Fact Check: ရုရှား ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ဝင်ရောက်လာပုံလား – မဟုတ်ပါ

ဇူလိုင် ၃၀ ရက်က ရုရှားနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်အပြီး ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ရောက်လာပုံဆိုပြီး ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  ဓာတ်ပုံဟောင်းတွေသာဖြစ်ပြီး လက်ရှိအဖြစ်အပျက်က မဟုတ်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီပို့စ်ဟာဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော်ရရှိထားပြီး ပြန်လည်မျှဝေမှု‌ပေါင်း ၂၂၀ ကျော်ရှိထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ရုရှားနိုင်ငံ ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ် ပြိးနောက် ဆူနာမီလှိုင်းလုံးကြီးများ ယနေ့ ဇူလိုင် ၃၀ ရက်၊ ဂျပန်နိုင်ငံ ရေတက်လာတည့်မြင်ကွင်း #မြေငလျင်သတိပေးချက် #ဆူနာမီသတိပေးချက် […]

Continue Reading

Fact Check: ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG အကြပ်ကိုင်တဲ့ သတင်းတု

ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG က အကြပ်ကိုင်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာ‌တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတဲ့ နေရာ တခုဖြစ်တာတွေ့ရတယ်။ ရံဖန်ရံခါ […]

Continue Reading

Fact Check: သမြားနီက ကင်ဆာနဲ့ အိပ်ချ်အိုင်ဗွီရောဂါတွေ ကုသနိုင်လား- အထောက်အထားမရှိပါ

သမြားနီ(Stemona curtissi)က ကင်ဆာအမျိုးမျိုးကို ကုသနိုင်ပြီး အိပ်ချ်အိုင်ဗွီ(HIV)ပျောက်ကင်းစေ နိုင်တယ်လို့ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ တိကျတဲ့ အထောက်အထားမရှိပါဘူး။  ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “သမြားနီ ပျောက်ကင်းသောရောဂါများကတော့ ခေါင်းမူးပြီးအသားအရေမမှန်ခြင်း သွေးကင်ဆာဖြစ်ခြင်း လည်ချောင်းကင်ဆာ ဂရင်ဂျီနာ လိပ်ခေါင်းသွေးကျရောဂါ အစာအိမ်ကင်ဆာ အမျိုးသမီးရောဂါအမျိုးမျိုတို့ကိုပျောက်ကင်းစေပါတယ် ခုခံအားကျဆင်းသည့်ရောဂါ  HIVဘီပိုး စီပိုး ကူးစက်တက်တဲ့ပိုးရောဂါတွေလည်းပျောက်ကင်းပါသည် သမြားနီဆေးပင်ဖြင့်  HIVရောဂါဝေဒနာရှင်များရှာဖွေပြီး ကုသပေးရာ ရာနှုန်းပြည့်ပျောက်ကင်းကြောင်းလေ့လာတွေ့ရှိရပါတယ်” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာလို သမြားနီလို့ ခေါ်တဲ့ သိပ္ပံအမည် Stemona ဟာ ဒီလိုပျံ့နှံ့နေတဲ့ […]

Continue Reading

Fact Check: အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတုတွေ ဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားတက်ရောက်တယ်ဆိုတာက အစ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီအလယ်၊ သူနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုအဆုံး ဗွီဒီယိုတွေ  ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။  ဒေါ်အောင်ဆန်းစုကြည် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၉ ရက်က ဖြန့်‌ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း  ၁ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။  “တပ်ချုပ်နဲ့ လူထုခေါင်းဆောင် တွေ့ဆုံ အာဇာနည်နေ့မှာ နာရီ ၄ချက်အထိ တွေ့ဆုံဆွေးနွေး ပြည်သူ့မိခင်ကြီး ပြတ်ပြတ်သားသား အပြတ်ပြော” Original link | Archive link ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုကို ဒီနေရာနဲ့ အာဇာနည်နေ့အခမ်းအနား သူတက်တယ်ဆိုတဲ့ […]

Continue Reading

Fact Check: အာဇာနည့်နေ့ အခမ်းအနား ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင် သေဆုံးတဲ့ သတင်းတု

အာဇာနည့်နေ့ အခမ်းအနား ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ခေါင်းဆောင် သေဆုံးသွားတယ်ဆိုတဲ့ ဗွီဒီယို “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာ‌တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတာနဲ့ လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။  အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌‌ဖော်ပြခဲ့တဲ့  […]

Continue Reading

Fact Check: အလက်စကာပြည်နယ်မှာ အင်အား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးပြိုကျတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှာ အင်အား ၇ ဒဿမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်မှုဆိုပြီးတော့ အုတ်ခဲနီရောင်လွှမ်မိုးတဲ့ အထပ်မြင့် အဆောက်အဦး နှစ်လုံး ပြိုကျသွားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ဒီဗွီဒီယိုဟာ အလက်စကာပြည်နယ်မှာ ဇူလိုင် ၁၆ ရက်က လှုပ်ခတ်ခဲ့တဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး Google မှာ ပုံရှာနည်းအသုံးပြုပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးကို […]

Continue Reading

Fact Check: အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ သတင်းတု

အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူ(KNU)ကို ဂုဏ်ပြုစကား‌ပြောတယ်ဆိုတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဗွီဒီယို တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “KNU တပ်မဟာ 6/7 နယ်စပ် တလျှောက်မှာ ရှိတဲ့ နယ်ချဲ့စကစ စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က KNU ကို ကျေးဇူးတင်စကား/ ချီးကျူးစကားများနှင့် ဂုဏ်ပြုစကားများကို ပြောပါတယ် တဆက်တည်းမှာပဲ ကရင်ခွဲထွက်အဖွဲ့(DKBAငဘိ/DKBAစတီးလ်/KTLAဓားမြ/KPCထော့လေး/BGF-KNAချစ်သူ)တွေကို KNU နဲ့ အမြန်ဆုံးပြန်ပေါင်းဖို့ တပါတည်းပြောသွားခဲ့ပါတယ်” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် သမ္မတ ထရမ့်က နယ်စပ်စခန်းတွေ […]

Continue Reading

Fact Check: စစ်‌ခေါင်းဆောင် ပုဂံခရီးစဉ်အတွင်း တိုက်ခိုက်ခံရပြီး အရေးပေါ်အခြေ အနေဖြစ်တဲ့ သတင်းတု

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် ပုဂံခရီးစဉ်အတွင်း တိုက်ခိုက်ခံရပြီး အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတဲ့ ဗွီဒီယိုတခု “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၃ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၃ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “တိုက်ပွဲထဲ့ရောက်သွားပြီ တပ်ချုပ် အရေးပေါ်  ဖြစ်နေပြီ ပုံဂံ ‌ညောင်ဦးသို့ ဘုရားဖူးသွားတဲ့ တပ်ချုပ် ဝိုင်းပစ်ခံရ လေယာဉ် ၆ စင်းနဲ့ ဗုံးကြဲနေပြီ”(မူရင်း အရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် အခုလို […]

Continue Reading

Fact Check: ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတဲ့ သတင်းတု

ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၁ ရက်က ဖြန့်‌ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ၇ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။  “မအလ ထိုးကြွေးနေပြီ အကျဉ်းဦးစီးကို သေဒဏ်ပေးပြီ ရွှေညဝါ ဆရာတော်နှင့် မောင်သာချိုသေဆုံးမှု  ပြဿနာတက်နေပြီ သေဒဏ်ပေးရန် အမိန့်ပေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး မကြာခဏ အချက်အလက်စိစစ်ချက် ‌ဖော်ပြခဲ့ပြီးဖြစ်တယ်။  ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီချန်နယ်ကို […]

Continue Reading

Fact Check: ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူတွေကို စစ်တပ် ဗုံးကြဲတိုက်ခိုက်တဲ့ သတင်းတု

လပြည့်ကျော် ၁ ရက်နေ့မှာ စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ရာ ရန်ကုန်က  ရွှေတိဂုံအပါအဝင် ဘုရားဖူးပြည်သူ တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “လပြည့်ကျော် (၁)ရက်နေ့ ဗုံးကြဲပြန်ပြီ ရွှေတဂုံ အပါဝင် ဘုရားဖူးပြည်သူများကို စစ်တပ်က ဗုံးကြဲ အများပြားသေဆုံးနေပြီဗျာ” Original link | Archive link အချက်အလက်စိစစ်ချက် အခုလို ဗွီဒီယိုကိုဖော်ပြထားတဲ့ “Yangon Khit Thit”အမည်နဲ့ […]

Continue Reading