သရုပ်ဆောင်မြင့်မြတ်က အိုင်ဖုန်း ၁၅ လုံး၊ ဟွန်ဒါဖစ် ၃ စီးမဲဖောက်ပေးမယ်ဆိုတဲ့ သတင်းတု

“ပရိသက်ကြီးရေ….ဘာလိုလိုနဲ့…မင်္ဂလာသတ်တမ်း ၅နှစ်တောင်ပြည့်ပါတော့မယ်။ ၁၀နှစ်တာအားပေးလာ ကြတဲ့ပရိသက်ကြီးကိုကျေးဇူးတုံ့ပြန်ချင်လို့ ရရှိတဲ့အနုပညာကြေးလေးနဲ့ကံစမ်းမဲလေးတွေ တတ်နိုငိသလောက် ဖောက်ပေးချင်ပါတယ်ခင်ဗျာ။အိုင်ဖုန်း၁၅လုံးနဲ့ဟွန်ဒါဖစ်၃စီးမဲဖောက်ပေးမှာဖြစ်ပါတယ်။ကံစမ်းရမဲ့စည်းကမ်းချက်လေးတွေကတော့…….။၁။ အရင်ဆုံးကျွန်တော့်ရဲ့ဒီPageလေးကိုLikeလုပ်ရပါမယ်ခင်ဗျာ။၂။ ဒီပို့စ်ရဲ့အောက်မှာ မိမိတို့အမြဲကိုင်တဲ့ဖုန်းနံပါတ်လေးမန့်ပေးရပါမယ်ခင်ဗျာ။ ၃။ ဒီပို့စ်လေးကို Share လုပ်သွားပေးရပါမယ်ခင်ဗျာ။ စည်းကမ်းချက်သုံးချက်နဲ့ညီတဲ့ကံစမ်းသူကိုသာထည့်သွင်းစဥ်းစားသွားမှာဖြစ်ပြီးကံစမ်းမဲပေါက်သူကိုတော့ ကိုမြင့်မြတ်ကိုယ်တိုင် မေလ၁၅ ရက်နေ့မှာဖုန်းဆက်အကြောင်းကြားပေးသွားမှာလည်းဖြစ်ပါတယ်။ အားလုံး ပဲချစ်ရတဲ့ပရိသက်ကြီးကံကောင်းနိုင်ကြပါစေခင်ဗျာ”ဆိုပြီးတော့ “Myint Myat Fan” အမည်နဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမျှဝေခဲ့ရာမှာ ပြီးခဲ့တဲ့ ၁၉ နာရီအတွင်း လူမှုကွန်ယက်သုံးစွဲသူ ၉ ထောင်နီးပါးက ပြန်လည်မျှဝေခဲ့ပြီး လူပေါင်း ၅ သိန်းကျော်ဆီကို ဒီပို့စ်က ပျံ့နှံ့သွားခဲ့ပါတယ်။ လူမှုကွန်ယက်သုံးစွဲသူတွေက သူတို့ရဲ့ ဖုန်းနံပါတ်တွေကိုလည်း မှတ်ချက်ရေးခဲ့ကြတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် “ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှတင်ထားတာမရှိဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒီအစီအစဉ်လုပ်ထားတာ မရှိ ဘူး။ မမှန်ဘူး”လို့ သရုပ်ဆောင်မြင့်မြတ်ရဲ့ […]

Continue Reading

အသက်ရှုကြပ် ဝေဒနာကြောင့် အေးဝတ်ရည်သောင်း အရေးပေါ် ဆေးရုံတင်ထားရသလား

အသက်ရှုကြပ် ဝေဒနာကြောင့် သရုပ်ဆောင် အေးဝတ်ရည်သောင်း ဆေးရုံတင်ထားရတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ဘယ်လိုဖြစ်ရတာလဲ မအေးသောင်းရယ် အမြန်ဆုံးသက်သာပါစေ အသက်ရှုကြပ် ဝေဒနာကြောင့် အရေးပေါ် ဆေးရုံတင်ထားရတဲ့ မအေးသောင်း ရုပ်သံ”ဆိုပြီး “ဂီတစာဆို ဗိုလ်အောင်ဒင်”အမည်နဲ့အကောင့်က “သတင်းစုံ”ဖေ့စ်ဘွတ်အဖွဲ့မှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အခြားသောဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တဲ့ “မြန်မာ့သတင်း”၊ “KBZ Media” နဲ့ “M.N.T” တို့မှာလည်း ဒီဗွီယိုကို ပြန်လည်မျှဝေတာတွေ့ရပါတယ်။ Fb link Fb link Fb link Archive link Archive link Archive link အချက်အလက်စိစစ်ချက် သတင်းမှာဖော်ပြထားတဲ့ လူပမာပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပုံဟာ ၂၀၁၉ ခုနှစ် […]

Continue Reading

သရုပ်ဆောင်မေသန်းနု ထောင်ကလွတ်လာပြီဆိုတဲ့ သတင်းမှား

ငွေကြေးလိမ်လည်မှုနဲ့တရားစွဲခံရပြီးထောင်ကျခဲ့တဲ့ သရုပ်ဆောင်မေသန်းနုဟာထောင်ဒဏ်တစ်နှစ်ချမှ တ်ခံထားရပါတယ်။ ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခံရပြီး သိပ်မကြာသေးခင်မှာပဲ မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိလည်းမျှဝေနေ တာတွေ့ရပါတယ်။ အေးအေးဝင်းအမည်နဲ့ အကောင့်က မေသန်းနု ပြန်လွတ်လာပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေခဲ့တာလည်း တွေ့ရပါတယ်။ FB Link Archive link အချက်အလက်စိစစ်ချက် ၁။ ဗွီဒီယိုရဲ့ခေါင်းစဥ◌်မှာ “အတိုင်းမသိဝမ်းသာပါတယ် မင်းသမီးကြီး မေသန်းနုထောင်က ပြန်လွတ်လာပြီ”လို့ ရေးထားပေမဲ့ တကယ်တမ်းဗွီဒီယိုထဲမှာ နောင်ခံစကားပြောထဲမှာ ထောင်တစ်နှစ်ကျသွားတဲ့အကြောင်း သာပါဝင်တာတွေ့ ရပါတယ်။ ၂။ Google မှာပုံကို ပြောင်းပြန်ရှာတဲ့အနည်းအသုံးပြုရှာဖွေရာမှာ အလားတူ ပုံတွေ တွေ့ရပါတယ်။ ဒါပေမဲ့ တရားဝင်သတင်းမီဒီယာတစ်ခုမှ တွေ့ရပါဘူး။ ၃။ “မေသန်းနု ပြန်လွတ်လာ”ဆိုတဲ့ အဓိက စကားလုံးတွေကို Google မှာ […]

Continue Reading