Fact Check: လွှတ်ပေးဖို့ AA ရာဇသံပေးပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီးနောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “UNထက် အစွမ်းထက်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဒေါ်စုကိုလွှတ်ပေးပါက ရခိုင်တိုက်ပွဲရပ်ပေးမယ်လိုပြောပြီး (၆)နာရီအကြာ ဒေါ်စုကို စစ်တပ်ကလွှတ်ပေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ […]

Continue Reading

Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု

၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီး လွှတ်မပေးပါက ဖမ်းထားတဲ့ စစ်သုံပန်းတွေကို အကုန်လည်လှီးသတ်မယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၆ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “(၃)ရက်အတွင်း အမေစုကို ပြန်မလွှတ်ပေးပါက  ဖမ်းထားတဲ့ တိုင်းမှူးနဲ့စစ်ခွေး(၂၀၀၀)ကျော် အကုန်လည်လှီးသတ်ပစ်မည်ဟု AA ဒဲ့ပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့ မန္တလေးဝန်ကြီးချုပ် မိသားစုလိုက် လမ်းပေါ်မှာ အသတ်ခံရဆိုတဲ့ သတင်းတု 

ရန်ကုန်ဝန်ကြီးချုပ်နဲ့ မန္တလေးဝန်ကြီးချုပ် မိသားစုလိုက် လမ်းပေါ်မှာ အသတ်ခံရဆိုထားတဲ့ ဗွီဒီယိုပို့စ်တွေ ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဒီဇင်ဘာ –ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “ည (၇)နာရီ အ‌‌ရေးပေါ်သတင်းထူးကြီး ကားလမ်းမပေါ် ရန်ကုန်ဝန်ကြီးချုပ် မိသားစုလိုက် အသတ်ခံလိုက်ရ ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ ရေးသားဖြန့်မျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Khit Thit channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌‌‌ဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတယ်။ တကယ်တမ်းမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလို ရန်ကုန်နဲ့ မန္တလေးက […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုလိုက်ပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ဆိုထားတဲ့ သတင်းတုဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ ဒီဗွီဒီယိုမှာပဲ သူ့ရဲ့တောင်းဆိုချက်ကို လိုက်နာပြီး ၃ မိနစ်အတွင်း ရာသက်ပန်လွတ်ငြိမ်းခွင့်နဲ့ စစ်ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုထားပါတယ်။  နိုဝင်ဘာ ၂၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၂၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “သမ္မတဒေါ်နယ်ထရမ့် တောင်းဆိုမှုကြီးပြီ ‌ဒေါ်စုကိုမလွှတ်ရင် စစ်ရေးနဲ့အရေးယူမည်ပြောလို့ (၃)မိနစ်မကြာဘူး ရာသက်ပန် လွတ်ငြိမ်းခွင့်ပေးပြီ” မူရင်းလင်ခ့် – Facebook […]

Continue Reading

Fact Check: သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုးကွယ်တဲ့ သီတဂူ ဆရာတော် ပျံလွန်တော်မှုပြီလို့  ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂ ၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၂၇၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။  “မင်း‌အောင်လှိုင် ကိုယ်ကွယ်တဲ့ သီတဂူ ဆရာတော် ဘုန်းကြီး နာရေးသတင်းကြီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု၊ သတင်းမှားတွေ ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။  အခုလည်း ဒီချန်နယ်ဟာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို ICC သေဒဏ်ပေးတဲ့ သတင်းမှား

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သေဒဏ်ချမှတ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းမှား သာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂ ၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၄၅၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။  “မအလကို ICC သေဒဏ်အမိန့်ချပြီ ICC ရှေ့နေချုပ် ရန်ကုန်ရောက်နေ ပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ် အလားတူတဲ့ ဖြန့်ဝေမှုမှာတော့ စစ်ခေါင်းဆောင်ဟာ ICC ကိုသေဒဏ်မပေးဖို့ တောင်းပန်လိုက်ပြီး NUG ကို အာဏာလွှဲပြောင်းပေးမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ကျောက်ဖြူတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံးတဲ့ သတင်းတု

ကျောက်ဖြူတိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်က စစ်ကူပေးလာတဲ့ တရုတ်စစ်တပ်မှ စစ်သား ၆၀ နီးပါးကျဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၆၀၀၀၀ကျော်ရှိထားတယ်။  “ကျောက်ဖြူတိုက်ပွဲတွင် တရုတ်စစ်တပ်(၆၀)နီးပါး ကျဆုံး အကြမ်းဖက်စစ်တပ်ကို စစ်ကူလာတဲ့ တရုတ်စစ်တပ် ကျောက်ဖြူတိုက်ပွဲတွင်း (၆၀) နီးပါး ကျဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ နိုဝင်ဘာ ၂၄ ရက်မှာ ‌ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့ […]

Continue Reading

Fact Check: ၁ ရက်အတွင်း အာဏာမလွှဲပေးရင် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ AA ကို ကြေညာဆိုတဲ့ သတင်းတု

၁ ရက်အတွင်း သူတို့ကို အာဏာမလွှဲပေးရင် ဖမ်းထားတဲ့ တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ အာရက္ခတပ်တော်(AA)က ကြေညာဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၇၈၀၀၀ကျော်ရှိထားတယ်။  “AA တပ်ချုပ်ရဲ့ နောက်ဆုံးသတိပေးချက် လေယဉ်ပါသိမ်းပိုက် (၁)ရက်အတွင်း AA ကို အာဏာမလွှဲပေးဘူးဆိုရင် ဖမ်းထားတဲ့တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်တဲ့ “ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက် မတွေ့ရပါဘူး။ […]

Continue Reading

Fact Check: ‌လေယာဉ်ရှိနေပြီလို့ NUG သမ္မတကြေညာတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေနဲ့ လေယာဉ်တွေရှိနေပြီလို့ NUG သမ္မတက ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းမှာတခုသာ ဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၂ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “NUG လေကြောင်းရလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ လေယဉ် ရပြီဟု NUG သမ္မတကြေငြာ ဒီအတိုင်းဆို မြန်မာစစ်တပ် ၁လမခံတောဘူးဟေ့“ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ဒရုန်းကို အသုံးပြု တိုက်ခိုက်ကြတာများပြားပြီး ဒရုန်းသုံးစွဲမှုနဲ့ပတ်သက်ပြီး ယုံမှားစရာမရှိပေမဲ့ လေယာဉ်ပိုင်ဆိုင်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလို့ လားရှိုးက တရုတ်ရာနဲ့ချီကို MNDAA ကဖမ်းဆီးဆိုတဲ့ သတင်းမှား

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “MNDAA ချက်ချင်းကလဲ့စား‌ ချေလိုက်ပြီ ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ […]

Continue Reading