Fact Check: ၁၀ ရက်အတွင်းစစ်ကောင်စီပြုတ်မယ်လို့ ညီနောင် ၃ ဖွဲ့ပြောနဲ့ နေပြည်တော်ကို မတိုက်ဖို့ စစ်ခေါင်းဆောင်တောင်းပန်တဲ့ သတင်းတု

၁၀ ရက်အတွင်း စစ်ကောင်စီပြုတ်ကျနိုင်တယ်လို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ပြောကြားမှုနဲ့ နေပြည်တော်ကို မတိုက်ဖို့ မြောက်ပိုင်းအဖွဲ့တွေကို စစ်ခေါင်းဆောင်က တောင်းပန်လိုက်တယ်ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်တယ်။  “စစ်တပ် ၁၀ ရက် အတွင်း ပြုတ်တော့မယ်ဟု ညီနောင်၃ဖွဲ့  ဒဲ့ပြောလို့ လန့်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link ထို့အပြင် ညီနောင် ၃ ဖွဲ့ကြောင့် စစ်ရှုံးရတာလို့ စစ်ခေါင်းဆောင်ကဝန်ခံလိုက်ပြီး နေပြည်တော်ကို မတိုက်ဖို့ အသနားခံလိုက်တယ်ဆိုပြီးတော့လည်း Mandalay Khit Thit အမည်နဲ့ အခြားသော ယူကျူ့ချန်နယ်တခု ကရေးသားဖြန့်ဝေထားပါသေးတယ်။ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သေဆုံးမှု သတင်းတု

အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင် သေပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာ သထုံက စိုးဝင်းအမည်နဲ့ ပျူစောထီးခေါင်းဆောင် တယောက် သေဆုံးမှုသတင်းကို ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။  “29ရက် မနက် 12နာရီ စိုးဝင်းသေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  Fact Crescendo Myanmar က ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: သရုပ်ဆောင်တွေရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြောကြားချက် တွေလား- မဟုတ်ပါ

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီး ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ထောက်ခံပြောကြား ချက်၊ ကန့်ကွက်ချက်တွေအဖြစ် ဗွီဒီယိုတွေယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းသာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတိုင်း၊ အသက် ၁၈ နှစ်ကနေ ၂၇ ကြား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြန်ကြေညာခဲ့အပြီးမှာ သတင်းတုသတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေလာ နေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိတယ်။ ဗွီဒီယိုခေါင်းစဉ်မှာ “မြင့်မြတ်လည်း ဒဲ့ပြောပြီလေ”လို့ ရေးသားလျှက် ဗွီဒီယိုထဲက ရုပ်ကတ်ထဲမှာတော့“မဖြစ်မနေ စစ်မှု့ထမ်းရမယ့် […]

Continue Reading

Fact Check: စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး သတင်းတုသတင်းမှားများ ဖြန့်ဝေလာ

ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီက လူတိုင်းစစ်မှုထမ်းရမယ်လို့ဆိုထားတဲ့ စစ်မှုထမ်းဥပဒေကို‌ ကြေညာလာ တာကို အကြောင်းပြုပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေလာတာတွေ့ရပါတယ်။   စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းလိုက်တယ်ဆိုတာအပါအဝင် စစ်မှုမထမ်းဘဲ ပြည်ပပြေးရင် ပစ်သတ်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားတယ်၊ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရန်ကုန်မှာ လူမိုက်တွေက ဓားနဲ့လိုက်ခုတ်တယ်စသည်ဖြင့် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်မှုမထမ်းမနေရအမိန့်စာထုတ်ပြီးပြီးချင်း ရန်ကုန်နဲ့မန္တလေးမှာ လူငယ်တွေကို ဖမ်းဆီးနေ ပြည်ပပြေးရင် ပစ်သတ်ရန်အမိန့်ထုတ်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီတခုမှာတော့ “စစ်မှုထမ်းရန် လူငယ်တွေလိုက်ဖမ်းနေချိန် ရန်ကုန်လူမိုက်များကစစ်ခွေးတွေကို […]

Continue Reading

Fact Check: အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ် မအောင်မမြင်ဖြစ်ခဲ့ပြီး ပုံဟောင်းတွေကို မီဒီယာတွေက ပြန်သုံးခဲ့ရဆိုတဲ့ သတင်းမှားပျံ့နှံ့

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာ လူထုပါဝင်မှုနည်းတာကြောင့် မီဒီယာတွေအနေနဲ့ ဓာတ်ပုံဟောင်း တွေပဲ ပြန်လည်ဖော်ပြခဲ့ကြရတယ်လို့ RFA Burmese သတင်းမှာဖော်ပြခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်အကောင့်တွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတခု သာဖြစ်တယ်။  ၃ နှစ်ပြည့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ခြင်းအားဖြင့် ဆန္ဒပြကြဖို့ ‌တော်လှန်ရေးအင်အားစုတွေဘက်က ‌ဆော်ဩခဲ့ကြပြီး လူထုပါဝင်မှုရှိတာကို ပြသတဲ့အနေနဲ့ အသွားအလာကင်းမဲ့နေတဲ့ လမ်းမတွေပုံကို‌ ဖော်ပြကြပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေကတော့ မြို့ပြကြီးတွေမှာ ပုံမှန်အတိုင်း စည်ကားနေပုံဆိုပြီး ဓာတ်ပုံတွေကို တန်ပြန်အနေနဲ့ […]

Continue Reading

Fact Check: တောင်ကြီးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဖို့ကြေညာသလား-မဟုတ်ပါ

တောင်ကြီးမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဖို့ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား ဖြန့်ဝေမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၂၅ ရက်ကစတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းခွဲဝန်းကျင်ရှိတယ်။ “တောင်ကြီးမြို့ကို သိမ်းဖို့ ရုတ်တရက် ကြေငြာလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ တရုတ်တောင် လာကယ်လို့ မရတော့ဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ အယ်ဒီတာအာဘော် တခုကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။  ရှမ်းတောင်မှာ အခြေစိုက်တဲ့ PNLA ကို လက်နက်သယ်ယူ လာတဲ့အကြောင်းပြချက်နဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် တမိသားစုလုံးကို PDF က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တအိမ်သားလုံး PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြဝတီသတင်းက ကြေညာလိုက်တယ်လို့ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ “မြဝတီသတင်းကအရေးပေါ်ကြေငြာပြီ ညကမအလတစ်အိမ်သားလုံးPDF တွေဖမ်းသွားပြီ ည၁၂နာရီတိတိ လက်မလွှတ်တမ်းသတင်းနားထောင်ကြည့်ပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဗွီဒီယိုကို ဝင်ကြည့်ရာမှာတော့ ဗွီဒီယိုထဲမှာ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တခုလုံး  မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (MNDAA)ထံ လက်နက်ချခဲ့တဲ့အကြောင်းကို ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြန်လည်သုံးသပ်ပြောဆိုနေတဲ့ ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အာဏာသိမ်း စစ်တပ်က မြောက်ပိုင်းမှာ မရှု့မလှရှုံးနိမ့်မှု၊ စစ်တပ်ကို စွန့်ခွာလာတဲ့ အရာရှိစစ်သည်တွေများပြားလာမှုနဲ့ ခွင့်မဲ့ပျက်ကွက် […]

Continue Reading

Fact Check: အမေရိကန်ဆီက စစ်ရေးအကူအညီရကြောင်း NUG ပြောတဲ့ သတင်းမှား

အမေရိကန်ဆီက စစ်ရေးအကူအညီတွေရရှိပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်း စဉ်တုနဲ့ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။  “အမေရိကန်က‌ပေးတဲ့ စစ်‌ရေး အကူအညီ ‌ရောက်ပြမို့ ပြင်ဦးလွင်၊ မန္တလေးနှင့်နေပြည်တော်ကို သိမ်းတော့မယ်ဟု NUG သမ္မတ ကြေငြာမှုကြီး” မူရင်းလင်ခ့် – Youtube link | Archive link ဇန်နဝါရီ ၁၃ ရက်က ဒီချန်နယ်မှာပဲ နောက်ထပ် အလားတူဖြန့်ဝေထားတဲ့ ဗွီဒီယိုတခုမှာတော့ “US ပေးတဲ့ တိုက်လေယဉ်တွေ ရှေ့တန်းကို ပို့တော့မည်ဟု Dr.sasa ကမ္ဘာသိကြေငြာ”စသည်ဖြင့်လည်းဖော်ပြထားတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ […]

Continue Reading

Fact Check: ဒုကာချုပ်စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်မှု သတင်းတု

ဇန်နဝါရီ ၁၁ ရက်နေ့မှာ စစ်အာဏာသိမ်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး စိုးဝင်းနဲ့ အရာရှိ ၂၅ ဦးနုတ်ထွက်ကုန်ပြီလို့ထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇန်နဝါရီ ၁၁ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီဟာ လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရရှိထားတယ်။ “(၁၁)ရက်နေ့ အရေးပေါ်သတင်း အချင်းချင်းကိုကုန်ပြီဟေ့ ဒုကာချုပ်စိုးဝင်းနဲ့အရာရှိ(၂၅)ဦးနုတ်ထွက်ကုန်ပြီ ဆူပူထကြွကုန်ပြီဗျို့/စစ်အုပ်စု နှစ်ခြမ်းကွဲပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Burmese News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ […]

Continue Reading

Fact Check: ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီ ဆိုတဲ့ သတင်းတု

ပြင်ဦးလွင်နဲ့ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ လက်နက်ချလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှု့မှု အကြိမ်ပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “ဇန်နဝါရီလ(၁)ရက်နေ့ သတင်းထူး!! ပြင်ဦးလွင်နဲ့လားရှို့းမှာ လက်နက်ချလိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေနေတဲ့ Latest News အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့ကဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တုတပ် သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ “ပြင်ဦးလွင်နဲ့ လားရှိုးမှာ လက်နက်ချလိုက်ပြီ”လို့ရေးသားပြီး ဗွီဒီယိုကို ဖြန့်ချိထားပေမယ့် တကယ်တမ်း ဗွီဒီယိုပါ […]

Continue Reading