Fact Check: စစ်ခေါင်းဆောင်သား အသတ်ခံရတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်း‌‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည့်စုံ အောက်တိုဘာ ၂၈ ရက်မှာ အသတ်ခံလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “မအလ အချစ်ဆုံးသား ယနေ့(၂၈)နေ့မှာ အသတ်ခံလိုက်ရပြီ သူ့သားအလောင်းကို နေ ပြည်တော် ပြန်ပို့ပီ “စသည်ဖြင့် ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး […]

Continue Reading

Fact Check: စစ်တိုက်လေယာဉ် ၂ စီးတိုက်မိလို့ ၃၆ ဦးသေဆုံးဆိုတဲ့ သတင်းတု

စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု  ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပျက်ကျ(၃၆)ဦးသေဆုံး စစ်တိုက်လေယာဉ်(၂)စီး အချင်းချင်း တိုက်မိလို့ ၂ စီးလုံး ပျက်ကျပြီး ၃၆ ဦးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်တိုက်လေယာဉ် ၂ စီး အချင်းချင်းတိုက်မိလို့ ၂ စီးလုံးပျက်ကျပြီး ၃၆ ဦးသေဆုံးခဲ့တယ်ဆိုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် သို့မဟုတ် သတင်းခေါင်းစဉ်လွဲတပ်ကာ […]

Continue Reading

Fact Check: ခြံအမှတ် ၅၄ လေလံတင်ရောင်းချအပြီး ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းတု

ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး ‌ဒေါ်အောင်ဆန်းစုကြည် သေပြီလို့ စစ်ကောင်စီက ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကြရတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အကိုဖြစ်သူက ရောင်းချလိုနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး အမေစု အသက်မရှိတော့ဘူးဟု ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီချန်နယ်က အလားတူတဲ့ရေးသားမျှဝေမှုမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ လေဖြတ်သေပြီလို့ စစ်တပ်ပြန်ကြားရေးက ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုထားပါတယ်။  ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် “Local Celegram”ယူကျူ့ချန်နယ်ကတော့ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကို အကြမ်းဖက်အဖြစ် ကုလကြေညာပြီး ၄၈ နာရီ အတွင်း အရေးယူမယ့် သတင်းတု

မြန်မာအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကုလသမဂ္ဂက ကြေညာလိုက်ပြီး ၄၈ နာရီအတွင်း အရေးယူမယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။  “အကြမ်းဖက်စစ်အုပ်စု နိဂုံးချုပ်ပြီ ကုလရဲ့လုပ်ကိုင်ခွင့် ထုတ်သုံးနေပြီ ၊ အကြမ်းဖက်အစိုးရအဖြစ် ကြေညာပြီး (၄၈) နာရီအတွင် အ‌ရေးယူဖမ်းဆီးမည်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို အခုလို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်”သတင်းဌာနကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပြီး ဒီသတင်းဌာနအပါအဝင် တခြားသတင်းဌာနတချို့က […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းသေဆုံးမှု သတင်းတု

ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေသာဖြစ်တယ်။ ဒု-စစ်ခေါင်း‌ဆောင်ဟာ မုံရွာ စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပေမဲ့ ထိခိုက်မှုရှိမရှိ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဒုတပ်ချုပ် စိုးဝင်း အသတ်ခံရတာ MRTV ကိုယ်တိုင် အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေမှာ ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းလိုက်ပါလာတဲ့ စစ်ယာဉ် မိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးတယ်၊ PDF တွေ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးတယ်စသဖြင့်ဖော်ပြပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။  အချက်အလက်စိစစ်ချက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်ရှိလာတဲ့ ဒုတိယစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်မှု တိုက်ခိုက်ခဲ့တဲ့ […]

Continue Reading

Fact Check: မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို ၄ ဦးကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု

မလေးရှားအပါအဝင် ၂၅ နိုင်ငံက မြန်မာစစ်ခေါင်းဆောင် ၄ ဦးကို ဖမ်းဝရမ်းထုတ်တယ်လို့ ရေးသား ပြီး ဗွီဒီယိုတခု Khit Thit Channel အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖော်ပြထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “မလေးရှားဝန်ကြီးချုပ်အပါအဝင် (၂၅)နိုင်ငံမှ  စစ်ခေါင်း‌ဆောင် (၄)ဦးကို ၂၄ နာရီအတွင်း ဖမ်းဝရမ်း ထုတ်ပြီ စစ်ခေါင်းဆောင်တွေ လမ်းဆုံးပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းအကြောင်း […]

Continue Reading

Fact Check: ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်/ကျဉ်းတွေကို လွှတ်ပေးဆိုတဲ့ သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သေဆုံး ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၃၀၀ ကျော်ကို စစ်ခေါင်းဆောင်က လွှတ်ပေး လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တွေမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဒီလို ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကိုကြည့်ပါ။ အလားတူတဲ့ပြောဆိုမှုတွေပါဝင်တဲ့ ဖြန့်ဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ “သူ့ကြောင့် Dr.ဇော်မြင့်မောင် သေခဲ့ရလို့  ပြည်သူတွေ စိတ်နှလုံးအေးချမ်းဖို့ အမေစုနဲ့အတူ နိုင်ကျဉ်း (၇၃၀၀)ဦးလွတ်ငြိမ်းခွင့်ပေးပြီဟု မအလကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရှိပါဘူး။ ဗွီဒီယိုကို […]

Continue Reading

Fact Check: စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ပြောတဲ့ သတင်းတု

စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုတွေ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်က ဆက်တိုက်ဖြန့်ဝေနေတာဟာ သတင်းတုတွေ သာဖြစ်တယ်။  ဒီယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ယနေ့ အာဆီယံအစည်းအဝေးပွဲမှာ ထူးပြီဟေ့ အာဏာပြန်လွဲတော့မည်ဟု ကြေညာ ကမ္ဘာ့နိုင်ငံအားလုံး အံ့ဩထိတ်လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့နိုင်တယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲ ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: စစ်ကောင်စီလေယာဉ် SU 30 ၅ စီး ပစ်ချခံတဲ့ သတင်းတု

စစ်ကောင်စီ SU 30 တိုက်လေယာဉ် ၅ စီးပစ်ချခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြစ်ဝေနေခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်အစမှာပြသတဲ့ ရုပ်ကတ်ပါ စာသား ကောက်နုတ်ချက်ဖြစ်တယ်။  “တိုက်လေယာဉ် ၅စီး ပစ်ချ ပြည်သူနဲ့စစ်ရှောင်စခန်းတွေကိုဗုံးကျဲနေတဲ့ စစ်ကောင်စီလေယာဉ် SU 30 ၅စီး ယနေ့ပစ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ ဒီရက်ပိုင်းထဲမှာ သတင်းမီဒီယာတွေက စစ်ကောင်စီ တိုက်လေယာဉ်‌တွေ ပစ်ချခံရတဲ့အကြောင်း ဖော်ပြချက်မတွေ့ရပါဘူး။ Also read – […]

Continue Reading

Fact Check: စစ်မှုထမ်းကိစ္စ ပြေတီဦးထောက်ခံတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုထမ်းရမယ့်ကိစ္စကို ကျေနယ်မိတယ်လို့ သရုပ်ဆောင်ပြေတီဦးက ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ပါတယ်။  “နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါပဲ ကောင်းပါတယ် ကျေနပ်မိပါတယ် ဆိုတဲ့ ပြေတီဦး #celebrity #ပြေတီဦး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ စစ်မှုထမ်းကိစ္စ ပြေတီဦးက အခုလိုပြောတယ်ဆိုတဲ့ အထောက်အထား အခြား ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုလို ရေးသားဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ အညှီအ‌ဟောက်တွေနဲ့ လူတွေကို စိတ်ခံစားမှုမြင့်စေတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေတဲ့ စာမျက်နှာတခုဖြစ်တာတွေ့ရပါတယ်။  မြန်မာနိင်ငံက သရုပ်ဆောင်တွေ သေပြီ၊ အဖမ်းခံရပြီစတဲ့ […]

Continue Reading