Fact Check: အာဆီယံအထူးသံတမန်နဲ့ တွေ့အပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းတု
အာဆီယံအထူးသံတမန် နေပြည်တော်လာအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီးတော့ ယူကျူ့မှာ ပြောဆိုမျှဝေနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “အာဆီယံအထူးသံနဲ့တွေ့ဆုံဆွေးနွေးပြီး ဒေါ်စု ကိုဒီနေ့ပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီလို့ မအလ ဒဲ့ကြေညာပြီ” Original link | Archive link ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ လွတ်လာပြီဆိုပြီး ဒီချန်နယ်ကပဲ ထပ်မံ ဖြန့်ချိထားသေးတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် “Local Celegram”ဟာ မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ် ပြန်လည်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားပြောဆိုတာတွေလည်း ပြုလုပ်ပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ […]
Continue Reading
