Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်မယ်၊ အာဏာပြန်လွှဲမယ်ဆိုတဲ့ သတင်းတု
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နုတ်ထွက်မယ်လို့ ကြေညာလိုက်၊ အာဏာပြန်လွဲလိုက် ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ တကယ်တော့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ “Local celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။NLD ကို လွှတ်တော်ခေါ်ခွင့်ပေးလိုက်ပြီ၊ ၃၈ နာရီအတွင်း အာဏာပြန်လွှဲမယ်၊ ဒေါ်သက်သက်ခိုင်ကို သမ္မတအဖြစ်ခန့်အပ်ပြီး မင်းအောင်လှိုင် နုတ်တွက်တော့မယ်ဆိုတဲ အလားတူဖြန့်ဝေမှုတွေကို ့ ဒီနေရာနဲ့ ဒီနေရာမှာ ဒီချန်နယ်က ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေ(MOI, […]
Continue Reading