Fact Check: ကချင်အရက်ကကိုဗစ်ပျောက်တယ်ဆိုတာ မဟုတ်ပါ
ကချင်မီးတောက် အရက်သောက်ရင် ကိုဗစ်-၁၉(COVID-19)ရောဂါပိုးသေစေတဲ့အတွက် ကိုဗစ်ရောဂါကို ကုသနိုင်တယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြု ထောင်ဂဏန်းက မျှဝေလျက်ရှိပါတယ်။ ကချင်မီးတောက် အရက်မှာ အရက် ၅၀ ရာခိုင်နှုန်းပါဝင်တဲ့အတွက် ဒီပြင်းအားကြောင့် ပိုးသေစေတာလို့လည်း ရေးသားထားပြီး ဒီပို့စ်မှာပဲ အရက်မသောက်ချင်ရင်လည်း သံပုရာသီးနဲ့ ဂျင်းရောပြီးသောက်တာဖြစ်စေ၊ ဆားနဲ့ပလုပ်ကျင်း တာဖြစ်စေလုပ်ခြင်းအားဖြင့် ပိုးသေစေတယ်လို့ ရေးသားထားပါတယ်။ ဖော်ပြထားတဲ့ နည်းလမ်းတွေဟာ ကိုဗစ်-၁၉ ရောဂါပျောက်ကင်းစေတယ်ဆိုတာမဟုတ်ပါဘူး။ ဒီပစ္စည်းတွေဟာ ကိုဗစ်ပျောက်ကင်းစေတယ်ဆိုတဲ့ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(World Health Organization- WHO)က အတည်ပြုထားပြီးဖြစ်ပါတယ်။ “ကချင်မီးတောက် အရက်မှာ Alchohol around 50%ပါဝင်ပါတယ်။grand မှာ ဆိုရင်တော့ around 40 % လောက်ဖြစ်မယ်ထင်တယ်။ အဲ့ဒါကြောင့် အရက်ပြန်လို handgel နဲ့ပြန်ရောထားတဲ့ alchohol […]
Continue Reading