Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘော တူညီချက် ၃ ချက်ရရှိကြောင်း စကစ ကြေညာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ လာရောက်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘောတူညီချက် ၃ ချက်ရရှိကြောင်း စကစ(စစ်ကောင်စီ) ကြေညာတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်စုကို မင်းအောင်လှိုင်နဲ့ စိုးဝင်း ၂ယောက်စလုံး သွားတွေ့ပြီး တောင်းပန်”လို့ရေးသားထားသလို ဗွီဒီယိုထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံမှုအပြီး သဘောတူညီချက် ၃ ချက်ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးမယ်လို့ စစ်ခေါင်းဆောင်က ကြေညာခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ယူကျူ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ […]

Continue Reading

Fact Check: စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့အဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ လုပ်ကြံသတ် ဖြတ်ခြင်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “PDFတွေကိုဖမ်းချင်တဲ့ရန်ကုန်ဝန်ချုပ်ဦးဝင်းအောင်နဲ့ခွေး(၅)ဦးကို ဖရဲသီးနဲ့မျှားခေါ်ရှင်းလင်းခံရ”လို့ ဗွီဒီယိုပို့စ်မှာရေးသားထားပြီး ဗွီဒီယိုထဲမှာလည်း အလားတူရေးသားမျှဝေထားရာမှာ ဒီယူကျူ့ဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း တစ်သိန်း နှစ်သောင်းကျော်ရှိပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ဒီလိုရေးသားမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် လက်ရှိ စစ်တပ်ခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ ဦးစိုးသိန်းဖြစ်ပါတယ်။ ထို့အပြင် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်မီဒီယာက ဖော်ပြခဲ့တဲ့ ရန်ကုန်၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲက တိုက်ခန်းတွေမှာ စစ်ဗိုလ်တွေနဲ့ တိုက်ပွဲများအတွင်း ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ […]

Continue Reading

Fact Check: ‌အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရရှိတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေး အစိုးရ(NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ သဘောတူညီချက်ရပြီး အမေရိကန်ဆီက ထောက်ပံကြေး ဒေါ်လာ ၂ ဘီလီယံ NUG ရတယ်ဆိုတဲ့ ပို့စ် အွန်လိုင်းအသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့  Khit Thit Channel အမည်နဲ့ ယူကျူ့အကောင့်ကနေ ဇွန် ၃ ရက်က မျှဝေထားတာကို စခရင်ရှော့ ရိုက်ထားခြင်းဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ NUG က ဝန်ကြီး ‌ဒေါက်တာ ဆာဆာနဲ့ အမေရိကန်အစိုးရတို့ တွေ့ဆုံမှု သို့မဟုတ် သဘောတူညီချက်အကြောင်း သတင်းဖော်ပြချက်မျိုး မရှိပါဘူး။ […]

Continue Reading

Fact Check: နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ သတင်းမှား

နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ ခေါင်းစဉ်တုခေါင်းစဉ်လွဲတပ်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဗွီဒီယို ဖိုင်တစ်ခုကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလကရန်ကုန်ခေတ်သစ်မီဒီယာက မေ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်ပါ။  ၆ မိနစ်ကျော်‌ကျော်သာရှည်လျားတဲ့ ဒီမူလဗွီဒီယိုထဲမှာ  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မုန်တိုင်းသင့်ပြည်သူ တွေကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ စစ်တပ်ကပေးအပ်တာမှာ မယူသူများပြားတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းက ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ […]

Continue Reading

Fact Check: ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီးပြီး စစ်သား ၁၃ ဦးသေဆုံးတဲ့ သတင်းတု

ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီး စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံး တဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ရန်ကုန် လေတပ်စခန်းရှော့ဒုံး(၁၀)လုံးနဲ့ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”စသည်ဖြင့် ရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “ (၂၃) ရက်နေ့ မနက်ခင်းသတင်းထူး ရန်ကုန်လေတပ်စခန်း ရှော့ဒုံး (၁၀)လုံးနဲ့ ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”လို့လည်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာမှာ မေ ၂၂ ရက်က ဖော်ပြခဲ့တဲ့ PDF နဲ့ စစ်ကောင်စီလက် အောက်ခံ တပ်တွေထိခိုက်မှုသတင်းတွေကို မျှ‌ဝေနေခြင်းဖြစ်တယ်။ […]

Continue Reading

Fact Check: Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုထဲမှာ Non-CDM ဝန်ထမ်း ၆၀ မေ ၂၄ ရက်က ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ရေးသားထားပါတယ်။ အောက်ပါ ဗွီဒီယိုကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ဖြစ်ပါတယ်။ တူညီတဲ့ဗွီဒီယိုကို ယူကျူ့ရဲ့  ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကပ်ထဲမှာ ဖြန့်ဝေထားသလို Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးခံရတာ မှန်ပေမဲ့ သူတို့တွေကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာ တွေရဲ့ ‌ဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။  ပခုက္ကူ – ရေစကြိုလမ်းပိုင်းမှာ […]

Continue Reading

Fact Check: တရုတ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့ယိုဖိတ်ကာ အစောင့် ၁၀ ဦးသေဆုံးတဲ့ သတင်းမှား

တရုတ်ပိုက်လိုင်းပေါက်ကွဲလို့ဓာတ်ငွေ့တွေယိုဖိတ်ကုန်ပြီး အစောင့် ၁၀ ပါ တပါတည်း ရှင်းခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ မန္တလေးတိုင်း တောင်သာမြို့အနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဂိတ်စောင့် စစ်တပ်ကို PDF တွေက တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ အခြားသော ပစ်ခတ်တိုက်ခိုက်မှုသတင်းတွေ ကိုမျှဝေနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ မေ ၂၃ ရက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ သတင်းထဲမှာ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် […]

Continue Reading

Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

တောင်ငူထောင်ကနေ အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီဘက်မှ စစ်သား (၃၀)ပစ်သတ်ခံရကာ သေနတ် (၄)လက် လုယူသွားတယ်ဆိုတဲ့ ဗီဒီယိုပို့စ်တခု လူမူကွန်ယက်စာမျက်နှာမှာ ယနေ့ ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မူရင်းသတင်းအမှန်ကို ချဲ့ကားပြီး သတင်းတု ပြန်လည် ဖန်တီးထားတာကို တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုရုပ်ကတ်ထဲမှာ “၁၉ ရက်နေ့တောင်ငူထောင် မီးလောင်ပြီ အကျဉ်းသား (၉၀)ထွက်ပြေးလွတ်မြောက် စစ်ခွေး (၃၀)ပစ်သတ် သေနတ် (၄)လက်လုယူ” စသဖြင့် Bestss Videos အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –FB link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာတော့ တောင်ငူထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက […]

Continue Reading

Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား

ဘုန်ကြီးဝတ် ပျူစောထီး‌ခေါင်းဆောင် ဦးဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကိုဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းမှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုမှာ “ဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကို ဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ MyanmarHot News အမည်နဲ့ ယူကျူ့ချန်နယ်က ၁၈ ရက်က ဗွီဒီယိုကို ဖြန့်ဝေထားပုံဖြစ်ပါတယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ၁၇၀၀၀ ကျော်က ကြည့်ရှု့ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်လေ့လာကြည့်ရာမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ အလင်းဝင်ရင် ကားတစီးနဲ့ တိုက်တလုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျု့ချန်နယ်မှာ ဖြန့်ဝေထားရာမှာ  ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုဖြစ်တယ်။ ဒီပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရုပ်ကတ်ထဲမှာ “PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဟု စစ်ကောင်စီက အထူးဖိတ်ခေါ် မနိုင်တော့တာ ဝန်ခံလိုက်ပြီ” လို့ စသဖြင့် ရေးသား ထားပါတယ်။ 7days media အမည်နဲ့ ယူကျု့ချန်နယ်က  မျှဝေထားတဲ့ ဗွီဒီယိုကို အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့သတင်းကို […]

Continue Reading