Fact Check: PDF ကို ကား၊တိုက်ခန်းနဲ့ အခမဲ့ပညာရေးပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုတဲ့ သတင်းတုသတင်းမှား
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေအလင်းဝင်ရောက်လာရင် ကားနဲ့တိုက်ခန်းပေးမှာဖြစ်သလို ပညာသင်ကြား ခွင့်အခမဲ့ပေးမယ်လို့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ သတင်းတွေဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “PDF တွေကို မတိုက်ခိုက်တော့ဘူးလို့ မအလ တောင်းပန်နေ”လို့ ရေးသားပြီး “News khit” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်သေဓာတ်ပုံစာသား ထဲမှာလည်း “ကြောက်ကြောက်နဲ့ပြောပြီ ၁၂ ရက်နေ့ အာဏာသိမ်းတာ မရယ်ရွယ်ခဲ့ဘူးတဲ့ PDF တွေ ပြန်လာရင် ကားနဲ့ တိုက်ခန်းပေးမယ် ပညာသင်ခွင့် အခမဲ့ဖြစ်သည်ဟု မအလ ကြေညာ”လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် PDF တွေကို အကြမ်းဖက်အဖြစ်ကြေညာကာ အမြစ်ပြတ်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ကပြောကြားခဲ့ပြီး ၃ လ […]
Continue Reading