Fact Check: ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားလေယာဉ်ပျက် ကျမှု မှတ်တမ်းကို အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုအဖြစ်မျှဝေနေ

လေယာဉ်စီးခရီသည်တစ်ဦးက လေယာဉ်ရေထဲပျက်ကျစဉ်မှာ ရိုက်ထားတဲ့ ဗွီဒီယိုတစ်ခုကို အင်ဒိုနီးရှား လေယာဉ် ပျက်မှုအဖြစ်လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ၂ မိနစ်နဲ့ ၃၀ စက္ကန့်ရှည်လျားတဲ့  ဒီဗွီဒီယိုမှာ လေယာဉ်ရေထဲပျက်ကျသွားတာကို လေယာဉ်ပေါ်မှာ လိုက်ပါလာ တဲ့သူက မှတ်တမ်းရိုက်ကူးထားထားတာလည်းပါဝင်ပြီး လေယာဉ်ပေါ်ပါလာသူ အသက်ရှင်ကျန်ရစ်သူ က ပြန်ပြောနေတဲ့ အပိုင်းလည်းပါဝင်ပါတယ်။  ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ ဒီဗွီဒီယိုဟာ တကယ်တမ်း အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှုမှတ်တမ်းမဟုတ်ဘဲ ၂၀၁၄ ခုနှစ်က ဟာဝိုင်အီမှာ အသေးစားခရီးသည်တင်လေယာဉ်ပျက်ကျစဉ်က ဗွီဒီယိုသာဖြစ်ပါတယ်။ “အင်ဒိုနီးရှား လေယာဥ်မှူးရေထဲကိုအညင်သာဆုံးဆင်းတာပဲ လေယဥ်ပေါ်ပါခရီးသည်ရိုက်ထားတဲ့ video file လူသားချင်းစာနာသနားမိပါတယ် M. T. A. Crd”လို့ ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်တဲ့ မြန်မာနိုင်ငံမှာတွေ့ရတဲ့ “ငေါင်း”ပုံအဖြစ်မျှဝေနေတဲ့ပုံအမှား

မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာ တွေ့ရတဲ့ “ငေါင်း”လို့ခေါ်တဲ့ သတ္တဝါအဖြစ် လူတစ်ယောက်ရွှံ့နွံလူးထားဟန်နှင့် သဏ္ဌာန်တူ ဓာတ်ပုံအချို့နှင့်အတူ ဖေ့စ်ဘွတ်နဲ့ ယူကျူချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ  ရေညှိနဲ့ရွှံ့နွံအသုံးပြုပြီး ပြင်သစ်အနုပညာရှင် တစ်ဦးဖန်တီးထားတဲ့ အနုပညာ လက်ရာတွေဖြစ်ပါတယ်။  “ကရင်ပြည်နယ်မှာ​တွေ့လိုက်ရတဲ့ မျိုးသုန်း​ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ “​ငေါင်း”လို့ရေးသားပြီး “Today MM”အမည်နဲ့ ယူကျူချန်နယ်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  |  Archive link ထို့အပြင် “ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုကနေ ပြန့်လာတာခပ်ဆန်းဆန်းလူလိုလိုသရဲလိုလိုနဲ့ သတ္တဝါတစ်ကောင်ပုံကို တော်တော်များများက ဘာကောင်းလဲသိချင်ကြပြီး၊ တစ်ချို့ကတော့ သစ်သားကိုထွင်း ထုထားတာလို့ဆိုကြပါတယ်။ တကယ်တော့ဒီသတ္တဝါဟာ မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါသာဖြစ်ပါတယ်။ ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး၊ ယခုအခါမှာတော့ မရှိသလောက်ကိုရှားသွားပြီဖြစ်ပါတယ်။ လူတော်တော်များများက […]

Continue Reading

Fact Check: ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်ဆိုတာ မဟုတ်ပါ

ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိရတယ်လို့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းမှာ လူမှုကွန်အသုံးပြု သူများအကြား စတင်ပျံ့နှံ့လာခဲ့တဲ့ ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်အကောင့်ကနေ အတည်မပြုနိုင်တဲ့ သတင်းစတင်ဖြန့်ဝေပြီး နောက်မှာ အခုလို ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိတ်အသစ်တွေ့တယ်ဆိုပြီးတော့ ထပ်မံပြန့်နှံ့လျက်ရှိတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့ခဲ့သောပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ဒီနေရာ၊ ဒီနေရာ ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ “ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီတိုင်းတွင် စတင်တွေ့ရှိပါပြီလို့သိရပါတယ်.. အလွန်ကူးစက်မြန်ပါတယ်.. သတိထားကြပါ GSL ”လို့ရေးသားပြီး “Aung Naing Htwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၁၀ ရက်နေ့လည်ပိုင်းမှာ ထပ်မံ မျှဝေခဲ့ပါတယ်။ မူရင်းလင်ခ့် –  Fb link […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျနိုင်လား- မဟုတ်ပါ

တတိယအကြိမ်လွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ကျင်းပဖို့အတွက် ကိုယ်စားလှယ်တွေကို  နှိုးဆော် ခေါ်ယူနေချိန် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်မတက်ရင် ထောင်ကျ နိုင်တယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေနေတာ တွေ့ ရပါတယ်။ လွှတ်တော်နာယက က လွှတ်တော်ခေါ်ချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်လာမတက်ရင် ထောင်ကျခံရမယ်လို့ရေးသားမျှဝေနေတာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရဖွဲ့နိုင်တဲ့အရေ အတွက်ထက် ကျော်လွန်ပြီး အနိုင်ရထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီ(USDP) က ၃၃ နေရာသာအရွေး ချယ်ခံထားရပါတယ်။ သို့သော်လည်း လွှတ်တော်မတက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ထောင်ဒဏ်ချ မှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်မျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်းမှာ ဝါးတွေထည့်ပြီး ဖောက်လုပ်သလား

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်း ဖောက်လုပ်ရာမှာ ကွန်ကရစ်အတွင်း သံချောင်းတွေအစား ဝါးလုံးတွေထည့်ပြီး ဖောက်လုပ်တယ်ဆိုပြီး ပုံနဲ့တကွရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပိုစ်မှာ ဖောက်လက်စကွန်ကရစ်လမ်းရဲ့ လမ်းအတွင်းသားထဲ ဝါးလုံးတွေ စီပြီး ခင်းထားတဲ့ပုံတွေကို “ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ခဂရန်းယန်ကျေးရွာမရောက်မှီမှာ ပြုလုပ်ထားတဲ့ လမ်းခင်းနေမှုဖြစ်ပါတယ်။ ဝါးကိုအသုံးပြုပြီး ခင်းလမ်းနေတာဟာ အရည်အသွေးပြည့်မှီပါ့မလား? လမ်းလုပ်ငန်းဆောင်ရွက်ဖို့ စာချုပ်စာတမ်းမှာရော ဒီလိုဝါးအသုံးပြုဖို့ ချုပ်ဆိုတတ်ကြသလား? အစိုးရရဲ့လမ်း တင်ဒါဒီဇိုင်းမှာရော ဒါမျိူးဒီဇိုင်းတွေရှိပါသလား? သိတဲ့သူများ ကျေးဇူးပြု၍ ပြောပေးကြပါ။ လေ့လာချင်လို့ပါဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်နဲ့ပတ်သက်ပြီး အဲ့ဒီလမ်းကို ဖောက်လုပ်နေတဲ့ […]

Continue Reading

Fact Check: သတိ- Facebook အမည်နှင့် Messenger အမည်အသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်များကို တောင်းယူနေပါသည်

(Facebook )ဖေ့စ်ဘွတ် စာမျက်နှာအများအပြားကို မူဝါဒနှင့်မညီညွှတ်မှုကြောင့်  အတည်ပြုတာ လုပ်ခိုင်းတဲ့ ဖေ့စ်ဘွတ်စာ မျက်နှာတစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အလားတူ Messenger (မက်ဆေ့ဂျာ) နောက်ဆုံးထွက်ဗားရှင်း ရရှိဖို့အတွက် အတည်ပြုချက်ရယူပါလို့ ဖော်ပြနေတဲ့ ပို့စ်တွေကိုလည်း ဒီရက်ပိုင်းအတွင်းမှာတွေ့ရပါတယ်။  ဖေ့စ်ဘွတ်အမှတ်တံဆိပ်နဲ့ “Blue Vèrification Badge Page Security”ဆိုတဲ့ စာမျက်နှာဟာ Fact Crescendo Myanmar အပါအဝင် စာမျက်နှာပေါင်းများစွာကို ဖေ့စ်ဘွတ်ရဲ့ အတုအပပြုလုပ်မှုဆိုင်ရာ မူဝါဒနဲ့ ညှိစွန်းနေတဲ့ အတွက် အောက်ပါလင့်ခ်ကို နှိပ်ပြီး အတည်ပြုချက်ရယူဖို့နဲ့ မလုပ်ရင် အကောင့်ကို ဖျက်သိမ်းမယ်ဆို ပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အစည်းများနဲ့ သတင်းဌာနအများစုကို အခုလို ဖော်ပြခဲ့တဲ့ ဒီနာမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ အခုချိန်မှာတော့ ဖေ့စ်ဘွတ်မှာတွေ့ရှိရခြင်း […]

Continue Reading

Fact Check: သင်္ဃန်းကျွန်းမှာ အစာရေစာပြတ်လပ်သူတွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ရန်မျိုးအောင်စေတီအနီးမှာရှိတဲ့ ရန်မျိုးအောင်ဘုန်း တော်ကြီးကျောင်းရှေ့မှာ အစာရေစာပြန်လပ်နေတဲ့ ပြည်သူတွေအစားအစာတောင်းနေတယ် ဆိုတဲ့ပုံတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “ရန်ကုန်တိုင်း၊သင်္ကန်းကျွန်းမြို့နယ်အတွင်းမှ အစာရေစာပြတ်လပ်နေသောပြည်သူများ ရန်မျိုးအောင် ဘုန်းတော်ကြီးကျောင်းရှေ့တွင် အစားအစာများရရှိရေးအတွက်ကြိုးစားနေကြစဉ်။”လို့ အညွှန်းတပ်ထားပြီး လူတချို့ ပန်းကန်တွေနဲ့ တန်းစီနေပုံတွေနဲ့ ဘုန်တော်ကြီးတချို့က ဟင်းတွေခတ်ထည့် ပေးနေတဲ့ ပုံတွေကို ပြန်လည်ကူးယူမျှဝေနေတာဖြစ်ပါတယ်။ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာပြန်လည်မျှဝေနေတာတွေ့ရပါတယ်။  မူရင်းလင့်ခ် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားထားသလိုမျိုး ဟုတ်၊ မဟုတ်ကို တိုက်ဆိုင်စစ်ဆေးမယ်ကြည့်မယ်ဆိုရင် ဒီပို့စ်မှာပါဝင်တဲ့ ဘုန်းတော်ကြီးနှစ်ပါးက ဟင်းနဲ့ ထမင်းတွေခတ်ထည့်ပေးနေပြီး လူတွေတန်းစီစောင့်နေတဲ့ နောက်ဆုံးသုံးပုံဟာလည်း လွန်ခဲ့တဲ့သုံးလကျော်လောက်ကတည်းက ဖေ့စ်ဘွခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဖြစ်သလို ဒီပုံတွေကိုပဲ အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ပြန်လည်ရုပ်သိမ်းခဲ့ရတဲ့ ဆရာတော် […]

Continue Reading

Fact Check: ရန်ကုန် ကျောက်တန်းက အပန်းဖြေစခန်းကို မုံရွာနဲ့ ရွှေဘိုမှာရှိတဲ့ အပန်းဖြေစခန်းအဖြစ် မျှဝေနေ

“သူကြီးအိမ်”လို့ရေးသားထားတဲ့ ဆိုင်ဘုတ်တစ်ခုနှင့်အတူ ကျေးလက်ဒေသအလှဖော်မြင်ကွင်းဘန်ဂလိုများနဲ့ ဓာတ်ပုံတစ်ချို့ကို  မုံရွာမှာ မကြာခင်ဖွင့်လှစ်တော့မယ် သွားရောက်လည်ပတ်သင့်တဲ့ နေရာသစ် တစ်ခုဖြစ် ရေးသား မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထား တာတွေ့ရပါတယ်။ နေရာလေးကတော့ မုံရွာမြို့ကနေ မြစ်နောက်ဘက် ကနီ မြို့နယ် တွင်းမရွာနားမှာရှိပြီး မုံရွာကနေ တစ်နာရီခွဲ လောက်ပဲမောင်းရတယ်လို့လည်း ရေးသားထားပါတယ်။  သို့သော်လည်း ဒီပုံတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်မကောရွာမှာ တည်ဆောက်ထားတဲ့ သူကြီးအိမ် အပန်းဖြေစခန်းက ပုံတွေဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မျှဝေထား တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာလည်း အများစုက ဒီဓာတ်ပုံတွေဟာ အမှန်တကယ် မုံရွာနားက နေရာတစ်ခုအဖြစ် ယုံကြည်နေကြတာတွေ့ရပါတယ်။   ဒီဓာတ်ပုံတွေကိုပဲ ဒီဇင်ဘာ […]

Continue Reading

Fact Check: ၂၀၀၂ ခုနှစ်က မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ရဟတ်ယာဉ် ပျက်ကျ သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်ကရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ဘင်္ဂလားဒေ့ရှ်တပ်သား ၄ဦးသေဆုံးတယ်တဲ့ပို့စ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုတွေကြား ပျံ့နှံ့နေတာတွေရပါတယ်။ ဒီလိုရေးသာနေတဲ့ပို့စ်မှာ ပျက်ဆီးနေတဲ့ရဟတ်ယာဉ်ကိုယ်ထည်အပိုင်းအစတွေအနီးမှာ စစ်သည်တချို့ လုံခြုံရေးယူနေပုံ ကြည်ရှု့စစ်ဆေးနေပုံနဲ့အတူ ပုံအညွှန်းကို “ဒီနေ့ ဘကုန်းတပ်က ရဟတ်ယာဉ်တစ်စီး မြန်မာပိုင်နယ်စပ်အနား ခိုးကြောင်ခိုးဝှက်ကပ်လာတာ မြန်မာဘက်ကသိတော့ အတင်းပြန်မောင်းပြေးတာ TV tower နဲ့ငြိမိပြီးပျက်ကျပါလေရော… (၄)ကောင် မိုးမျှော်သွား သတဲ့…..”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းပို့စ်ကိုတော့ အောက်ကပါလင့်ခ်မှာလေ့လာကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင့်ခ် – FB Link  |   Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးမျှဝေနေကြတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေမှာပါ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့်ဒီပို့စ်မှာအသုံပြုထားတဲ့ပုံတွေကို Google ပုံရှာနည်းနဲ့ရှာဖွေရာမှာတော့ ဒီပုံတွေဟာ […]

Continue Reading

Fact Check: မှော်ဘီမှာတွေ့ရတဲ့ ကံကောင်းစေတဲ့မြွေတွေအဖြစ် သတင်းမှား ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ တောင်သူတစ်ဦးရဲ့ သပြေပင်မှာ တွေ့ရတဲ့ ကံကောင်းစေတဲ့ မြွေတွေလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်း များစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ မရှာဘိကျေးရွာက ဟင်းသီးဟင်းရွက်စိုက်တောင်သူ ဦးကွယ်လွယ်ထူးရဲ့ စိုက်ခင်းအတွင်းရှိ သပြေပင်မှာ တွေ့ရ တာဖြစ်ပြီး မြွေတွေဟာ ဘယ်ကရောက်လာမှန်းမသိကြောင်းနဲ့ ဇနီးက နွားနို့ နေ့တိုင်းတိုက်ပြီးနောက် ထီ သိန်း ၁ သောင်းဆုပေါက်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။  “ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက် တောင်သူ ဦးကွယ်လွယ်ထူး၏ စိုက်ခင်းအတွင်းရှိ သပြေပင်တွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း အစိမ်းရောင် မြွေများအုပ်စုလိုက် လာရောက်နေထိုင်ကြကြောင်းတွေ့ရှိရစဉ်။ […]

Continue Reading