Fact Check: အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ NLD ကို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ သတင်းတု
အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို စစ်ခေါင်းဆောင် ဖိတ်ခေါ်လိုက်တယ်ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုတခုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ “စစ်ခေါင်းဆောင် လေသံပြောင်းပြီ NLDကို ရွေးကောက်ပွဲပြိုင်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆက် သွယ်ဖိတ်ခေါ် အာဏာခွဲ့ဝေဖို့ပြောနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]
Continue Reading