Fact Check: လေယာဉ်တွေပစ်မချဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းတောင်းပန်တဲ့ သတင်းတု
တန်ကြေးကြီးလို့ လေယာဉ်တွေကို ပစ်မချဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းပန်လိုက် တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သရော်စာပို့စ်တခုသာဖြစ်တယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “တပ်မတော်ရဲ့ တိုက်လေယဥ်တွေကို ပစ်မချကြဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်း မေတ္တာရပ်ခံ.. 😁😁 “ကချင်မှာ ဒီကနေ့ လားရိူးလေတပ်ကနေ တက်သွားတဲ့ Mi35P တစီး ပစ်အချခံရတယ် ဆိုတာတော့ ကျတော်အနေနဲ့ အတိအကျ မသိရသေးပါဘူး။ ဟုတ်ချင်မှလဲ ဟုတ်မှာပါ၊ ဒီလိုပဲ ဒေါ်လာစားမီဒီယာတွေက တပျမတောျသိက်ခါကအြောငျ ကောလဟာလတွေ တမင်ရည်ရွယ်ချက် ရှိရှိ လွှင့်နေကြတာပဲ ဖြစ်ပါလိမ့်မယ်” ဟု့ စပြီး ပြောပါတယ်။ ဆက်လက်၍ “အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကျ […]
Continue Reading