မာဒါဂတ်စကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ပျောက်ဆေးတွေ့ပြီးဆိုတဲ့ သတင်းမှား

“ကိုရိုနာဗိုင်းရပ် ပျောက်ဆေးကို တကမ္ဘာလုံး ဖြန့်ချီတော့မယ့် နိုင်ငံ ပေါ်ထွက်လာ”ဆိုပြီးတော့ ဧပြီ ၃၀ ရက်စပြီး ဖေ့စ်ဘွတ်သုံးစွဲသူက ပြန်လည်မျှဝေနေကြတာတွေ့ ရပါတယ်။ ဖေ့စ်ဘွတ်အုပ်စုတော်များများနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ချို့မှာမျှဝေနေကြတဲ့ သတင်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ “အိန္ဒိယ သမုဒ္ဒရာ အတွင်းက ကျွန်းနိုင်ငံ မာဒါဂတ်စကာနိုင်ငံ သမ္မတ Andry Rajoelina က သူ့နိုင်ငံကနေ ထုတ်လုပ်ရောင်းချနေတဲ့ COVID ပိုးနိုင် အောဂင်းနစ် တိုင်းရင်းဆေးကို ပြည်ပနိုင်ငံတွေကို ဖြန့်ဖြူးရောင်းချ တော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။လူဦးရေ ၂၆ သန်းကျော် 26,262,313 ရှိနေတဲ့ သူ့နိုင်ငံမှာ တရုတ် နိုင်ငံ ဝူဟန် ကလာတဲ့ ကိုဗစ်-၁၉ ပိုးတွေ့ ရောဂါရှင် ၁၂၈ ဦး မှာ ပြန်ကောင်း ၈၂ ဦးနဲ့သေသူ မရှိတာဟာ […]

Continue Reading

လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့တယ်ဆိုတဲ့ သတင်းမှား

အနည်းဆုံး လုပ်ငန်း ၃ ခုလောက်က ကုမ္ပဏီဖျက်သိမ်းကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာကြေညာပြီးတဲ့နောက် “လက်ရှိမြန်မာ့ဈေးကွက်မှ လုပ်ငန်း ၁၀၀ ကျော်ဘင်္ဂလားဒေ့ရှ်သို့ ရွှေ့ကြောင်း ကြားလိုက်ရသည်”ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ကိုရီယားနိုင်ငံက လုပ်ငန်း ၁၀၀ ဟာ မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြောင်းရွှေ့လိုကြောင်းပြောကြား တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုက သတင်းကိုလည်းဖော်ပြထားတွေ့ရပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလို ဖေ့စ်ဘွတ်မှာ သတင်းပျံ့နှံ့ပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးက “ဘာ​ကြောင့်မှန်းမသိ လုံဝဥသုံမမှန်တဲ့ သတင်း​ဟောင်းတစ်ပုဒ် ဒီ​နေ့ပြန်​ပေါ်လာ​တော့ ကိုရီးယားစက်ရုံ ၁၀၀ မြန်မာပြည်က​နေ ဘင်္ဂလား​​ဒေ့ကို ​ရွှေ့မယ်ဆိုတာမှန်သလားလို့ […]

Continue Reading

ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်ဆိုတဲ့ Facebook Live ဗွီဒီယိုသတင်းမှား

“ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်ကျလာနေတယ်လို့ နာဆာရဲ့ အရေးကြီးသတိပေးချက်”ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက ဧပြီ ၂၉ ရက်မှာ Live ဗွီဒီယိုတစ်ခုထုတ်လွှင့်ခဲ့ပါတယ်။ ၇ နာရီကျော်ကြာမြင့်တဲ ဒီဗွီဒီယိုမှာ နောက်ခံအသံတစ်ချို့ပါဝင်ပြီး ဉက္ကာခဲလို့ထင်ရတဲ့ ကောင်းကင်ပေါ်က ကျလာတဲ့ အလင်းတန်းကြီးတစ်ခုကို အနီးအဝေးသုံးပေါင်းစပ်ရိုက်ကူးထားတာတွေ့ရပါတယ်။နောက်ပိုင်းမှာ ဗွီဒီယိုအတိုအဖြစ်ပြန်လည်ဖော်ပြခဲ့ပါတယ်။ “ချစ်တက် သူ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လွှင့်တင်တဲ့ ဒီဗွီဒီယိုကို မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link “Ava page” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုရဲ့အပေါ်မှာ ““ဉက္ကာခဲကြီး ကမ္ဘာမြေပေါ်တဲ့ အန္တရာယ်ကြီး နာဆာရဲ့ အရေးကြီးသတိပေးချက်”လို့ ဘာသာပြန်ဆိုနိုင်တဲ့ “Urgent direct from NASA… Oberseving and photographing a huge asteroid, […]

Continue Reading

နိုင်ငံသားဉပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲကပုံကို ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာရဲ့ နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများပုံအဖြစ်ဖော်ပြနေတဲ့ သတင်းဓာတ်ပုံအမှား

“ကိုရိုနာဗိုင်းရပ်စ်သံသယ လူနာတစ်ဦးရဲ့နာရေးမှာ ရဲတပ်ဖွဲ့နဲ့ ရွာသားတွေ အချင်းများအိန္ဒိယနိုင်ငံ ကျေးရွာလေး တစ်ရွာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါသံသယနဲ့ သေဆုံးခဲ့ရတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးရဲ့ နာရေးမှာ ဒေါသ ထွက်နေတဲ့ရွာသားတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်း CNNသတင်းကဖော်ပြခဲ့ပါတယ်။  အိန္ဒိယနိုင်ငံ ဟာယန(Haryana)ပြည်နယ်က ချန့်ဒ်ပူရာ လို့အမည်ရတဲ့ ကျေးရွာလေးမှာ တနင်္လာနေ့က ဖြစ်ပွား ခဲ့တဲ့ ဒီပြဿနာတွေ ကြောင့် ရွာသားအယောက် ၃၀ ဖမ်းဆီးခံခဲ့ရပါတယ်။ ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်း အရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးရတယ်လို့ထင်ရတဲ့ အဲဒီအမျိုးသမီးဟာ သူတို့ရွာ ကမဟုတ်လို့ နာရေး ကို ချန့်ဒ်ပူရာ ရွာသင်္ချိုင်းမှာ လာမလုပ်ဖို့ ဆန့်ကျင်ကြရာကနေ နောက်ဆုံးမှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ပေါက် တဲ့အဆင့်အထိ ရောက်ခဲ့တာဖြစ်ပါတယ်။  ခရိုင်ရဲမှူး ဂျော်ဝယ်လ်က “ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ဆေးရုံမှာသေဆုံးခဲ့သူတွေကို ဘယ်မှာမီးသင်္ဂြိုလ်ရမလဲ […]

Continue Reading

မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောကြားဆိုတဲ့ သတင်းတု

“မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန် ယက်မှာ ပျံ့နှံ့ပါတယ်။ “မင်း ကြီး ကြိုက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “ပဲခူးမြို့ကသတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ဧပြီ ၂၆ ရက်ကမျှဝေထားပါတယ်။ Fb link Archive link အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာလည်း မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ “Zarni Tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်းဘန်ကောက်ပို့စ်မှာပါတဲ့ Mr.Kushima Asharay ၏ 3 Days to Myanmar ကိုဆီလျှော်အောင်ဘာသာပြန်ဆိုသည်ဆိုပြီးတော့ အလားတူပို့စ်တစ်ခုကို မျှဝေထားတာတွေ့ရ ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး Google မှာ ““မြန်မာ ကို ၃ ရက်ထဲနဲ့ အပြီးသိမ်းနိုင်ကြောင်း ထိုင် ဝန်ကြီးချုပ်ပြောကြာ”ဆိုပြီး အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာ […]

Continue Reading

ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကလုပ်တာလို့ နိုဗယ်ဆုရ ဂျပန်ဇီဝကမ္မ ဗေဒပါမောက္ခ Tasuku Honjoကပြောတယ်ဆိုတဲ့ သတင်းတု

ဂျပန်ဇီဝကမ္မဗေဒသို့မဟုတ်ဆေးပညာပါမောက္ခဒေါက်တာ Tasuku Honjo ဟာကိုရိုနာဗိုင်းရပ်စ်က “သဘာဝ မဟုတ်သောအရာ”လို့ ယနေ့မီဒီယာများရှေ့တွင်ဖွင့်ဟခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူ တွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။အောက်ပါစာသားတွေကတော့ လူမှုကွန်ယက်သုံးစွဲသူတွေမျှဝေထားတဲ့ ပို့စ်ထဲက ကောက်နှုတ်ထား တဲ့စားသားအချို့ဖြစ်ပါတယ်။ “အကယ်၍သာ ၎င်းသည်သဘာဝအတိုင်းဖြစ်ပေါ်လာသည်ဆိုပါက ကမ္ဘာတစ်ခုလုံးကိုဆိုးဆိုးရွားရွားထိခိုက်လိမ့် မည်မဟုတ်ပါ။ဘာကြောင့်လဲဆိုတော့ နိုင်ငံများတွင် အပူချိန်များသည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပါသည်။  အကယ်၍သာ ၎င်းဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံနှင့်အပူချိန်တူသော နိုင်ငံများ ကိုသာ ထိခိုက်ပေလိမ့်မည်။  ၎င်းအစား ဆွစ်ဇာလန်နိုင်ငံကဲ့သို့သော နိုင်ငံတစ်နိုင်ငံတွင်ပျံ့နှံ့နေသည်၊ သဲကန္တာရ ဒေသများတွင်ပျံ့နှံ့နေသည်။  ၎င်းသည်သဘာဝအလျှောက်ဖြစ်ပေါ်ခဲ့လျှင် ၎င်းသည်အအေးခန်းများ တွင်ပျံ့နှံ့သွား သော်လည်းပူသောနေရာများတွင်သေဆုံးသွားပေမည်။ကျွန်တော်သည်နှစ်ပေါင်း 40ကြာသည့်တိုင်အောင် တိရိစ္ဆာန်များနှင့်ဗိုင်းရပ်စ်များအပေါ်သုတေသနပြုခဲ့ပြီးပါပြီ။  ဒါဟာ သဘာဝမဟုတ်ပါဘူး။  ၎င်းဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှထုတ်လုပ်ထားပြီး လူများဖန်တီးလိုက်သောဗိုင်းရပ်စ်အတုသာလျှင် ဖြစ်ပါသည်။ ကျွန်တော်သည် တရုတ်နိုင်ငံရှိ Wuhan ဓာတ်ခွဲခန်းတွင် ၄ နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပါသည်။”  […]

Continue Reading

နီပေါပြည်တွင်းစစ်တုန်းက ဗွီဒီယိုကို တပ်မတော်နှင့် AA တိုက်ပွဲမြင်ကွင်းလို့ဖော်ပြနေတဲ့ ဗွီဒီယိုသတင်းမှား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာနဲ့တဝှမ်းမှာ စိတ်မချမ်းမြေ့ဖွယ်ရာနေ့စဉ်တွေ့မြင်နေရချိန်မှာ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးဖို့ နှာခေါင်းတို့ဖက်နဲ့ အာခေါင်တို့ဖက် နမူနာသယ်လာတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကားတစ်စီးကို ဧပြီ ၂၀ ရက်က လက်နက်နဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “တပ်မတော်နှင့် AA တိုက်ပွဲမြင်ကွင်း AA ဖက်က ဘယ်သူတွေပါတယ်ဆိုတာ ဆုံးအောင် ကြည့်စေချင်တယ်” ဆိုပြီး “ရဲရင့်ထက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက တိုက်ပွဲဖြစ်ပွားမှုကို နောက်ခံပြုထားတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို မျှဝေလာပါတယ်။ Fb link Archive link “ပြည်သူတွေ အေးချမ်းဖို့ ..သည် အကြမ်းဖက်တွေကို တပ်မတော်သမနေရအုံးမည်ပေါ့….ဘာတွေလဲ သိကြပါရဲ့ လားရခိုင်လူမျိုးတွေ…”ဆိုပြီးတော့ Thein Naing Win အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို နီပေါပြည်တွင်းစစ်တုန်းကဗွီဒီယိုပါဆိုပြီး […]

Continue Reading

ထိုင်းမှာ COVID-19 နောက်ဆက်တွဲပြဿနာကြောင့် လင်မယားနှစ်ယောက်ကြိုးဆွဲချ သေခဲ့တာလား… အမှန်က ဒီလိုပါ

ကမ္ဘာတစ်လွှားမှာကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခြင်းနဲ့ မဖြစ်မနေလုပ်ငန်းဆောင်တာတွေကလွဲလို့ လူစုလူဝေးရှောင်ကြဉ်ဖို့ ဆောင်ရွက်နေရခြင်းမှာ စီးပွားရေးထိခိုက်မှုတွေက အနည်းနဲ့အများဆိုသလိုရှိကြတာ မလွဲမသွေကိစ္စပဲဖြစ်ပါတယ်။ ဒီ COVID-19 ကူးစက်မှုပျံ့နှံမှုကြောင့်ထိခိုက်ခဲ့တဲ့နိုင်ငံတွေထဲမှာလည်း ထိုင်းနိုင်ငံ ဟာလည်း အပါအဝင်ဖြစ်ပါတယ်။ ဧပြီ ၂၄ ရက်အထိ ထိုင်းနိုင်ငံမှာ ပိုးတွေ့ အတည်ပြုလူနာ ၂၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၀ ဉီး၊ ပြန်လည်ကောင်းမွန်လာသူ ၂၄၉၀ ဉီးရှိတယ်လို့ worldmeters.info ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ခမ်းဟေမန်” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ထိုင်းမှာ ကိုဗစ်-19 နောက်ဆက် တွဲပြဿနာကြောင့် နေ့စဉ် ရေထဲခုန်ချ အသေခံတာတို့၊ ဆွဲကြိုးချအသေခံတာတို့ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ ထို့ကြောင့် အဆင်မပြေတာလေးရှိနေရင် သီးခံအောင့်အင်းပြီးနေကြပါ ရှိတာလေးနဲ့ လောက်အောင်စား ရတာလေးနဲ့ ကျေနပ်ကြပါလို့ ပြောချင်ပါတယ်။”ဆိုပြီး ဓာတ်ပုံတစ်ချို့နဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်း မျှဝေလာပါတယ်။ […]

Continue Reading

အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်လိုက်သတဲ့လား.. အမှန်က ဒီလိုပါ

ဧပြီ ၁၇ ရက်က ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့အိပ်နေတဲ့ အသက်ကြီးရွယ်အိုဖြစ်ဟန်တူသူ တစ်ယောက်ကို လူငယ်တစ်ယောက်က ထုတ်နဲ့ အားရပါးရရိုက်သတ်နေတဲ့ CCTV မှတ်တမ်းဗွီဒီယိုတစ်ခု အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။  ဒီဗွီဒီယိုကို “محمد اسامه“အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “အိပ်ယာထဲလှဲနေတဲ့ အဖိုးအား ဝန်ထုပ်ဝန်ပိုး ဖြစ်လို့ ရိုက်သတ်တာတဲ့”ဆိုပြီးတော့ မျှဝေခဲ့ရာမှာ အခြားဖေ့စ်ဘွတ်သုံးစွဲသူ တစ်သောင်းခွဲနီးပါက ဒီပို့စ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။ Fb link Archive link အလားတူပဲ “Channel Pyay”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာနဲ့ “San San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာဝတ်စုံအလှအပများစုစည်းရာ”ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဗွီဒီယိုကို InVID ဆိုတဲ့ ဗွီဒီယိုအချက်အလက်ဆန်းစစ်နိုင်တဲ့ ဆော့ဖ်ဝဲနဲ့ […]

Continue Reading

၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆူနာမီကို သူတို့အိမ်တွေအတွက် ဆုတောင်ပေးပါဉီးဆိုပြီး ထုတ်လွှင့်နေတဲ့ Facebook Live အကြောင်း

ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ “ဂျပန်နိုင်ငံမှာ tsunami ၊ သူတို့အိမ်ကို ဆုတောင်းပေးကြပါ ။ ဘုရားရေ!! “လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “Tsunami in Japan, pray Them Home. OMG!!”ဆိုပြီး မူရင်းအင်္ဂလိပ်လိုရေးသားပြီး မျှဝေထားတဲ့  ဂျပန်နိုင်ငံက ဆူနာမီ Facebook live ဗွီဒီယိုကို ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ “Debimlivinglifemoore”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက Facebook live ဗွီဒီယိုကို ထုတ်လွှင့်ခဲ့ရာမှာ “Moe Htet”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင္းစုံ(NEWS)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေ ထားပါတယ်။အလားတူပဲ “Aungsan Aungsan”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မျမန္မာ့ သတင္းစံု” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “Debimlivinglifemoore” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၇ နာရီခွဲကျော်ကြာမြင့်တဲ့ […]

Continue Reading