နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez နောက်ဆုံးစကားအဖြစ်မျှဝေနေတဲ့ ပို့စ်အကြောင်း

နာမည်ကျော် ဒီဇိုင်နာ တဦးဖြစ်တဲ့ Kirjeda Rodriguez ရဲ့နောက်ဆုံးစကားအများအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ “နာမည်ကျော် ဒီဇိုင်နာတဦးဖြစ်တဲ့ Kirjeda Rodriguez ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာပါပြီ … မကွယ် လွန်မီ နောက်ဆုံး ရေးသားခဲ့စာလေး ကြိုက်လွန်းလို့ ရှယ်ပါရစေ”စသည်ဖြင့်ရေးသားပြီး ဘယ်လောက်ချမ်း သာပါစေနောက်ဆုံးတော့လည်း ထားခဲ့ရတယ်၊ ရှာဖွေသမျှ အသုံးအပြုနိုင်တော့ဘူးလို့ အဓိပ္ပာယ်ရတဲ့ စာသားတွေနဲ့အတူ မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။  Fb link Archive link ဒီသတင်းကို ဒီနေရာ၊ ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ နာမည်ကျော် ဒီဇိုင်နာ Kirjeda Rodriguez ဟာဘယ်သူပါလဲ။ သူ ဒီလိုပြောခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် “Kirjeda Rodriguez” […]

Continue Reading

အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှု ကွန်ယက်အသုံးပြုသူတွေအကြားမှာဖြန့်ဝေနေတာတွေ့ရပါတယ်။ “24.9.2020.မှစ၍ 24 ,10,2020 ထိကျနော်တိုမြန်မာနိုင်ငံသားများကံကောင်းပါပြီ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေများကို မြန်မာနိုင်ငံ အလှှုရှင် အဖွဲ့ချုပ်ထံ ဘဏ်အကောင့်မှတရာဝင် ငွေလွှဲလိုက်ပါပြီ မြန်မာနိုင်ငံ သားတစ်ယေက်ကို (8) သိန်း ရရှိတော့မှာဖြစ်ပါတယ် group ထဲကိုဝင်ထားပါ ကျနော်တို့ ဒါနကုသိုလ် အလှုရှင်များအဖွှဲ့မှ တရာဝင်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အားလုံဘဲ အများမြင်အောင် ဝိုင်းဝန်း share ပေးပါ ဖုန်းနံပါတ်များ ဆက်သွယ်လိုရအောင်းကွန်မက်မှာရေးပေးပါ အောက်ကလင့်ကိုနှိပ်၍ group ထဲဝင်ထားပါ https://www.facebook.com/groups/604699913559406/?ref=share မိမိ Facebook အကောင့်ထဲမှာ 3 ခါတိတိ share ပေးပါ”ဆိုပြီး “Angle Lay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “covid 19 […]

Continue Reading

Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို […]

Continue Reading

လပွတ္တာမှာ မုန်တိုင်းဝင်တယ်ဆိုတဲ့ သတင်းမှား

ဗီယက်နမ်ကိုဝင်ရောက်ခဲ့တဲ့ နိုလ်မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်ကနေ ၂၂ ကြားမှာ မိုးကြီးရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၈ ရက်ကထုတ်ပြန် ထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “မနေ့ညက မုန်တိုင်းဝင်မွှေသွားလို့ ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ရသော လပွတ္တာမြို့ အခြေ အနေ လပွတ္တာမြို့ ပြန်လည် ထူထောင်ကယ်ဆယ်ရေးအတွက် အလှူငွေ ထည့်ဝင်ကြဖို့ လပွတ္တာမြို့ ပြန်လည် ထူထောင်ရေးအဖွဲ့ မှနိုးဆော်ထားကြောင်း သိရှိရပါသည်” ဆိုပြီး အပျက်အစီးများနဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူပို့စ်မျိုးကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို […]

Continue Reading

သင်္ဃန်းကျွန်းကတည်းခိုခန်းမှာ လာတည်းတဲ့ စုံတွဲ ၂၀ Lock downကြောင့် ပိတ်မိပြီး အိမ်ထောင်ကျတယ်ဆိုတဲ့ သတင်းအမှား

သင်္ဃန်းကျွန်းကတည်းခိုခန်းတစ်ခုမှာ ကိုဗစ် Positiveလူနာတွေ့တာကြောင့် ခေတ္တလာတည်းတဲ့ စုံတွဲ ၂၀ပါ တည်းခိုခန်းကို Lock downရာမှာပိတ်မိသွားတာကြောင့် အိမ်ထောင်ကျသွားပြီလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ပြန်နှံ့နေတာတွေ့ရပါတယ်။ “Covid ဖူးစာ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပို့စ်မှာ “သင်္ဃန်းကျွန်းက တည်းခိုခန်းမှာ ခေတ္တ လာတည်းတဲ့ စုံတွဲ ၂၀ တော့ ကိုဗစ်ကျေးဇူးကြောင့် ထောင်ကျပြီ ။ (အိမ်ထောင်)အကြောင်းက တည်းခိုခန်းမှာ P လူနာတွေ့၊ တည်းခိုခန်းကို L.D ချ ။ အိမ်က လူကြီးတွေက အိမ်ပြန် မလာလို့ လိုက်ရှာကြရာမှ တည်းခိုခန်း L.D တွင် မိနေကြောင်း သိရသည့် အတွက် …”လို့ ရေးထားတာတွေ့ရပါတယ်။ ဒီနေရာ  ဒီနေရာ  ဒီနေရာ တွေမှာ ပြန်လည်မျှဝေတာတွေလည်း တွေ့ရပါတယ်။ FB […]

Continue Reading

COVID-19 လူနာအမှတ် ၁၀၆၁ ပတ်သက်တဲ့သတင်းမှားပျံ့နှံ့

COVID-19 တကျော့ပြန်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစပ်ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်မြိုနယ်မှာ ကူးစက်ခံရမှုအများစုဟာ Music Zone KTV နဲ့လည်း စပ်ဆပ်နေတာတွေ့ရပြီး အဲဒီအထဲမှာ လူနာအမှတ် ၁၀၆၁ ကတစ်ဆင့်နောက်ထပ် လူနာ ၈၀ ကျော်အထိ ကူးစက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ FB Link Achive Link အလားတူပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျှဝေနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံ မူရင်းပိုင်ရှင်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ “#သတင်းအမှားပါ  #တရားစွဲမှာပါ_၆၆ဃနဲ့_သတင်းအမှားကိုတင်တဲ့သူမှန်သမျှ ညီမပုံနဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ညီမ ဂုဏ်သိက္ခာကျအောင် တင်လိုက်တဲ့ post […]

Continue Reading

ကိုဗစ်ထောက်ပံ့ကြေးအတွက် Online စနစ်နဲ့ကောက်ခံနေတယ်လို့ သတင်းမှားဖြန့်

ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက်အိမ်ထောင်တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်း ထောက်ပံ့ ရန်အတွက် online စနစ်နဲ့ကောက်ခံနေတယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။  “Group ဝင်ထားသူများကိုသာ ထောက်ပံ့ကြေးပေးသွားမည် ဖြစ်သည်။ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်အိမ်ထောင်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် (ဒေသအလိုက်ကွာခြားနိုင်သည်) ထောက်ပံ့ ပေးခဲ့သည်မှာ အားလုံးအသိဖြစ်သည်။ ယခုအခါ ရောဂါပြန့်နှံ့မှုအခြေအနေမှာ ယခင်ကထက် ပိုမိုမြင့်မားလာ သောကြောင့် အိမ်ထောင်စုများအား ကွင်းဆင်းကောက်ခံရန် ခက်ခဲလာသည်။ထို့ကြောင့် Online စနစ်ဖြင့် ကောက်ခံသွားမည်ဖြစ်သောကြောင့် ယခု ဖော်ပြပါ Group အတွင်းသို့ ဝင်ရောက်၍ စာရင်းပေးထားရန် လိုသည်။ Group ဝင်ရန် (စာကိုနှိပ်၍ Join ကိုနှိပ်ပါ) https://www.facebook.com/groups/1128757160852604/?ref=share  ယခုပို့အား အများသိစေရန် တခြား Groups များတွင် မျှဝေပေးပါ။ […]

Continue Reading

Music Zoneကို လာခဲ့ပြီး သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာမယ်ဆိုတာ ဟုတ်ပါသလား

COVID-19 ပြန်လည်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းအတွင်း စံချိန်ကူးစပ်ပျံ့နှံ့မှုအများဆုံးကို ဖြစ်ပေါ်စေတဲ့ သင်္ဃန်းကျွန်မြိုနယ်ရှိ Music Zone KTVကို သွားလာခဲ့ပြီး သက်ဆိုင်ကျန်းမာရေးဌာနဆီ သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပြန့်နှံ့နေတာတွေ့ရပါတယ်။ “Music Zoneကို လာခဲ့ပြီး သတင်းမပို့သူများ CCTVမှတ်တမ်းဖြင့် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ”လို့ရေးသားထားတဲ့ ပို့စ်ကို Kyaw Swar Myintအမည်ရှိတဲ့ ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးကတင်ထားပြီး ဒီပို့စ်ကိုပဲ ပြန်လည်မျှဝေသူပေါင်း ငါးထောင့် ငါးရာကျော်ရှိခဲ့ပါတယ်။ FB Link Achive Link အချက်အလက်စိစစ်ချက် သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်ပြီး မြိုံနယ်အတွင်း ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု အခြေနေသတင်းတွေကို ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပုံမှန်တင်ပေးနေသူ ဒေါက်တာကျော်စွာဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောက်မှာတော့ အထက်ပါသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာရေးသားထားတာမတွေ့ရပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး Factcrescendo Myanmarက […]

Continue Reading

အစိုးရကပေးတဲ့ထောက်ပံ့ကြေးကို ဖြတ်စားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုအဖြစ် ဖော်ပြနေတဲ့ ပုံအမှား

အစိုးကပေးတဲ့ ကိုဗစိနိုင်တင်းထောက်ပံ့ကြေးတွေကို ဖြတ်စားတဲ့ ကျေးရွားအုပ်ကြီးကိုဖမ်းလိုက်ပြီဆိုတဲ့ သတင်းကို Myanmar People Allianceဆိုတဲ့ ဝက်ဘ်ဆိုဒ်က ဩဂုတ်လ ၃၁ ရက်နေ့က သတင်းတင်ခဲပြီး ဖေ့စ်ဘွတ်အသုံးပြုသူ နှစ်ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီသတင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တအိမ်ထောင်ကို ၂ သောင်းကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ FB Link Archive Link Web Link Archive Link အချက်အလတ်စိစစ်ချက် သတင်းပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် […]

Continue Reading

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတု

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ လျှက်ရှိတာတွေ့ရပါတယ်။  “Covid 19 စစ်ဆေးရာဌာနသို့ သီတဂူဆရာတော်ကြီး ရောက်ရှိလာပြီ”ဆိုတဲ့ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ သီတဂူဆရာတော်ကြီးကူးစက်ခံရတဲ့ ဗိုင်းရပ်စ်မှာ “Covit 19 ၏အဆင့်အမြင့်ဆုံးဖြစ်သော #blackpigcovitvirus ဖြစ်ပြီးပျောက်ကင်းဖို့ရာမဖြစ်နိုင်နိုင်ကြောင်း”စသည်ဖြင့်ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link ဒီပို့စ်ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ် အချက်အလက်စိစစ်ချက်  “အဲဒီပုံက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင်မှာ နှလုံးစမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေး ပေး တာပါ။ ပရိတ်ရွတ်ပေးတာပါ။ ဒီဓာတ်ပုံကိုပဲ သီတဂူဆရာတော် နေမကောင်းလို့ဆိုပြီး လွန်ခဲ့နှစ်က လျှောက် ဖွနေတာ တွေ့ဖူးပါတယ်”ဆိုပြီးတော့ သီတဂူဆရာတော်ကြီးရဲ့ လက်ရုံးတပည့်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာကောဝိဒသိရီ(သီတဂူစတားဆရာတော်)က ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာတဆင့် ပြန်လည် ရှင်းလင်းထား တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ […]

Continue Reading