Fact Check: ရန်ကုန်တိုင်းအတွင်းသွားလာဖို့ QR Passမလိုတဲ့ လုပ်ငန်းစာရင်း အမှားထွက်ပေါ်

ရန်ကုန်တိုင်းရဲ့ Stay Homeသတ်မှတ်ကာလအတွင်း မြိုနယ်ကျော်သွားလာဖို့ QR Passလိုအပ်ပြီး QR Passမလိုအပ်ပဲ မြို့နယ်ကျော်သွားလာလုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတချိုမှာ အမျိုးမျိုးဖြန့်ဝေနေကြတာတွေ့ရပါတယ်။ ဒိလိုဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ “QR Pass မလိုပဲ လွတ်လပ်စွာသွားလာနိုင်သူများ ထုတ်ပြန်”လို့ အညွှန်းတပ်ထားပြီး QR Passမလိုတဲ့လုပ်ငန်းတွေအဖြစ် (၁)ဘဏ်လုပ်ငန်း၊ (၂)စက်သုံးဆီအရောင်ဆိုင်များ၊ (၃)Shopping Mall၊ (၄)Covid အထူးတာဝန်ဖြင့် တာဝန်ချခံရသည့် ဝန်ထမ်းများ၊ (၅)ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးတာဝန် ထမ်းဆောင်နေသူများ၊ (၆)သတင်းတိုက်များ၊ (၇)နိုင်ငံခြးသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ပေးအပ်ထားသူများ၊ (၈) သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုဗဟိုဌာနမှတာဝန်ရှိသူများလို့ ဖော်ပြထားကာ ဒီလုပ်ငန်းက ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းကဒ်နဲ့သွားလာနိုင်ကြောင်း ရေးသားထားတာတွေ့ရပါတယ်။  FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်မှာဖော်ပြထားတဲ့ […]

Continue Reading

မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ အခုတစ်ခါမှာလည်း မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လှအန်ဆန်းနဲ့ အခြားအလှူရှင်တစ်ဦးနဲ့ပေါင်းပြီး မြန်မာငွေကျပ်သိန်းပေါင်း (၅၀၀၀၀)သိန်း ပူးပေါင်းပြီး အကူအညီ”ဆိုပြီး “နေ ဟိန်း” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူ က “နိုင်ငံတကာ ထီပေါက်သူ သူဌေးကြီးများ အလှူ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ တစ်သိန်းခွဲရှိခဲ့ပါတယ်။ Fb link Archive link ဒီလို အွန်လိုင်းကနေ ငွေကြေးထောက်ပံ့နေတယ်၊ အောက်မှာပါတဲ့လင့်ခ်ကို နှိပ်ပြီး “join group”ကိုနှိပ်ပေးပါ၊ အခြားသော group တွေကို ရှယ်ပေးပါ၊ ပြီးရင် ဖုန်းနံပါတ်တွေ ရေးခဲပါဆိုတဲ့ပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ဒီလိုမျှဝေထားတာတွေဟာ မဟုတ်မှန်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ကနေ အောက်ပါအတိုင်းရှင်းလင်းရေးသားထားပါတယ်။ […]

Continue Reading

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးတစ်ခုဖြစ်တယ်ဆို တာဟုတ်ပါလား

နှစ် (၁၀၀) တိုင်းမှာ တစ်ကြိမ် ကမ္ဘာကြီးမှာ ကမ္ဘာ့ရောဂါကပ်ကြီးဖြစ်ပြီး လူအသေအပျောက်များတတ်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန် ယက်မှာသုံးစွဲသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “အနှစ် (၁၀၀) လျှင် တစ်ကြိမ် ကမ္ဘာကြီးက လူသန့်ရှင်းရေးလုပ်တဲ့ချိန် ရောက်ပြီလား” စသည်ဖြင့်အစချီပြီး ၁၈၂၀ ခုနှစ်၊ ၁၉၂၀ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်ဆိုပြီးတော့ လူတွေအတုန်းအရှုံးသေတဲ့ သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ချို့နဲ့ ကမ္ဘာပေါ်မှာ လူဦးရေလျော့ချဖို့အတွက် နှစ် ၁၀၀ တိုင်းမှာကပ်ရောဂါဖြစ်တယ်ဆိုပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။ Fb link Archive link လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေခဲ့တဲ့ အလားတူပို့စ်မျိုးကို ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်း တွေ့ရပါတယ်။ တကယ်ပဲ နှစ် ၁၀၀ တိုင်းမှာ ဒီလိုကပ်ရောဂါဖြစ်ခဲ့တာလား။ ဒီလိုဖြစ်ပျက်ခဲ့ခြင်းဟုတ် မဟုတ် ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

မြန်မာနိုင်ငံကခိုးဝင်လာသူတွေကို ထိုင်းစစ်တပ်ပစ်မိန့်ပေးထားတယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံသည် Covid-19ရောဂါကူးစက်မှုမထိန်းချုပ်နိုင်တာကြောင့် မြန်မာဘက်မှထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း ပို့စ်တစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်ကို “မြန်မာနိုင်ငံသည် ရောဂါ ကူးစက်မှု မထိန်းချုပ်နိုင်ကြောင်း ဒါကြောင့် ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီ”လို့ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံတွင် ကိုးဗစ်ရောဂါပိုးတွေ့လူဦးရေ စံချိန်တင်မြင့်တတ် လာပြီးနောက် မြန်မာနိုင်ငံနှင့် အနီးဆုံးနယ်စပ်အိမ်နီးချင်းထိုင်းနိင်ငံသည် အထူးကြောက်ရွံ့ပြီးထိုင်း မြန်မာ နယ်စပ်ဂိတ်ပေါက်အားလုံးမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိသည်ဟု ထိုင်းအစိုးရက စစ်တပ်အား အာဏာပေးလိုက်သည် …”လို့ Shwe Thadinဆိုတဲ့ ဝဘ်ဆိုက်မှာ ရေးသားထားတွေ့ရကာ ဖေ့စ်ဘွတ်ခ်အကောက်တွေကနေ ဖေ့စ်ဘွတ်ခ်ဂရုတွေထဲ မျှဝေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ မျှဝေနေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ပထမဦးဆုံး ဒီပို့စ်မှာပါဝင်နေတဲ့ ဓာတ်ပုံတွေကို […]

Continue Reading

နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez နောက်ဆုံးစကားအဖြစ်မျှဝေနေတဲ့ ပို့စ်အကြောင်း

နာမည်ကျော် ဒီဇိုင်နာ တဦးဖြစ်တဲ့ Kirjeda Rodriguez ရဲ့နောက်ဆုံးစကားအများအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ “နာမည်ကျော် ဒီဇိုင်နာတဦးဖြစ်တဲ့ Kirjeda Rodriguez ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာပါပြီ … မကွယ် လွန်မီ နောက်ဆုံး ရေးသားခဲ့စာလေး ကြိုက်လွန်းလို့ ရှယ်ပါရစေ”စသည်ဖြင့်ရေးသားပြီး ဘယ်လောက်ချမ်း သာပါစေနောက်ဆုံးတော့လည်း ထားခဲ့ရတယ်၊ ရှာဖွေသမျှ အသုံးအပြုနိုင်တော့ဘူးလို့ အဓိပ္ပာယ်ရတဲ့ စာသားတွေနဲ့အတူ မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။  Fb link Archive link ဒီသတင်းကို ဒီနေရာ၊ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez ဟာဘယ်သူပါလဲ။ သူ ဒီလိုပြောခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် “Kirjeda Rodriguez” […]

Continue Reading

အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှု ကွန်ယက်အသုံးပြုသူတွေအကြားမှာဖြန့်ဝေနေတာတွေ့ရပါတယ်။ “24.9.2020.မှစ၍ 24 ,10,2020 ထိကျနော်တိုမြန်မာနိုင်ငံသားများကံကောင်းပါပြီ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေများကို မြန်မာနိုင်ငံ အလှှုရှင် အဖွဲ့ချုပ်ထံ ဘဏ်အကောင့်မှတရာဝင် ငွေလွှဲလိုက်ပါပြီ မြန်မာနိုင်ငံ သားတစ်ယေက်ကို (8) သိန်း ရရှိတော့မှာဖြစ်ပါတယ် group ထဲကိုဝင်ထားပါ ကျနော်တို့ ဒါနကုသိုလ် အလှုရှင်များအဖွှဲ့မှ တရာဝင်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အားလုံဘဲ အများမြင်အောင် ဝိုင်းဝန်း share ပေးပါ ဖုန်းနံပါတ်များ ဆက်သွယ်လိုရအောင်းကွန်မက်မှာရေးပေးပါ အောက်ကလင့်ကိုနှိပ်၍ group ထဲဝင်ထားပါ https://www.facebook.com/groups/604699913559406/?ref=share မိမိ Facebook အကောင့်ထဲမှာ 3 ခါတိတိ share ပေးပါ”ဆိုပြီး “Angle Lay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “covid 19 […]

Continue Reading

Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို […]

Continue Reading

လပွတ္တာမှာ မုန်တိုင်းဝင်တယ်ဆိုတဲ့ သတင်းမှား

ဗီယက်နမ်ကိုဝင်ရောက်ခဲ့တဲ့ နိုလ်မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်ကနေ ၂၂ ကြားမှာ မိုးကြီးရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၈ ရက်ကထုတ်ပြန် ထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “မနေ့ညက မုန်တိုင်းဝင်မွှေသွားလို့ ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ရသော လပွတ္တာမြို့ အခြေ အနေ လပွတ္တာမြို့ ပြန်လည် ထူထောင်ကယ်ဆယ်ရေးအတွက် အလှူငွေ ထည့်ဝင်ကြဖို့ လပွတ္တာမြို့ ပြန်လည် ထူထောင်ရေးအဖွဲ့ မှနိုးဆော်ထားကြောင်း သိရှိရပါသည်” ဆိုပြီး အပျက်အစီးများနဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူပို့စ်မျိုးကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို […]

Continue Reading

သင်္ဃန်းကျွန်းကတည်းခိုခန်းမှာ လာတည်းတဲ့ စုံတွဲ ၂၀ Lock downကြောင့် ပိတ်မိပြီး အိမ်ထောင်ကျတယ်ဆိုတဲ့ သတင်းအမှား

သင်္ဃန်းကျွန်းကတည်းခိုခန်းတစ်ခုမှာ ကိုဗစ် Positiveလူနာတွေ့တာကြောင့် ခေတ္တလာတည်းတဲ့ စုံတွဲ ၂၀ပါ တည်းခိုခန်းကို Lock downရာမှာပိတ်မိသွားတာကြောင့် အိမ်ထောင်ကျသွားပြီလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ပြန်နှံ့နေတာတွေ့ရပါတယ်။ “Covid ဖူးစာ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပို့စ်မှာ “သင်္ဃန်းကျွန်းက တည်းခိုခန်းမှာ ခေတ္တ လာတည်းတဲ့ စုံတွဲ ၂၀ တော့ ကိုဗစ်ကျေးဇူးကြောင့် ထောင်ကျပြီ ။ (အိမ်ထောင်)အကြောင်းက တည်းခိုခန်းမှာ P လူနာတွေ့၊ တည်းခိုခန်းကို L.D ချ ။ အိမ်က လူကြီးတွေက အိမ်ပြန် မလာလို့ လိုက်ရှာကြရာမှ တည်းခိုခန်း L.D တွင် မိနေကြောင်း သိရသည့် အတွက် …”လို့ ရေးထားတာတွေ့ရပါတယ်။ ဒီနေရာ  ဒီနေရာ  ဒီနေရာ တွေမှာ ပြန်လည်မျှဝေတာတွေလည်း တွေ့ရပါတယ်။ FB […]

Continue Reading