Fact Check: ဒီဓာတ်ပုံက ထိုင်းရုပ်သံလိုင်းက ရုပ်ရှင်ကြော်ငြာဓာတ်ပုံသာဖြစ်တယ်
ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါတဲ့ ထွားထွားကြိုင်းကြိုင်းအမျိုးသား ၅ ယောက်သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီးတော့ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြန်မာနိုင်ငံမှာ ပျံ့နှံမှုအားကောင်းလာတဲ့ ဒီဓာတ်ပုံဟာ ထိုင်းရုပ်သံလိုင်းတစ်ခုက တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ “PDF Mandalay”အမည်နဲ့စာမျက်နှာက “pdf ဆိုတာ”လို့ရေးသားထားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link ဖေ့စ်ဘွတ်အသုံးပြုသူအမျိုးသမီးအချို့ကလည်း “ဖမ်းချင်လဲ လာသာဖမ်းကြပါတော့ရှင် လက်နက်ကိုင်သင်တန်း သွားကိုတက်တော့မယ် မရတော့ဘူး တိုင်းပြည်အတွက် ပေးဆပ်ဖို့ ဇာတိသွေးဇာတိမာန်တွေ မက်တျားကြွနေပြီ ကျမလိပ်ပြာလုံချင်တယ်😢 မတားနဲ့ — ဖယ် 😅😅😅 #လက်လက်မျိူးချစ်စင်”စသည်ဖြင့်ရေးသားမျှဝေထားတာ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် […]
Continue Reading