Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျဥက္ကဌ ထုတ်ပြောလိုက်ပြီး စစ်ကောင်စီကို အကန့်သတ်မဲ့ ထုတ်ပယ်လိုက်ပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားဖြန့်ချိန်မှုဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဖြန့်ဝေနေတဲ့ စာသားဖြစ်ပါတယ်။ (မူရင်းအရေးအသား) “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့် ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းမရှိပါဘူး။ ၁၂ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တော့ မြန်မာနောင်းသတင်းဌာနက ဇန်နဝါရိ […]

Continue Reading

Fact Check: ပုလဲနယ်က ပဲစင်းငုံတွေ PDF က အဓမ္မရိတ်သိမ်းယူဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

ပုလဲနယ်က  ပဲစင်းငုံ ဧက(၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မူလဖော်ပြချက်အပေါ် နားလည်မှုလွဲစေတဲ့ဖြန့်ဝေမှု တစ်ခုဖြစ်ပါတယ်။ “ဇန်နဝါရီ၁၂ ပုလဲနယ်က  ပဲစင်းငုံ ဧက (၁၈၀)ကျော်ကိုပုလဲပဒက်တွေ အဓမ္မရိတ်သိမ်းယူကြ”လို့ ရေးသားပြီး “Ba Htwar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီပို့စ်မှာအသုံးပြုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရာမှာ “PALE ENTERTAINMENT”ဆိုတဲ့ ရေစာစကားလုံးပါဝင်တာတွေ့ရပါတယ်။ မူလဖော်ပြခဲ့တဲ့ “PALE ENTERTAINMENT”စာမျက်နှာကို ဝင်ရောက်လေ့လာကြည့်ရာမှာတော့ ပုလဲမြို့မှာ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တွေရှိတဲ့ အင်မထီးပျူစောထီးရွာနားမှာ ဒေသခံတောင်သူတွေက သူတို့ရဲ့ပဲစင်းငုံစိုက်ခင်းတွေရိတ်သိမ်းနိုင်အောင် PDF က ကူညီပေးခဲ့တာလို့ရေးသားဖော်ပြထားပါတယ်။ “PDFတပ်သားများ ကာကွယ်စောင့်ရှောက်မှုဖြင့် ပျူစောထီးစခန်း […]

Continue Reading

Fact Check: လောင်းလုံမြို့နယ် ဟင်းချိုတောရွာက နေအိမ်တွေကို PDF မီးရှို့တဲ့ သတင်းမှား

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ် ဟင်းချိုတောရွာမှာ PDF က နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွား တယ်ဆိုပြီး တော့ ပို့စ်တစ်ခုအွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ စစ်တပ်ကျောထောက်နောက်ခံ ပျူစောထီးတွေ လာရောက်မီးရှို့သွားတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ “ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောကျေးရွာမှ ပြည်သူ ၄ ဦး၏ နေအိမ် ၄ လုံးအား အကြမ်းဖက် PDF ၁၀ဦးမှ ဒလန်ဟုစွပ်စွဲကာ မီးရှို့ဖျက်စီးပြီး နေအိမ်များရှိ ရွှေ စုစုပေါင်း ၃ ကျပ်သားခန့်နှင့် ငွေကျပ် ၁၅ သိန်းတို့အား အကြမ်းဖက် ဓားပြတိုက် ယူဆောင်သွားခဲ့ပါတယ်”လို့ ရေးသားပြီး “Ko Thet” အမည်နဲ့တယ်လီဂရမ်အကောင့်တစ်ခုမှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Telegram link |  Archive link   […]

Continue Reading

Fact Check: CNF/ CNA ဌာချုပ် ဗုံးကြဲတိုက်ခိုက်မှု ၃၀၀ ကျော်သေဆုံးတဲ့ သတင်းမှား

CNF/CNA ဌာချုပ်ကို လေကြောင်းကတဆင့် မြန်မာစစ်တပ် ဗုံးကြဲတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။ “ဒီနေ့တော့? အောက်ချင်းငှက်ကင်CNF အထက်ချင်းငှက်ကင်CNA  အကင်(၃၀၀)ကျော်သွားတယ်။”လို့ ရေးသားပြီး “ကိုကို့ ငယ်လေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အိန္ဒိယ-မြန်မာနယ်စပ်က ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို မြန်မာစစ်တပ်က တိုက်လေယာဉ် အသုံးပြုတိုက်ခိုက်မှုမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး ကျဆုံးရတယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီလင်ခ့်နဲ့ ဒီလင့်ခ်မှာလည်းကြည့်ပါ။  CNF/CNA ဌာနချုပ်ကို စစ်ကောင်စီက […]

Continue Reading

Fact Check: ခလရ ၂၇၃ က စစ်သား ၅၀၀ ထွက်ပြေးဆိုတဲ့သတင်းမှား

ထားဝယ်ခရိုင် ကံပေါက် ခလ၇(၂၇၃)က စစ်သား ၅၀၀ ပါဝင်တဲ့တပ်ရင်းဟာ တပ်ရင်းတစ်ခုလုံး ထွက်ပြေးသွား တယ်ဆိုတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ကံပေါက် ခလရ(၂၇၃)တပ်ရင်းလိုက်၊ စစ်သား(၅၀၀)ထွက်ပြေးကုန်ပြီ”လို့ ရေးသားပြီး “စစ်သတင်း” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဇန်နဝါရီ ၉ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ “ကံပေါက် ခလရ ၂၇၃ တပ်ရင်းက စစ်ကောင်စီတပ် သား ၅ ဦးထွက်ပြေးပြီးနောက် ဘုန်းကြီးကျောင်းမှာခိုနားနေစဥ် ဘုန်းကြီးကတိုင်လို့ ပြန်အဖမ်းခံရ”ဆိုတဲ့ သတင်းဖော်ပြနေခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာဆိုတဲ့သတင်းမှား

အာဏာသိမ်း ၃ နှစ်ပြည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာ တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။  “အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်တဲ့ဗျို့”လို့ ရေးသားပြီး “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “၁၀ရက်နေ့ အ‌ရေးပေါ်သတင်း ရွေးကောက်ပွဲကြောင့် ကြေညာပြီ Feb 1 ရက်နေ့ ရွေးကောက်ပွဲကျင်းမည်”လို့ ရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ မှာ ရွေးကောက်ပွဲမှာ မဲစာရင်းဖောင်းပွမှုအကြောင်းပြပြီး စစ်တပ်က ၂၀၀၈ အခြေခံ ဉပဒေနဲ့ မညီပေမဲ့ အာဏာသိမ်းခဲ့ပါတယ်။ […]

Continue Reading

Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

ကုလသမဂ္ဂက စစ်ကြေညာလိုက်ပြီး ပြည်သူတွေ ရိက္ခာစုဆောင်းထားဖို့ဆိုပြီး သတင်းမှား ပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့အစမှာရေးသားပြီး “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၅၀၀၀ ကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒီလိုကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် […]

Continue Reading

Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

 အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG ) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်(PDF )က မြိုင်မြို့နယ်ရှိရွာတွေ ကို မီးရှို့ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ pdf များ မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ pdf များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ NUG လက်အောက်ခံ pdf များကဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ ဝန်ကြီး ၄၅ ဦးသေဆိုတဲ့သတင်းတု

စစ်ကောင်စီက စိန်ရတုလွတ်လပ်ရေးအခမ်းအနားကို သူတို့ထိန်းချုပ်ထားရာ နေပြည်တော်မှာ ကျင်းပခမ်းနားစွာ ကျင်းပခဲ့ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကမကထပြုတဲ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် အနှစ်သာရကင်းမဲ့ခဲ့ပြီး လူထုပါဝင်မှုလည်းနည်းပါးပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးနေ့မှာ KNU က စစ်တပ်တပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ကကျင်းပတဲ့  လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ တက်ရောက်လာတဲ့ ဝန်ကြီးအပါအဝင် ၄၅ ဦးသေဆုံးတယ်လို့ဆိုပြီး သတင်းတု ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ကြီး ၄၅ဦး ဘဝ ကူးပြီ”လို့ ရေးသားပြီး “The News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဇန်နဝါရီ ၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၅ သိန်းကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB […]

Continue Reading

Fact Check: နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆိုတဲ့ သတင်းမှား

နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်က တမင်လုပ်ကြံ တာလို့ တရုတ်ကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုပေးပြီး လူတွေလှည့်စားထားတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “Soha Nar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာ “နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရ သံအမတ်နဲ့ဝန်ထမ်း ၁၈ ဦးသေဆုံး စစ်တပ် တမင်လုပ်ကြံခြင်းလို့ တရုတ်ထုတ်ပြန် သေခြင်းနဲ့မိတ်ဆက်ပေးမည်ဟု ပြင်းထန်ပေါက်ကွဲ” စသည်ဖြင့် ရေးသားထားပြီး ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်ပြည်သွားတောင်းပန်ဖို့လုပ်ပေမဲ့ တရုတ်ကလက်မခံဘူးလို့လည်း ဆိုထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ […]

Continue Reading