Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု

ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ ရန်ကုန်လေဆိပ်မှာ လေယာဉ်‌ပေါ်အတက် မိုင်းခွဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ် တယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၅ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု အကြိမ်အရေ အတွက် တသိန်း ခုနှစ်သောင်းဝန်းကျင်ရှိထားပြီဖြစ်တယ်။ “ရန်ကုန် လေဆိပ် ပွတ်လောရိုက်ကုန်ပြီ ပြည်ပပြေးဖို့ လုပ်နေကြတဲ့ ဗိုလ်ချုပ်မိသားစုများ လေယဉ်ပေါ်အတက် မိုင်းခွဲခံရ”(မူရင်းအ‌ရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ […]

Continue Reading

Fact Check: ဦးဝါသဝရဲ့ ပျူစောထီးတွေ လက်နက်ချအလင်းဝင်တဲ့ သတင်းမှား

ဘုန်းကြီး စစ်ခေါင်းဆောင် ဦးဝါသဝရဲ့ ပျူစောထီးကွန်မန်ဒိုတပ်တွေ လက်နက်ချ၊ အညံ့ခံအလံဖြူထောင် အလင်းဝင်ပြီလို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၄ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှု အကြိမ်အရေအတွက် သိန်းခွဲဝန်းကျင်ရှိပါတယ်။ “ပျူကတုံးဝါသဝရဲ့အထူးကွန်မန်ဒိုတပ်ကြီး လက်နက်ချ၊အညံ့ခံအလံဖြူထောင်အလင်းဝင်ပြီဗျို” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့ ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တု သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်းခေါင်းတွေတပ်ပြီး  ပြန် လည် ဖြန့်ချိပါတယ်။ ပြည်တွင်းသတင်းလုပ်ငန်းမှာ […]

Continue Reading

Fact Check: အမေရိကန်သမ္မတ မြန်မာနိုင်ငံလာရောက်တဲ့ သတင်းတု

အမေရိကန်သမ္မတ မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုလာရောက်အပြီး ၁၀ မိနစ်အတွင်း NLD ခေါင်း‌ဆောင်တွေနဲ့ အကျဉ်းသား ၈၅၀၀ ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတု Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အမေရိကန်သမ္မတမှ မြန်မာလာပြီ ရန်ကုန်လေဆိပ် ၁၀ မိနစ်မကြာဘူး NLD ခေါင်းဆောင်များနဲ့ အကျဉ်းသား (၈၅၀၀) အကုန်လွှတ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။  Celegram 1M အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတု၊ သတင်းမှားတွေ ဆက်တိုက်ဖြန့်ချိနေတဲ့ ချန်နယ်တခုဖြစ်ပါတယ်။  Fact […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်တွေ သေဆုံးမှု သတင်း‌ခေါင်းစဉ်တု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆေးရုံမှာ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရမှုစသည်ဖြင့် ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၁၄)ရက်နေ့  တနိုင်ငံလုံးကခုန်လို့ရပြီဟေ့ သတင်းထူးကြီးဗျို့ ညက ကာချုပ်ကြီးမင်းအောင်လှိုင်အရေးပေါ် ဆေးရုမှသေပြီဟေ့အ‌လောင်းထုတ်ပြီဗျို့ ရန်ကုန်ခေတ်သစ်တရားဝင်အတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link ထို့အတူ သေဆုံးမှု၊ ဒုတိယစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပစ်သတ်ခံရတယ်၊ စစ်တပ်ပြန်ကြားရေး တာဝန်ခံ ဗိုလ်ချုပ်‌ဇော်မင်းထွန်း မိသားစု ၃ ဦးပစ်သတ်ခံရတယ်စသည်ဖြင့်လည်း ဒီချန်နယ်က ဖြန့်ချိထား ပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ […]

Continue Reading

Fact Check: လက်ရှိပဋိပက္ခအတွင်း KNDF ဒုတိယစစ်ဦးချုပ်မာဝီ ဒဏ်ရာရတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)ဒုတိယစစ်ဦးစီးချုပ်မာဝီ မြန်မာစစ်တပ် က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရထားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက် မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ထို့အပြင် ၁၇ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ စစ်ဝတ်စုံဝတ်အမျိုးသားတဦး ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး သွေးထွက်နေတာကို အခြားသော လုပ်ဖော်ကိုင်ဖက်တွေက ဝိုင်းဝန်းပြုစုနေပါတယ်။  အလားတူတဲ့ ရေးသား မျှဝေမှုကို တယ်လီဂရမ်ရဲ့ ဒီနေရာနဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဖြန့်ဝေထားတာတွေ့ရပြီး KNDF ဒုစစ်ဦးစီးချုပ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လ်ကနက်ကြီး ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။ “ကယားမှာ ချီးယားနော် အကြမ်းဖက်သမား မာဝီ ဆိုတဲ့ကောင်ကို တပ်မတော်က ဗျင်းထည့်လိုက်တာ… […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့နဲ့ဖေ့စ်ဘွတ် စာမျက်နှာ တွေက ပြန်လည် ဖြန့်ဝေလာပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။ မီဒီယာအချို့က သတင်းတွေ ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲတပ်မျှဝေထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ဒီလိုပြောဆို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ အလားတူရေးသား မျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Local News Tv”ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတွေတပ်ပြီး ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ခလရ(၁၂၅)တပ်ရင်းမှူးက အလံဖြူ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင်က အာဏာသိမ်းဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူသွားပြီး ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ သတင်းမှားတွေ ဖေ့စ်ဘွတ်နဲ့ ယူကျု့ အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့နေတဲ့ ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် အနားယူပြီဟု MRTV  ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြပြီး လိုအပ်သလို သတင်းခေါင်းစဉ်ကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ “မင်းအောင်လှိုင် အနားယူပြီဟု MRTV  ကြေညာ တပ်အလုံးစုံ ရပ်တန့်လိုက်ပြီ ဗိုလ်ချုပ် စိုးဝင်း အာဏာယူပြီ” လို့ ဗွီဒီယိုအစမှာရေးသားထားပေမဲ့ […]

Continue Reading

Fact Check: ဗဟိုဘဏ်ဗုံးဖောက်ခံရပြီး ပိုက်ဆံ သန်း ၁၀၀ မီးလောင်သွားတဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယို

စစ်ကောင်စီလက်အောက်က မြန်မာနိုင်ငံဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေထားတာ သတင်းမှား တခုသာ ဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ် ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ညက ဗဟိုဘဏ် ဗုံးဖောက်ခံရမှုနဲ့ အတူ လက်ကျန် သန်း(၁၀၀) မီးထဲပါသွား” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ကြည့်မယ်ဆိုရင် မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေတပ်ပြီ ပြန်လည်ဖြန့်ဝေ နေတာတွေ့ရပါတယ်။  အခု ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ယူကျူ့မှာယနေ့ ဖြန့်ဝေခဲ့တဲ့ “Khit […]

Continue Reading

Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုပစ်သတ်ခံရမှုသတင်းတု

အဏာသိမ်းစစ်‌ခေါင်းဆောင် မိသားစုဝင် ၃ ဦးပစ်သတ်ခံရတယ်လို့ဆိုပြီး ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင် မိသားစု(၃)ဦးပစ်သတ်ခံရ အခုပဲ ရန်ကုန်ခေတ်သစ်အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက်  “Share Local Media” ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ ဒီလို ဖြန့်ချိရာမှာ လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက် တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာ တွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “နိုဝင်ဘာ ၂၇ ရက်နေ့မှာ တစ်နိုင်ငံလုံး စစ်ဆင်ရေး စမယ်လို့ မြောက်ပိုင်းသုံးဖွဲ့ […]

Continue Reading

Fact Check: အင်ဒိုနီးရှားမှာ NUG နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန်လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှား

အင်ဒိုနီးရှားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အပစ်ရပ်ဆွေးနွေးမှုအပြီး စစ်ခေါင်းဆောင်က အာဏာပြန် လွှဲဖို့သဘောတူဆိုတဲ့ သတင်းမှားပို့စ် ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မအလရှုံးပြီဟေ့ ဝန်ခံလိုက်ပြီ NUG နဲ့အပစ်ရပ်ဖို့ အင်ဒိုနီးရှားမှာဆွေးနွေး မအလ အာဏာပြန်လွှဲဖို့သဘောတူပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်ရှိပါဘူး။  အခုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ် တုတပ်ပြီး ပြန်လည်ဖြန့်ချိပါတယ်။ ထို့အပြင် ပြည်တွင်း သတင်းလုပ်ငန်းမှာ နာမည်ကြီးတဲ့ ရန်ကုန်ခေတ် သစ်မီဒီယာ အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်းတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို […]

Continue Reading