Fact Check: ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဖျက်သိမ်းမှုကို CRPH က ဆန့်ကျင်ဆိုတဲ့ သတင်းမှား

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖျက်သိမ်းဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ မွတ်ဆလင် အသိုင်းအဝိုင်းက တောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ဦးစည်သူမောင်က ဆန့်ကျင်ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတွေ ဖြစ်တာတွေ့ရတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလိုဆိုလိုထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “လောက်စည်သူမောင် မွတ်စလင်မဲနဲ့ အမတ်တက်လုပ်တဲ့ မွတ်စလင် စည်သူမောင်က မွတ်စလင်တွေကို ဖိနှိပ်ဖို့သက်သက် ပြဌာန်းထားတဲ့ ၁၉၈၂နိုင်ငံသားဥပဒေဖျက်သိမ်းရေးကို အခုလုပ်လို့မရဘူးဆိုပြီး NUCCညီလာခံမှာ CRPHကိုယ်စား ဦးဆောင်ပြီး ကန့်ကွက်သတဲ့။ ၁၉၈၂နိုင်ငံသားဥပဒေထက် အများကြီးပိုကြီးတဲ့ ထိပ်ခေါင်ဥပဒေ ၂၀၀၈ဖွဲ့စည်းပုံကို လူထုဆန္ဒမခံယူပဲ ဖျက်ရဲခဲ့တဲ့ NUG ဇင်မာအောင်နဲ့ CRPHတို့ကလည်း၊ မွတ်စလင်တွေကို နိုင်ငံမဲ့ဖြစ်အောင်လုပ်ခဲ့တဲ့ ၁၉၈၂နိုင်ငံသားဥပဒေကျတော့ လူထုဆန္ဒခံယူပြီးမှ ဖျက်နိုင်မယ်တဲ့။ သူတို့အကြံက ရှင်းရှင်းလေးပါ။  ၁၉၈၂နိုင်ငံသားဥပဒေ ဖျက်လို့မရအောင်၊ […]

Continue Reading

Fact Check: ပြည်သူထံအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချဆိုတဲ့ သတင်း‌တု

ပြည်သူထံ ချက်ချင်းအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချလိုက်တယ်၊ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ ဖြန့်ဝေမှုကို ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ “လူထုကို ချက်ချင်းအာဏာပြန်ပေးဖို့အမိန့်ချ ကုလအထူးရဲ့လုပ်ပိုင်ခွင့်ထုတ်သုံးပြီ၊ ချက်ချင်းအာဏာလွှဲခိုင်းလို့ ဗိုလ်ချုပ်တွေ ကယောင်ကရမ်းဖြစ်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ တပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရအပြီး ဖြန့်ဝေလာတဲ့ချဲ့ကားထားတဲ့ သတင်းတွေဖြစ်တယ်

ဧပြီ ၄ ရက်မနက်ပိုင်းက နေပြည်တော်ကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်အပြီးမှာ ဒီသတင်းရဲ့ နောက်ဆက်တွဲ ချဲ့ကားထားတဲ့ သတင်းတွေနဲ့ သတင်းမှားတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို နောက်ထပ်ယူကျု့ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ “နေပြည်တော် အေလာလေဆိပ်နဲ့စစ်ရုံးချုပ် ဗုံးကြဲမှု  ရုရှားထုတ်တိုက်လေယာဉ် (၁၃)စီးပျက်ဆီးပြီး ဒုတပ်ချုပ်စိုးဝင်းနဲ့အရာရှိ (၂၂)ဦးပွဲချင်းပြီးသေ ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ် ပြောဆိုချက်တခုမှာတော့ နေပြည်တော်ကို ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အကြောက်လွန်ကာ စစ်ခေါင်းဆောင်တွေက လူငယ်တွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီး စစ်မှုထမ်းဥပဒေကိုလည်း ဖျက်သိမ်း လိုက်တယ်လို့ ဆိုထားပါတယ်။ […]

Continue Reading

Fact Check: တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ် ဆိုတဲ့ သတင်းတု

တရုတ်ကြားဝင်မှုနဲ့ ဧပြီ ၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၂ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၉၀၀၀၀ ကျော်ရရှိထား တယ်။ အလားတူတဲ့ ဗွီဒီယိုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “တရုတ်ဝန်ကြီးရဲ့ ကြားဝင်မှုအောင်မြင်  (၅)ရက်နေ့ ‌ဒေါ်အောင်ဆန်းစုကြည်လွတ်ဖို့အတည်ပြု မင်းအောင်လှိုင် ကိုယ်တိုင်လည်းပြောထားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ ကိုရင်လေး ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင်သေမယ့်ရက်ပြောလို့ အသက်ငယ်ငယ်နဲ့ တရားဟောတာကောင်းတယ်လို့ လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ကိုယ်ရင်လေးကို ဖမ်းဝရမ်းထုတ်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြေညာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၅ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃သိန်းဝန်းကျင် ရှိထားပြီဖြစ် တယ်။ အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Channel P”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့် သတင်း ခေါင်းစဉ်တု

NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၁ သိန်းကျော်ရှိ ထားတယ်။ “ဧပြီလ (၁)ရက်နေ့ NUG ကိုအစိုးရဖြစ်ပြီတဲ့ဗျို့  NUG သမ္မတနဲ့ဝန်ကြီးတွေအခမ်းနားတက်ဖို့ရောက်နေပြီ  စစ်အုပ်စုပြုတ်ပြီ၊ တကမ္ဘာလုံးမှ NUG ကိုထောက်ခံ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “MS Story”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့သတင်း ခေါင်းစဉ်လွဲတပ်ပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အသက်မရှိတော့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့ သတင်းတု

နေအိမ်လေလံတင်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၉ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းကျော်ရှိထားတယ်။  “ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချပြီ  နေအိမ်လေလံတင်မှုအပြီး အမေစု အသက်မရှိတော့ဘူးလို့သတင်းထွက်လာပြီ  ပြည်သူဆူမှာစိုးလို့တဲ့၊ အမြန်ဖြန့်ပေးကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ် […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေ ရုပ်သိမ်းမှု သတင်းခေါင်းစဉ်တု

မတ် ၂၂ ရက်မှာ စစ်မှုထမ်းဥပဒေ ရုပ်သိမ်းလိုက်တာကြောင့် လူငယ်တွေအနေနဲ့ ထွက်ပြေးစရာမလိုတော့ဘူးလို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄ သိန်းကျော်ရှိထားတယ်။  “၂၂ ရက်အထူးအစည်းဝေးဆုံးဖြတ်ချက် ကန့်ကွက်မှုများနေတဲ့ “စစ်မှုထမ်းဥပဒေ” ဖျက်သိမ်း လူငယ်များထွက်ပြေးရန်မလို၊ အခုပဲကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်က ဗွီဒီယိုတွေကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ အချို့မှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီး လွှတ်ဖို့လုပ်လို့ တိုင်းမှူး ၅ ယောက် ဖြုတ်ချခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး လွှတ်ပေးဖို့ လုပ်တဲ့အတွက် တိုင်းမှူး ၅ ယောက်ကို ရာထူးကနေ စစ်ခေါင်းဆောင် ဖြုတ်ပစ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “မအလ မသိအောင် ဒေါ်စုကို တွေ့ပြီး  လွှတ်ဖို့လုပ်တဲ့ တိုင်းမှူး(၅)ယောက် ဖြုတ်ချခံရ တပ်တွင်းပုန်ကန်မှု ပွဲဆူကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး […]

Continue Reading

Fact Check: တရုတ်မှာ NUG ရုံးခန်းဖွင့်ခွင့်ရတဲ့ သတင်းတု

NUG အစိုးရဟာ တရုတ်နိုင်ငံမှာ ရုံးခန်းဖွင့်လှစ်ခွင့်ရပြီး တရုတ်သမ္မတကလည်း တရားဝင်အစိုးရအဖြစ် ကြေညာလိုက်ပြီးလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထားတယ်။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “တစ်နိုင်ငံလုံး ထခုန်နေကြပြီ  အောင်ပြီ  NUGကို အစိုးရဟု တရုတ်သမ္မတကြေငြာ  တရုတ်နိုင်ငံမှာ NUGရုံးခန်း ဖွင့်ခွင့်ရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Naypudaw Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading