Fact Check: စစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး၃ ဦး NUGထံ ခိုလှုံလာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး NUGထံ ခိုလှုံလာတယ်လို့ ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်မှာ ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှု သာဖြစ်တယ်။ 

ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  

“ဒုတိယ ဗိုလ်ချုပ်ကြီး(၃)ဦး NUGထံ ခိုလှုံလာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှူးအပါဝင် အရာရှိ (၃)ဦး NUGထံ အလင်းဝင် ၊ နေပြည်တော်စစ်ရုံးချုပ် ပွတ်လောရိုက်နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

မြန်မာစစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး NUGထံ ခိုလှုံလာတဲ့ ဒီသတင်းကို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။

ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”ယူကျူ့ချန်နယ်ဟာ  သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

တကယ်တမ်း ဗွီဒီယိုထဲမှာ ‌ဖော်ပြထားတဲ့အကြောင်းအရာဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို CDM ဗိုလ်ကြီးထက်မြတ်က သုံးသပ်ပြောကြားနေတဲ့ ဗွီဒီယိုဟောင်းကို အသံဖိုင် ပြန်လည် ထုတ်နုတ်ပြီး ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာ တော်လှန်ရေးရဲဘော်တစ်ဦးက နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသူတွေကို သတိပေးတဲ့ ဗွီဒီယိုဖိုင်အကြောင်း၊ ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ် ဗိုလ်ကြီးတဦး ဇူလိုင်လ ၁၅ ရက်နေ့က လက်နက် ၁၈ လက်နဲ့ ခဲယမ်းတွေ ယူပြီး ထွက်ပြေးသွားတဲ့ သတင်းနဲ့ ‌ရခိုင်ပြည်နယ် ကျောက်ဖြူတိုက်ပွဲ စတာတွေကို ပြန်လည်‌‌ဖော်ပြထားခြင်းဖြစ်တယ်။

Fact Check: သမ္မတထရမ့်တွေ့ဆုံမှုအပြီး NUG ကို အမေရိကန်က လက်နက် သန်း ၅၀၀ ဖို့ထောက်ပံ့ဆိုတဲ့ သတင်းတု

သုံးသပ်ချက်

“Yangon Khithit”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း မြန်မာစစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး NUGထံ ခိုလှုံလာတယ်ဆိုပြီး  သတင်းခေါင်းစဉ်ကို လုပ်ကြံရေးသားမျှဝေထားပေမဲ့ ဗွီဒီယိုထဲမှာတော့ Breaking Brainwahsed ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ နွားထိုးကြီးမြို့နယ်မှာ တော်လှန်ရေးရဲဘော်တဦးရဲ့ ပြောကြားချက်၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဗိုလ်ကြီးတဦး စစ်တပ်က ထွက်ပြေးမှုနဲ့ ကျောက်ဖြူတိုက်ပွဲ သတင်းတွေကို သတင်းတွေကို ပြန်လည်မျှဝေ ထားတယ်။

Result Stamp

Title: Fact Check: စစ်တပ်ဘက်က ဒုတိယ ဗိုလ်ချုပ်ကြီး၃ ဦး NUGထံ ခိုလှုံလာတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *