Fact Check: သတိ- Facebook အမည်နှင့် Messenger အမည်အသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်များကို တောင်းယူနေပါသည်

False လူမှုရေး

(Facebook )ဖေ့စ်ဘွတ် စာမျက်နှာအများအပြားကို မူဝါဒနှင့်မညီညွှတ်မှုကြောင့်  အတည်ပြုတာ လုပ်ခိုင်းတဲ့ ဖေ့စ်ဘွတ်စာ မျက်နှာတစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အလားတူ Messenger (မက်ဆေ့ဂျာ) နောက်ဆုံးထွက်ဗားရှင်း ရရှိဖို့အတွက် အတည်ပြုချက်ရယူပါလို့ ဖော်ပြနေတဲ့ ပို့စ်တွေကိုလည်း ဒီရက်ပိုင်းအတွင်းမှာတွေ့ရပါတယ်။ 

ဖေ့စ်ဘွတ်အမှတ်တံဆိပ်နဲ့ “Blue Vèrification Badge Page Security”ဆိုတဲ့ စာမျက်နှာဟာ Fact Crescendo Myanmar အပါအဝင် စာမျက်နှာပေါင်းများစွာကို ဖေ့စ်ဘွတ်ရဲ့ အတုအပပြုလုပ်မှုဆိုင်ရာ မူဝါဒနဲ့ ညှိစွန်းနေတဲ့ အတွက် အောက်ပါလင့်ခ်ကို နှိပ်ပြီး အတည်ပြုချက်ရယူဖို့နဲ့ မလုပ်ရင် အကောင့်ကို ဖျက်သိမ်းမယ်ဆို ပြီးတော့ ရေးသားထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဖွဲ့အစည်းများနဲ့ သတင်းဌာနအများစုကို အခုလို ဖော်ပြခဲ့တဲ့ ဒီနာမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ အခုချိန်မှာတော့ ဖေ့စ်ဘွတ်မှာတွေ့ရှိရခြင်း တော့မရှိတော့ပါဘူး။ 

သို့သော်လည်း ဒီစာမျက်နှာဟာ ဇန်နဝါရီ ၃ ရက်နေ့ ဒီနာမည်နဲ့ စာမျက်နှာတစ်ခု ထပ်မံဖန်တီးပြီးနောက်ထပ်စာ မျက်နှာ တွေကို ထပ်မံဖော်ပြခဲ့တာတွေ့ရပါတယ်။ 

တကယ်တော့ ဒီစာမျက်နှာဟာ တကယ်တော့ ဖေ့စ်ဘွတ်နှင့် မက်ဆေ့ဂျာတို့သက်ဆိုင်ခြင်းမရှိဘဲ ဖေ့စ်ဘွတ်ရဲ့ လိုဂိုနဲ့ အမှတ် တံဆိပ်ကို တုပထားခြင်းသာဖြစ်ပါတယ်။ 

လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်နဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

Messenger နောက်ဆုံးထွက်ကိုရယူအတွက်ကို လင့်ခ်ကို နှိပ်ပါဆိုပြီးတော့ Messenger အမှတ်တံဆိပ်နှင့်အတူ လင့်ခ်တစ်ခုကို ချပေးထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

“Blue Vèrification Badge Page Security”ဆိုတဲ့ စာမျက်နှာဟာ ဒီကနေ့( ၂၀၂၁ ခုနှစ်  ဇန်နဝါရီ ၂)မှာမှ စတင် ဖွင့်လှစ်ခဲ့တဲ့စာမျက်နှာဖြစ်ပါတယ်။ ဒီစာမျက်နှာကို like လုပ်ထားသူလည်း တစ်ယောက်မှမရှိတာတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ရဲ့ တရားဝင်အမှတ်အသားလည်းပါဝင်ခြင်းမရှိပါဘူး။

သက်ဆိုင်ရာ စာမျက်နှာမှာ သတိပေးချက်တက်ဖို့အတွက် ဖေ့စ်ဘွတ်က စာမျက်နှာနှာတွေကိုလည်း tag ခေါ်နည်းအသုံးပြုပြီး ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။ ဒီစာမျက်နှာမှဖော်ပြထားတဲ့ အတည်ပြုတဲ့ လင့်ခ်ကို လေ့လာကြည့်မယ်ဆိုရင် လူတိုင်း အလွယ်အကူနဲ့အခမဲ့ပြုလုပ်နိုင်တဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတစ်ခုဖန်တီးနိုင်တဲ့ https://sites.google.com/ဆိုတဲ့ ဂူဂဲလ်ရဲ့ အခမဲ့ဝန်ဆောင်မှုတစ်ခုကို အသုံးပြုပြီးလုပ်ထားတာတွေ့ရပါတယ်။

ဒီလိုအတည်ပြုပါဆိုတဲ့ လင့်ခ်ကိုထောက်လိုက်မယ်ဆိုရင် https://follow-service-your-account-pages.my.id/ ဆိုတဲ့လင့်ခ်ကို ဝင်ရောက်သွားတာတွေ့ရပါတယ်။ ဒီလင့်ခ်ကို ကွန်ပျူတာက anti-virus ဆော့ဖ်ဝဲလ်က အန္တရာယ်ရှိလင့်ခ်တစ်ခုအဖြစ် တားဆီးခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ဒီလင့်ခ်ကို ကြည့်မယ်ဆိုရင် ဖေ့စ်ဘွတ်နဲ့ သက်ဆိုင်ခြင်းမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ ဆောင်ရွက်ချက်တွေအကုန်လုံးဟာ facebook.com ဆိုတဲ့ ဝဘ်ဆိုဒ်လိပ်စာကို ဦးတည်သွားရမှာဖြစ်ပါတယ်။ နောက်ထပ်ထပ်မံပြီးဖွင့်လို့တော့ မရခဲ့ပါဘူး။ 

သို့သော်လည်း ဒီလိုမျိုးအလားတူဖြစ်စဉ်ကို အခြားသောနိုင်ငံတွေမှာလည်း ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ သီရိလင်္ကာမှာ ဒီလိုအလားသဏ္ဌာန်တူစာမျက်နှာနဲ့ စာမျက်နှာတွေကို အတည်ပြုခိုင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒီဖြစ်စဉ်မှာတော့ အတည်ပြုရန်လင့်ခ်ကို နှိပ်ပြီးလိုက်သွားတဲ့အခါမှာ ဝင်လို့ရခဲ့ပြီး ဖေ့စ်ဘွတ်မှာဝင်နေကျမိမိရဲ့ အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်နဲ့ လျို့ဝှက်ထားရမယ့် အချက်အလက်တွေကို ရိုက်ထဲ့ခိုင်းပြီး မိမိရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် တွေကိုလည်း ထပ်မဲတောင်းဆိုခဲ့တာတွေ့ရပါတယ်။ 

စာမျက်နှာအရည်အသွေးနဲ့ပတ်သက်ပြီး ဘယ်လိုဘယ်ပုံဆောင်ရွက်တယ်ဆိုတာကို ဖေ့စ်ဘွတ်ကအသိပေးထား တာကို ဒီနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။

အလားတူ မက်ဆေ့ဂျာအမှတ်တံဆိပ်အသုံးပြုပြီး နောက်ဆုံးထွက်ဗားရှင်းကို ရယူပါဆိုတဲ့ ပို့စ်ပါလင့်ခ်ကို Fact Crescendo Myanmar အနေနဲ့ အဆင့်အတိုင်းလိုက်လံဆောင်ရွက်ကြည့်ခဲ့ပါတယ်။ ပထမဆုံးသတိပြုတာက ဒီအတည်ပြုချက်ချပေးထားတဲ့လင့်ခ့်ဟာလည်း အခမဲ့ဝက်ဘ်ဆိုဒ်စာမျက်နှာတစ်ခုဖန်တီးနိုင်တဲ့ linktree ကိုအသုံးပြုပြီး လှည့်စားထားတာတွေ့ရပါတယ်။ 

ဒီလင့်ခ်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ မက်ဆေ့ဂျာကိုဝင်ရောက်ဖို့အတွက် အီးလ်မေးသို့မဟုတ် ဖုန်းနံပါတ်ကို တောင်းဆိုတဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာကျတာလာတာတွေ့ရပါတယ်။ 

စမ်းသပ်တဲ့အနေနဲ့ Fact Crescendo Myanmar က ဖုန်းနံပါတ်အတုနဲ့ လျို့ဝှက်နံပတ်အတုကို ရိုက်ထည့်ပြီး ဝင်ရောက်ကြည့်ရာမှာ နောက်ဆုံးမှာ messenger.com ဆိုတဲ့ အမှန်တကယ်ဝက်ဘ်ဆိုဒ်ဆီကို ရောက်သွား တာတွေ့ရပါတယ်။ messenger ကုမ္ပဏီဆီကို အချက်အလက်တွေပေးလိုက် သယောက်ဖန်းတီးထား တာဖြစ်ပါတယ်။

သုံးသပ်ချက်

ဖေ့စ်ဘွတ်ဟာ စာမျက်နှာတစ်ခုခုက မူဝါဒချိုးဖောက်ခြင်းရှိမရှိကို သူ့ရဲ့ စာမျက်နှာအရည်အသွေးဆိုတဲ့ နေရာမှာ ပဲ စာမျက်နှာကို တည်ထောင်ထားတဲ့သူတွေကိုပဲ သတိပေးလေ့ရှိတာတွေ့ရပြီး အများမြင်သာအောင် ပို့စ်တင် ဖော်ပြခြင်းမရှိပါဘူး။ အထက်ပါဖြစ်စဉ်နှစ်ခုမှာ ဒီလင့်ခ်တွေဟာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ အရေးကြီးတဲ့ လျို့ဝှက်နံပါတ်နဲ့အကောင့်တွေကို ရယူလိုတဲ့အတွက် ဖေ့စ်ဘွတ်နဲ့ မက်ဆေ့ဂျာက တောင်းခံသယောင် စာမျက်နှာအတုတွေ ဖန်တီးပြီး လှည့်စားတာတွေ့ရပါတယ်။

Avatar

Title:သတိ- Facebook အမည်နှင့် Messenger အမည်အသုံးပြုပြီး ကိုယ်ပိုင်အချက်အလက်များကို တောင်းယူနေပါသည်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *