Fact Check: Carabao ကဒေါ်လာ တစ်သိန်းလှူဒါန်းတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး သတင်းမှားဖြန့်

Misleading နိုင်ငံရေး

ကျွဲခေါင်းပုံအမှတ်တံဆိပ်နဲ့ အဖြူအစိမ်းလွှမ်းမိုးမှုရှိတဲ့ လှူဒါန်းငွေပေးခြင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား USDP က ဒေါ်လာ တစ်သိန်းလှူဒါန်းမှုအဖြစ်ရေးသားပြီး လူမှုကွန်ယက်မှာဖြန့်ဝေလျက်ရှိပါတယ်။

 “Covid တိုက်ဖျတ်ရေး အလှု USDP မှ ဒေါ်လာ 1သိန်း နီပိန်းတွေ အာ့လိုလှုတာမြင်ဖူးလား”လို့ရေးသားပြီး “ပြည်ခိုင်ဖြိုးပါတီ ချစ်သူများ we love usdp”ဖေ့စ်ဘွတ်အုပ်စုမှာ “Aung Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၇ ရက်မှာ မျှဝေထားပါတယ်။

သို့သော်လည်း မျှဝေလျက်ရှိတဲ့ဓာတ်ပုံမှာ ကျွဲခေါင်းပုံအမှတ်တံဆိပ်အချိုရည်ကုမ္ပဏီ Carabao က လှူဒါန်းမှုအဖြစ်ရေးသားထားပြီး ကျွဲခေါင်းအမှတ်တံဆိပ်ကိုလည်း ထင်ရှားစွာမြင်တွေ့ရပါတယ်။

ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက မှတ်ချက်အမျိုးမျိုးနဲ့ ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီပို့စ်ပါဓာတ်ပုံကို အောက်တိုဘာ ၆ ရက်မှာ အချိုရည်ကုမ္ပဏီဖြစ်တဲ့ “Carabao Myanmar”ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားတာတွေ့ရပါတယ်။ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ နေရာအသီးသီးကို အသုံးပြုနိုင်ဖို့  ကျပ် သိန်းတစ်ထောင့် သုံးရာနှစ်ဆယ် (အမေရိကန်ဒေါ်လာ တစ်သိန်း) ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံသွားရောက် လှူဒါန်းခဲ့ပါတယ်လို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။

မူရင်းလင့်ခ် –  FB linkArchive link 

ဒီပို့စ်ကိုတင်ခဲ့တဲ့ “Aung Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူဟာ မည်သူမည်ဝါဖြစ်ကြောင်းဖော်ပြထား ခြင်းမရှိတဲ့ အကောင့်တုဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ “Aung Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ Covid တိုက်ဖျက်ရေး USDP မှ ဒေါ်လာတစ်သိန်းအလှူအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံပို့စ်ကို သတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:Carabao ကဒေါ်လာ တစ်သိန်းလှူဒါန်းတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *