Fact Check: Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု
ရွှေတိဂုံစေတီပုံစံနောက်ခံဆလိုက်မီးနဲ့ ကကွက်တင်ဆက်မှုမှာ ဘုရားပုံရိပ်ကို ခြေထောက်နဲ့နင်းတယ်ဆိုပြီးတော့ ဝေဖန်ခံနေရပါတယ်။ ဒီလို အခြေအနေမှာ ဘုရားပုံရိပ်ကို ခြေနဲ့နင်းတဲ့ကိစ္စဟာ တီထွင်ဆန်းသစ်မှုပဲဖြစ်ပြီး တကယ်ဘုရားကို နင်းတာမျိုး မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီး ပို့စ်တွေ ပျံ့နှံလျက်ရှိပါတယ်။ ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Project K အဖွဲ့တွေ့ဆုံနေပုံ အပါအဝင် ဓာတ်ပုံ သုံးပုံနဲ့ အတူမျှဝေထားတာ ဖြစ်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ ဒီဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်း တွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က Project K ဘက်က ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ “ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို “သိမ့်သိမ့် စိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာကျော်ရှိခဲ့ပါတယ်။ ဒီနေရာနဲ့ […]
Continue Reading