Fact Check: တရုတ်ကထုတ်တဲ့ Pepsi Cola အပြာဗူးထဲမှာ Covid-19 ပိုးတွေ့ ရတယ် ဆိုတဲ့သတင်းမှား

တရုတ်ကထုတ်တဲ့အခု Pepsi Cola အပြာဗူးထဲမှာ Covid-19 ပိုးတွေ့ရလို့ စက်ရုံယာယီ ပိတ်သိမ်းထားတယ် ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။  “တရုတ်နိုင်ငံထုတ် Pepsi Cola အပြာရောင်ဗူးထဲ၌ Covid-19 ပိုးတွေ့ရှိရ၍ ယင်းစက်ရုံကို ယာယီပိတ်သိမ်း ရပ်ဆိုင်းထားသည်။#crd”ဆိုပြီး “မောင် မောင် ချိုရီ” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက သတင်းတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အလားတူ စွာပဲ “Yin Yin Aye”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အောက်ပါအအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “covid-19 found inside pepsi bottle in china”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး နိုင်ငံတကာသတင်းတွေကို ရှာဖွေရာမှာ […]

Continue Reading

Fact Check: ရေနံချောင်း NLD အမတ်လောင်းကို တိုက်ခိုက်တဲ့ အချက်အလက်မှား ဖြန့်ဝေ

အင်းစိန်ရွာမဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ စာသင် ရဟန်းနဲ့ သင်္ဃာ ၇၅ မှာ COVID-19 ကူးစက်ခံရတဲ့ သတင်းနောက်ဆက်တွဲရေးသားပြောဆိုချက်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ ရေနံချောင်းမဲဆန္ဒနယ်မှာ NLD ပါတီက ဝင်ပြိုင်မယ့် အမတ်လောင်း ဉီးခင်မောင်လင်းက အင်းစိန်ရွာမကျောင်း ပိုးတွေ့ရှိမှုအပေါ် မှတ်ချက်ရေးသားခဲ့တဲ့ ပို့စ်တစ်ခုအဖြစ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “ခင် စစ်သွေး နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဝန်ကြီးလုပ်မယ့် nld လွှတ်တော်အမတ်လောင်း ရေးတဲ့မန့်ကိုကြည့် ခင်မောင်ဝင်း ဆိုတဲ့ကောင်ကို စောက်ရမ်း ရွံတယ် “လို့ ရေးသားမျှဝေထားပါတယ်။ Fb link Archive link “ရွှေ နန်း ထက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း အလားတူမျှဝေထားပါတယ်။ ဒီလိုချိတ်ဆက်ပြီး မျှဝေနေတဲ့ screenshot ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ရေနံချောင်းမြို့နယ် […]

Continue Reading

အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှု ကွန်ယက်အသုံးပြုသူတွေအကြားမှာဖြန့်ဝေနေတာတွေ့ရပါတယ်။ “24.9.2020.မှစ၍ 24 ,10,2020 ထိကျနော်တိုမြန်မာနိုင်ငံသားများကံကောင်းပါပြီ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေများကို မြန်မာနိုင်ငံ အလှှုရှင် အဖွဲ့ချုပ်ထံ ဘဏ်အကောင့်မှတရာဝင် ငွေလွှဲလိုက်ပါပြီ မြန်မာနိုင်ငံ သားတစ်ယေက်ကို (8) သိန်း ရရှိတော့မှာဖြစ်ပါတယ် group ထဲကိုဝင်ထားပါ ကျနော်တို့ ဒါနကုသိုလ် အလှုရှင်များအဖွှဲ့မှ တရာဝင်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အားလုံဘဲ အများမြင်အောင် ဝိုင်းဝန်း share ပေးပါ ဖုန်းနံပါတ်များ ဆက်သွယ်လိုရအောင်းကွန်မက်မှာရေးပေးပါ အောက်ကလင့်ကိုနှိပ်၍ group ထဲဝင်ထားပါ https://www.facebook.com/groups/604699913559406/?ref=share မိမိ Facebook အကောင့်ထဲမှာ 3 ခါတိတိ share ပေးပါ”ဆိုပြီး “Angle Lay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “covid 19 […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း […]

Continue Reading

Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို […]

Continue Reading

အမေရိကန်FDAက ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDAက Covid-19ရောဂါနဲ့ပက်သက်တဲ့ ကာကွယ်ဆေးကို စက်တင်ဘာလ ၂၁ရက်နေ့က ခွင့်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ့မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “အမေရိကန် FDAကတော့ Cpvid-19ကာကွယ်ဆေးကို ဒီနေ့ခွင့်ပြုလိုက်ပါပြီ။ ဝမ်းသာစရာပါ။”လို့ ရေးသားထားတာတွေ့ပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပက်သက်ပြီး အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDA ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်မယ်ဆိုရင် စက်တင်ဘာ ၂၁ရက်နေ့ကြေငြာချက်မှာ FDAဌာနကနေ အတည်ပြုထားတဲ့ Covid-19ကာကွယ်ဆေးမရှိသေးတဲ့အကြောင်းကြေငြာထားတာတွေ့ရပါတယ်။အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ FDA Link ဒါ့အပြင်FDA ဝက်ဘ်ဆိုဒ်ရဲ့ အမေး၊ အဖြေကဏ္ဍမှာ Covid-19ရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန် FDAက အတည်ပြုထားတဲ့ ကာကွယ်ဆေးမရှိသေးကောင်း ထပ်မံရေးသားထားပြီး လက်တွေ့စမ်းသပ်တာတွေကို အရှိန်မြှင့်ကြိုးစားလုပ်ဆောင်နေကြောင်း ရေးသားထားတာတွေ့ရပါတယ်။ […]

Continue Reading

ကိုဗစ်နိုင်တင်း Positiveဖြစ်ရင် အိမ်မှာပဲ ကုသသင့်ပါသလား

ကိုဗစ်နိုင်တင်း Positiveဖြစ်နေပြီး အနံ့ပျောက်တာလောက်ဆိုရင် အိမ်မှာပဲနေပြီး ကုတာက ဆေးရုံသွားကုတာထက် ပိုအဆင်ပြေနိုင်တယ်ဆိုတဲ့ပို့စ်တစ်ခုက လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ “ဒေါက်တာ‌ဒေါ်မိုးမိုးသီရေးတဲ့ အနံ့ပျောက်ကြလို့ ဘာလုပ်ရမလဲမေးရင် ကိုယ့်ဖာသာ Home Qကြမယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေသားထားတဲ့ ပို့စ်မှာ “သူငယ်ချင်းတစ်ယောက် အနံ့ပျောက်နေတယ်ဆိုလို့ ရေးဖြစ်ပါတယ်။ အများစုက ဆေးရုံရောက်ရင် တော်တော်နဲ့ပြန်မဆင်းရမှာရယ်၊ အိမ်ကိုဝတ်ဖြူစင်ကြယ်တွေ လာပိတ်မှာရယ်၊ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေမခံချင်တာရယ်တွေနဲ့ မသွားကြဘဲ ကုချင်နေကြပါတယ်။ ဆရာဝန်တွေကိုယ်တိုင်က P သမားကို ဆေးရုံမတင်ဖို့ Home Q ထားဖို့ ဝိုင်းပြောနေချိန်၊ ကိုယ်ကလဲ ထောက်ခံတဲ့ဖက်ကဖြစ်ပါတယ်။ အနံ့ပျောက်မယ် ဖျားမယ် Positive သမားနဲ့ Contact နီးနီးစပ်စပ်ရှိခဲ့မယ် (၅ မိနစ်အထက်)ဆိုရင် ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။”ဆိုပြီး အိမ်မှာနေသင့်တဲ့ပုံစံတချို့ကို ဆက်လက်ရေးသားထားပါတယ်။ […]

Continue Reading

Civitနဲ့ Vitamin-Cအပါအဝင် နွားနို့၊ ကြက်ဥစတဲ့ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာစေသလား

Civiteနဲ့ Vitamin-Cအပါtဝင် နွားနို့၊ ကြက်ဥစတဲ့ လူကိုအာဟာရဖြစ်စေတဲ့ ဖြည့်စွက်အစာတွေက ကိုဗစ်နိုင်တင်းကို သက်သာပြီး ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ကိုဗစ်လက္ခဏာတွေပြလာရင် မိမိလုပ်ရမှာက ရောဂါအခံ ဆီးချိူ သွေးချိူသွေးတိုးရှိလား အရင်စစ်ရပါမယ် (အိမ်မှာပဲ စက်ဖြင့် စစ်ဆေးပါ လူ အထိတွေ့နည်းနိုင်သလောက် နည်းအောင်ဂရုစိုက်ပါ) ရောဂါအခံရှိလျှင် ဆေးရုံတန်းသွားပါ။ ရောဂါအခံမရှိရင်  *ကြက်ဥ တနေ့2လုံးစားရန်၊* Civit bbi 100 ကို ၂လုံးသောက်ပါ၊*ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ၊ *ရေနွေးကြမ်း အဖန်ရည်သောက်ပါ ဂျင်းနဲ့ထန်းညက် ပြုတ်ထားတာသောက်ပါ၊ *အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ *နေပူနေရင် မနက်နေကို မိနစ် ၂၀လောက်လှူံပါ၊ *နေခင်းဘက်လည်း ထမင်းစားပါ အသီး၊အရွက်တွေစားပါ ကြက်သားငါးစားပါ၊*ပီးရင် ရေနွေးနဲ့သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပီးများများထည့်သောက်ပါ၊ *နေ့ခင်း ၂နာရီလောက်အနည်းဆုံး […]

Continue Reading

COVID-19 လူနာအမှတ် ၁၀၆၁ ပတ်သက်တဲ့သတင်းမှားပျံ့နှံ့

COVID-19 တကျော့ပြန်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစပ်ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်မြိုနယ်မှာ ကူးစက်ခံရမှုအများစုဟာ Music Zone KTV နဲ့လည်း စပ်ဆပ်နေတာတွေ့ရပြီး အဲဒီအထဲမှာ လူနာအမှတ် ၁၀၆၁ ကတစ်ဆင့်နောက်ထပ် လူနာ ၈၀ ကျော်အထိ ကူးစက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ FB Link Achive Link အလားတူပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျှဝေနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံ မူရင်းပိုင်ရှင်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ “#သတင်းအမှားပါ  #တရားစွဲမှာပါ_၆၆ဃနဲ့_သတင်းအမှားကိုတင်တဲ့သူမှန်သမျှ ညီမပုံနဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ညီမ ဂုဏ်သိက္ခာကျအောင် တင်လိုက်တဲ့ post […]

Continue Reading

အီရတ်မှာ မိသားစုဝင် ၁၅ ဦး နာရီပိုင်းခြားပြီး သေဆုံးမှုမြင်ကွင်းလား

သင်္ချိုင်းတစ်ခုမှာ အဖြူရောင်အစနဲ့ ဖုံးအုပ်ထားတဲ့ အလောင်းတွေကို အီရတ်နိုင်ငံက မိသားစုဝင်၁၅ယောက်လုံး နာရီခြားပြီး သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့ပို့စ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ကိုဗစ် ဒုတိယလှိုင်း မျိုးရိုးဗီဇ ပိုမိုပြင်းထန်လာနေပြီ အီရတ်နိုင်ငံက မိသားစုဝင် တယောက်ကနေ တအိမ်သား လုံးကူးစက်ပြီး၅ရက်အကြာ ဝေဒနာပြင်းထန်စွာခံစားရပြီး မိသားစုဝင်၁၅ယောက်လုံး နာရီခြားစီ သေဆုံးခဲ့ သောမြင်ကွင်းပါ မြန်မာပြည်အနေနဲ့မပေါ့ဆကြပဲ ရောဂါကူးစက်မှုမရှိအောင် ကာကွယ်ကြဖို့ လိုနေပါပြီ” လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားတတွေ့ရပါတယ်။ Fb link Archive link အလားတူပို့စ်ကို ဒီနေရာ နဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ ဒီလိုမျိုး ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မျိုးဖြစ်နိုင်ပါသလား။ ဖြစ်နိုင်တာတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေက မိသားစု ၁၅ ဦးနာရီပိုင်းခြားပြီးသေဆုံးခဲ့ပုံတွေလားဆိုတာ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် မိသားစုဝင် ၁၅ ဦးနာရီပိုင်းခြားသေဆုံးခဲ့တယ်ဆိုတဲ့ ဒီပို့စ်မှာ မျှဝေနေတဲ့ […]

Continue Reading