Fact Check: R2P အရ ကုလတပ် တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ သတင်းတုသတင်းမှား

R2P အစီအစဉ်အရ ကုလသမဂ္ဂ(United Nations-UN) တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “R2p UNတပ် 1သောင်း မြန်မာပြည်ရောက်လာမည်။ အသိပေးကြေညာချက်ထုတ်ပြီ။”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အထက်ပါ Screenshot ကိုကြည့်မယ်ဆိုရင် ဒေါက်တာဇော်ဝေစိုးရဲ့ ဓာတ်ပုံနဲ့အတူ နိုင်ငံသားတွေကို အကာအကွယ်ပေးရန်တာဝန်ရှိမှု(Responsibility to Protect- R2P)အစီအစဉ်အရ UN တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ ကြေညာတယ်လို့ဆိုထားပေမဲ့ ၈ မိနစ်ကျော်ရှည်တဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းတစ်စုံတရာ မပါဝင်ပါဘူး။ ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ခြင်းလည်းမရှိပါဘူး။ အခြားသော […]

Continue Reading

Fact Check: NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်ဆိုတဲ့သတင်းမှား

NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာလိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ“NLD ပါတီ ဖျက်သိမ်းပြီလို့ နကစ ကြေညာ”လို့ ရေးသားထားသလို ဗွီဒီယိုအစမှာပြတဲ့ ဓာတ်ပုံစာသားထဲမှာတော့ “(၁၉)ရက်နေ့ NLD ပါတီ ဖျက်သိမ်းကြောင်း ကြေညာ မအလ အထူးယုတ်မာပြီ” စသည်ဖြင့်ရေးသားထားပါတယ်။  “TepPon News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၉ ရက်က မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် NLD ပါတီ ဖျက်သိမ်းပြီလို့ ကြေညာမရှိပါဘူး။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေပြီး […]

Continue Reading

Fact Check: NDAA ကို ဂျိုးဘိုင်ဒန်လက်မှတ်ထိုးပြီးတဲ့အတွက် ဟောင်ဇာလက်နက်ကြီး တွေ NUG လက်ခံရရှိဆိုတဲ့ သတင်းမှား

အမေရိကန်က အမျိုးသားလုံခြုံရေးဉပဒေကို ဂျိုးဘိုင်ဒန်က အတည်ပြုလိုက်ပြီးနောက် အမေရိကန်ဆီက မြေပြင်ပစ် ဟောင်ဇာ(Howitzer)အမြောက်ကြီးတွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က လက်ခံ ရရှိခဲ့တယ်ဆိုပြီး တော့ဖြန့်ဝေထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ “NDAA သမ္မတ ဘိုင်ဒန်လက်မှတ်ရေးထိုးပြီးနောက် NUG လက်နက်ကြီးတွေ လက်ခံနေပြီ”လို့ရေးသားပြီး “Tsx mar 07”ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုစာသားထဲမှာလည်း ၁၇ ရက်နေ့က ဒီလိုလက်မှတ်ရေးထိုးပြီးနောက် လက်နက်အကူအညီရရှိခဲ့တာလို့ဖော်ပြပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တော်လှန်ရေးကိုထောက်ခံတဲ့ ဘုန်းကြီးတစ်ပါးရဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) အပေါ် အတွေးအမြင်ကို ဆွေးနွေးနေခြင်းသာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုမှာလည်း လက်နက်တွေထောက်ပံ့နေပြီ၊ လက်ခံရရှိပြီဆိုတဲ့ ပြောဆိုချက်မပါပါဘူး။ အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေး […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ICC က ဆင့်ခေါ်ပြီဆိုတဲ့ သတင်းတု

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဆင့်ခေါ်ပြီလို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် စစ်တပ်က အကြမ်းဖက်ကျူးလွန်မှုတွေအတွက် တရားစွဲဆိုဖို့ ပြီးခဲ့တဲ့နှစ်တွေ အတွင်းကတည်း နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းမှုဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပိုမိုအားကောင်းလာနေတာတွေ့ရပါတယ်။ အထူးသဖြင့် ဖြုတ်ချခံ အရပ်သားအစိုးရကို ဆက်ခံတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကိုယ်တိုင်က ICC မှာ စစ်ခေါင်းဆောင်တွေကို စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းလာနေတာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ  “မင်းအောင်လှိုင်ကို iccက ဆင့်ခေါ့်ပြီ”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ Thumbnail ဓာတ်ပုံထဲမှာလည်း ” (၁၆)ရက်နေ့ ICC ကဆင့်ခေါ်ပြီ မင်းအောင်လှိုင်အတွက် ပြေးလမ်းမရှိပြီ” စသည်ဖြင့်လည်းရေးသားထား ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: ထိုင်းဘုရင်နဲ့ NUG တွေ့ဆုံ၊မြန်မာအရေးထိပ်တန်းဦးစားပေးလို့ သမ္မတဂျိုကိုဝီပြောတဲ့သတင်းတုသတင်းမှား

NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီပို့စ်မှာပဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက ဂျိုကိုဝီဒိုဒိုကလည်း မြန်မာအရေးဟာထိပ်တန်းဦးစားပေးအဖြစ်ကြေညာလိုက်တယ်လို့လည်းဆိုပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “NUG အစိုးရအဖွဲ့က ထိုင်းဘုရင်ကို မထင်မှတ်ဘဲ သွားရောက်တွေ့ဆုံခဲ့သလို ထိုင်းဘုရင်ဘက်က NUG နဲ့ မြန်မာပြည်သူတွေဘက်မှ အခိုင်အမာရပ်တည်နေကြောင်း ဖွင့်ဟလာတာဟာ အလွန်ကောင်းတဲ့ရလဒ်တစ်ခုလို့ဆိုရမယ်.. NUG အစိုးရအနေနဲ့ ကြီးမားတဲ့ သံတမန်ရေးအောင်ပွဲ တစ်ခုလို့ပြောနိုင်ပါတယ်… မနေ့ကတစ်ရက်ထဲမှာဘဲ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတက မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာပိုင်းနဲ့ စွမ်းဆောင်ရည်တွေကို ထိပါးနေတဲ့အတွက် သူတာဝန်ယူတဲ့တစ်နှစ်အတွင်း ထိပ်ဆုံးက ဖြေရှင်းရမဲ့ပြဿနာလို့ အင်ဒိုသမ္မတမှကြေငြာသွားတယ်…   အင်ဒိုသမ္မတပြောပြီး ၂၄ နာရီမပြည့်သေးဘူး ကမ္ဘောဒီးယား မှ […]

Continue Reading

Fact Check: သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးမှ ဖယ်ရှားခံရ သတင်းမှား

တရုတ်နဲ့ ရုရှားရဲ့ ဖိအားပေးမှုကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ရာထူးကနေ ဖယ်ရှားခံရတယ်လို့ဆိုပြီး  ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့် ဝေနေတာ သတင်းအမှားဖြစ်ပါတယ်။  ဗွီဒီယိုဖိုင်အစမှာ “သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂရာထူးကနေ ဖယ်ရှားခံရလို့”လို့ရေးသားပြီး  Youtube မှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။                                    မူရင်းလင်ခ့် – Youtube link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော်ရှိတဲ့ ဒီဗွီဒီယိုဖိုင်မှာ တရုတ်နဲ့ရုရှားက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာ မြန်မာ ကိုယ်စားပြုခွင့်ရတာ မမြင်တွေ့လို” ဆိုတဲ့ သတင်း၊ ပုဏ္ဏားကျွန်းကားလမ်း ပေါ်က AAစစ်ဆေးရေးဂိတ် ၃ ခုကို ပြန်လည် […]

Continue Reading

Fact Check: နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

နေပြည်တော်ကို ဝတပ်နဲ့ AA တပ်တွေအပါအဝင် အင်အား ၁၅၀၀လောက်နဲ့ ထိုးစစ်ဆင်နေပြီး မြို့သိမ်းခံရ ဖွယ်ရှိလို့ဆိုတဲ့ ဗွီဒီယိုပုံစံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတု ဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “ဝတပ်နဲ့ AAတပ်တွေ ပါဝင်နေဟု သတင်းထွက်#နေပြည်တော်မြို့ကြီး အထိနာပြီ”လို့ ရေးသားပြီးဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက အောက်ပါအတိုင်း မျှဝေထားရာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတာတွေ့ရပြီး ကြည့်ရှူ့မှုပေါင်း ၃ သိန်းခွဲရှိပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံမှာလည်း “နေပြည်တော်မြို့ အသိမ်းခံရဖွယ်ရှိ လေယာဉ်နဲ့ပစ်တောင်မနိုင်တော့ဘူး အင်အား ၁၅၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေပြီ”စသည်ဖြင့်လည်းရေး သားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို Youtube ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် စစ်တပ်သတ်လို့ ကွယ်လွန်တဲ့သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်လို့ ကွယ်လွန်သွားပြီလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းတုဖြစ်ပါတယ်။ ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”လို့ ရေးသားပြီး “Tsx mar07” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မအလ ယုတ်မာသွားပြီ အမေစုသေပြီတဲ့ မယုံဘူးဆိုတဲ့သူတွေ ၁ မိနစ်ကြည့်ပါ ၆ နာရီတိတိမှာ ဆုံးတာလို့ သတင်းပေါက်ကြား”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒေါ်အောင်းဆန်းစုကြည် လုပ်ကြံ သတ်ဖြတ်ခံရတယ်ဆိုတဲ့အကြောင်းအရာမပါဝင်ဘူး။ ၇ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီဆိုတဲ့သတင်းမှား

NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ Reuters ကပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ NUG သမ္မတက စစ်တပ်နဲ့ဆွေးနွေးဖို့ အချက် ၅ ချက်ကို အာမခံချက်ရှိမှသာဆွေးနွေးဖို့အတွက် ဖြစ်နိုင်တယ်ဆိုတဲ့ ပြောကြားချက်ကို ထင်ယောင်ထင်မှားဖြစ်ဖွယ်ရေးသားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဒီဇင်ဘာ ၂ ရက်အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှုတဲ့အကြိမ်အရေအတွက် ၂ သိန်း ၅  သောင်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဇင်ဘာ ၁ […]

Continue Reading

Fact Check: မင်းအောင်လှိုင်ကို ပယ်ချပြီး NUG ကို ပူတင်ကအသိအမှတ်ပြုလိုက် တယ်ဆိုတဲ့ သတင်းတု

ဒီဇင်ဘာ ၂ ရက်နေ့မှာ ရုရှားနိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို သံတမန်အဆက်အသွယ်ဖြတ်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)ကိုအသိအမှတ်ပြုလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ပူတင်က မင်းအောင်လှိုင်ကို ပယ်ချလိုက်ကြောင်း ကြေညာ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံစာသားထဲမှာလည်း “ဒီဇင်ဘာ ၂ ရက် ရုရှားက သံတမန် ရေးရာ ပိတ်သိမ်း NUG ကို တရားဝင်အစိုးရဟု ရုရှားမီဒီယာများဖော်ပြ စစ်ကောင်စီက ကန့်ကွက်စာ ချက်ချင်းပို့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုဖြန့်ဝေရာမှာ ပူတင်က မင်းအောင်လှိုင်ကို ပယ်ချပြီး NUG နဲ့ဆက်ဆံတယ်၊ ဗွီဒီယိုအစမှာ ရုရှားက […]

Continue Reading