တစ်စုံတစ်ခုကို လက်ညှိုးပြပြီး မေမေလို့ တစာစာခေါ်နေတဲ့ ကလေးလေးနဲ့ အကိုဖြစ်သူလို့ ထင်ရတဲ့ လူငယ်လေးတစ်ယောက်က မခံစားနိုင်တော့ပဲ ကလေးကို ဖက်ပြီး ဗီဒီယိုဟာကမ္ဘာတစ်လွှားပျံ့နှံ့ခဲ့ပါတယ်။  မြန်မာနိုင်ငံမှာလည်း “အီတလီနိုင်ငံက ဖစ်သွားတဲ့ ကိုဗစ် 19ရောဂါကြောင့် သူ့မိဘနှစ်ရောက်စလုံး ဆုံးသွားပီး ကောင်းကင်ပေါ်မှာ သူ့အမေ သူတွေ့တယ်တဲ့”ဆိုပြီးတော့ “Narr” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ကလေးငယ်ရဲ့ မိခင်ဟာ အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့ရတာလား။ ကလေးတွေကရော အီတလီကလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အမှန်မှာ ကလေးငယ်များရဲ့ မိခင်ဟာ သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် မဟုတ်သလို အဖြစ်အပျက်ကလည်း အီတလီက အဖြစ်အပျက် မဟုတ်ပါ။ အချက်အလက်စိစစ်ချက်  ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုဆန်းစစ်တဲ့ […]

Continue Reading

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhasan Char ကျွန်းက အဆောက်အဉီးပုံတွေကို ရခိုင်မှာဆောက် ထားတဲ့ အိမ်တွေအဖြစ်ဖော်ပြနေကြတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ပြည်ပက ပြန်လာတဲ့သူတွေ အများအပြားရှိခဲ့တာကြောင့် ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်မှု လုပ်ငန်းစဉ်မှာ စောင့်ကြည့်နေရာအဖြစ်လက်ခံနိုင်ဖို့ အစိုးရအနေနဲ့ ယာယီအားဖြင့် အခက်အခဲ တစ်ချို့ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ “နိုင်ငံခြားကပြန်လာတဲ့ ကိုဗစ်၁၉ သံသယစောင့်ကြည့်လူတွေကို ဘုန်းကြီးကျောင်းမှာနေရာပေးမယ့်အစား လောလောဆယ်ရခိုင်မှာဆောက်ထားတဲ့ အိမ်မှာနေရာပေးလိုက်ရင် ပိုအဆင်ပြေမယ်။” ဆိုပြီးတော့ “Wnow White” အမည်နဲ့အကောင့်က အဆောက်အဉီးပုံအချို့ကို မျှဝေလာပါတယ်။  Fb link Archive link မျှဝေလာတဲ့ အဆောက်အဉီးရဲ့ အပေါ်မှာ ဘင်္ဂလီတွေအတွက် အထူးရှယ်ဆောက်လုပ်ပေးထားတဲ့ အိမ်တွေအဖြစ်လည်း ဖော်ပြကြပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံကိုပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  Google မှာ “Bhasan Char”ဆိုတဲ့ စကားလုံးကို ရိုက်ရှာရင်လည်း ဒီပုံတွေကို အောက်ပါအတိုင်းတွေ့ရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေ ဒီပုံကို ဖော်ပြထားတွေ ၂၀၁၇ ခုနှစ်ကတည်းကဖော်ပြထားတာတွေ့ရပါတယ်။ Dhakatribune သတင်းဌာနက […]

Continue Reading

ကောင်းကင်မှပေါ်လာသော ဗုဒ္ဓပုံတော်အဖြစ် မမျှဝေခင်မှာ မြွေနဂါးပုံအဖြစ် မျှဝေခဲ့ဘူး

လူတွေ အလုအယက်ဓာတ်ပုံရိုက်နေကြဟန်နဲ့ ကောင်းကင်မှပေါ်လာတဲ့ ဗုဒ္ဓပုံတော်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံမှုအားကောင်းခဲ့ပါတယ်။ “သီတဂူဆရာတော်ကြီးကို ကြည်ညိုကြသူများ”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ “စိုးစိုး”အမည်နဲ့အကောင့်က “KH Shop” ဆိုတဲ့ စာမျက်နှာက ပုံတစ်ပုံကို ပြန်လည်မျှဝေလာတာတွေ့ရပါတယ်။ “KH Shop”  ဆိုတဲ့ စာမျက်နှာ မှာတော့ ထိုင်းဘာသာစကား နဲ့ရေးသားထားတာဖြစ်ပြီး ဖေ့စ်ဘွတ်မှာ အလိုအလျောက် ဘာသာပြန်စနစ် အသုံးပြုပြီး ဘာသာပြန် ဆိုကြည့်မယ်ဆိုရင် “မယုံရင် မစော်ကားနဲ့. မြင်ရင်. 1 ကိုနှိပ်ပြီး. ရောဂါမရှိတဲ့. share ပေးပါ” ဆိုပြီးတော့ အဓိပ္ပာယ်ထွက်တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link ဒီလို ဗုဒ္ဓပုံတော်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်တဲ့အခါမှာ ဒီဓာတ်ပုံထဲမှာပါတဲ့ […]

Continue Reading

အွန်လိုင်းမှာရောင်းချနေတဲ့ ဗိုင်းရပ်စ်ရှောင်လည်ဆွဲက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင် ဆိုတဲ့ သတင်းမှား

လည်ပင်းမှာဆွဲထားရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး virus shut out တံဆိပ်နဲ့ လည်ဆွဲကတ်လေး တွေကို အွန်လိုင်းမှာရောင်းချနေတာတွေ့ရပါတယ်။  “ကိုယ်ခန္ဓာမှာ Virus တွေမကပ်နိုင်အောင်အသစ်တီထွင်ထုပ်လုပ်လိုက်တဲ့ Virus Shut Out လေးပါ  အခုရက်ပိုင်းမှအသစ်ထွက်ရှိလာပြီး ဂျပန်အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ပစ္စည်းလေးပါ ကလေး လူကြီးမရွေး အခုလိုအချိန်မှာ အသုံးပြုသင့် တဲ့ပစ္စည်းကောင်းလေးတစ်ခုပါ လူစည်ကားရာနေရာရုံး ကျောင်း အလုပ်တို့သွား တဲ့အခါမှာ လည်းပင်းလေးမှာဆွဲပေးထားရုံနဲ့ 3 မီတာ ပတ်လည်မှာရှိတဲ့ virus တွေကပ်မလာ နိုင်အောင် ကာကွယ်ပေးပါတယ် လည်ပင်းမှာဆွဲထားရုံမက စာရေးခုံ ကွန်ပြူတာအစရှိတဲ့ မိမိနဲ့အနီးတဝိုက်မှာ ရှိတဲ့ပစ္စည်းလေးတွေမှာလည်းချိတ်ဆွဲထားလို့ရ ပါတယ် လည်ပင်းမှာဆွဲထားရင်တော့အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်ပါတယ် ယခုလိုကူးစက်ရောဂါတွေဖြစ်ပွားနေချိမ် မနီးပတ်ဝန်းကျင်မှာရှိတဲ့ လူအချို့၏ နှာဆေးချောင်းဆိုး မှု လေထဲတွက်ပျံ့နှံ့လာသော မမြင်ရတဲ့ virus တွေကူးစက်မှုကို ဒီ […]

Continue Reading