Fact Check: KIA က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလား-မဟုတ်ပါ

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) က ရဟတ်ယာဉ်တစ်စီး ပစ်ချလိုက်တဲ့ ဗွီဒီယိုလို့ ဆိုပြီး Reel ဗွီဒီယိုပို့စ်တစ်ခု ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ ရဟတ်ယာဉ်တစီးကို တခုခုနဲ့ ထိမှန်ပြီးနောက် လေထဲမှာပဲ ပေါက်ကွဲသွားတဲ့ စက္ကန့်ပိုင်းမျှသာ ကြာမြင့်တဲ့ ဒီဗွီဒီယိုမြင်ကွင်းကို ကြည့်ရှု့မှုပေါင်း သောင်းချီရှိခဲ့ပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “KIA ရဲ့ လက်စွမ်းဖြစ်ပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလို KIA က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့အကြောင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ လတ်တလော သတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုကို  Google မှာ ပုံရှာနည်းအသုံးပြု […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့ သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲခံရပြီး သေမသေ မသိရသေး ဘူးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုတခု သာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။  “ဗိုလ်ချုပ်စိုးဝင်း ဇာတ်သိမ်းပြီဟေ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း မန္တလေးနန်းတွင်မှာဗုံးကြဲခံရ သေမသေမသိရသေး(ပွဲဆူပြီဟေ့)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြတာ၊ ဖေ့စ်ဘွတ် အသုံးပြုသူတွေ မျှဝေတဲ့  အတွေးအမြင်တွေကို ပြန်လည်ဖြန့်ချိတာ တွေလုပ်ရာမှာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာဆိုတဲ့ သတင်းတု

တောင်ကြီးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း NUG ကြေညာလိုက်တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယို စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက် ကိုကြည့်ပါ။  “တောင်ကြီးမြို့သိမ်းပြီဟေ့ တောင်ကြီးမြို့ကို အပီးသတ်သိမ်းနိုင်သွား ပီလို့ NUG ထုပ်ပြန်လိုက်ပီဟေ့”(မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ တောင်ကြီးမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းဖော်ပြချက် မရှိပါဘူး။ ဒီလိုပဲ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ဒီလိုကြေညာတယ်ဆိုတဲ့ သတင်း ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Myawaddy News”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့် မယ်ဆိုရင် သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ တခြားသော လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ ရေးသားမျှဝေချက်တွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံဆိုတဲ့ သတင်းတု 

စစ်ခေါင်းဆောင် နေပြည်တော်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး သေသလား၊ ရှင်သလား မသိရသေးဘူးလို့ဆိုပြီး ဗွီဒီယို တခု ယူကျူ့မှာ ဖြန့်ဝေနေရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။ ဩဂုတ် ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယို ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော် ရရှိထားတယ်။ “မင်းအောင်လှိုင် ဗုံးခွဲခံရပြီ နေပြည်တော်မှာမင်းအောင်လှိုင် ဗုံးခွဲခံရ မအလကြင်စိုး သေမသေမသိရသေး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါ။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ […]

Continue Reading

Fact Check: နေပြည်တော်ကို သိမ်းပိုက်ဖို့ တရုတ်စစ်ကူ ၅၀၀၀ လားရှိုးရောက်နေဆိုတဲ့ သတင်းတု

နေပြည်တော်ကို တိုက်ခိုက်ဖို့အတွက် တရုတ်စစ်ကူ ၅၀၀၀ လာရှိုးကို ရောက်ရှိနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။   အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်း ဖြစ်တယ်။  “စစ်ကောင်စီကို တရုတ်စစ်ကြေငြာ စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကိုတိုက်ခိုက်ဖို့  တရုတ်စစ်ကူ(၅၀၀၀)လာရှိုးသို့ရောက်ရှိနေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကလည်း ဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit News” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည် ကူးယူပြီး ခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းခေါင်းစဉ်တွေ တပ်ကာ […]

Continue Reading

Fact Check: SAMSUNG မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်ဆိုတဲ့ သတင်းတု

ဆမ်ဆောင်း(SAMSUNG)မွေးနေ့ အထိမ်းအမှတ် ဖုန်းအသစ် အလုံး ၉၈၀ ပေးမယ်လို့ ဆိုလိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဩဂုတ် ၅ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလား တူညီတဲ့ရေးသားမျှဝေမှုကို ဒီစာမျက်နှာကပဲ ဇူလိုင် ၄ ရက်က ဖြန့်ဝေခဲ့ရာမှာတော့ ပြန်လည်မျှဝေမှုပေါင်း ၃၆၀၀ ကျော်ရရှိခဲ့တယ်။ ဒီမှာကြည့်ပါ။  ပဟေဠိဖြေဆိုနိုင်သူတွေကို ဆမ်ဆောင်းက ဖုန်းလက်ဆောင်တွေပေးနေတယ်ဆိုပြီးတော့ မျှဝေခဲ့ပါသေးတယ်။ “SAMSUNG မွေးနေ့ အထိမ်းအမှတ်။ *SAMSUNG* သည် 2024 ခုနှစ် ဩဂုတ်လ 12 ရက်မတိုင်မီ “Happy Birthday” ကိုဆန္ဒပြုလိုသူတိုင်းထံ Samsung ဖုန်းအသစ် 980 လုံးကို လက်ဆောင်ပေးပါသည်။ […]

Continue Reading

Fact Check: မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးတဲ့ သတင်းတု

မန္တလေး အိုးဘိုထောင်ကို PDF တွေ ဝင်စီးပြီး ထောင်သားအားလုံးလွတ်လာတယ် ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “မနက်အထူးသတင်းကြီး မန္တလေးအိုးဘိုထောင် PDF မီးရှို့ပြီ ထောင်မှူးနဲ့ရဲခွေးတွေကိုလည်ပင်းကြိုးစွပ်ပြီး ထောင်ပေါက်ဝမှအကုန်ချိတ်ဆွဲထားလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆိုရင် မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ခေါင်းစဉ်လွဲတွေတပ်ကာ ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီချန်နယ်ဟာ စလော့ဂိမ်းတွေကို ကြော်ငြာပေးတဲ့နေရာအဖြစ် ပြောင်းလဲထားပါတယ်။  ဩဂုတ် ၅ ရက်မှာ ဖြန့်ဝေခဲ့တဲ့ […]

Continue Reading

Fact Check: ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးဆိုတဲ့ သတင်းမှား

ရုရှားကို စစ်ကူတောင်းတဲ့ USDP ဥက္ကဌ ဦးခင်ရီကို အမေရိကန် ပြင်းပြင်းထန်ထန် သတိပေးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။   “အမေရိကန် အမိန့်လာပြီ  USDP ဥက္ကဌ ခင်ရီက ရုရှားကို စစ်ရေးအကူအညီတောင်းခံမှု အမေရိကန် ပြင်းထန်သတိပေး/NUG အောင်ပွဲခံဖို့နီးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်း ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ ပြောထားသလို စစ်တပ်လိုလားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌက တော်လှန်ရေး အဖွဲ့တွေနဲ့ နိုင်ငံအနှံ့မှာ […]

Continue Reading

Fact Check: ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီ ကြေညာဆိုတဲ့ သတင်းတု

ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သားထောက်ပံ့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု  ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ပါ စာသားကို အောက်မှာကြည့်ပါ။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “ယုံတောင်မယုံနိုင်ဘူးဟေ့ ပြည်သူတိုင်းကို ငွေ (၁၀)သိန်းနဲ့ ရွှေ (၂)ကျပ်သား ကူညီထောက်ပံ မယ်လို့စစ်ကောင်စီကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ပြည်သူတိုင်းကို ငွေ ၁၀ သိန်းနဲ့ ရွှေ ၂ ကျပ်သား ကူညီထောက်ပံ့မယ်လို့ စစ်ကောင်စီကြေညာလို့ ဆိုထားပေမဲ့ လွတ်လပ်တဲ့ မီဒီယာတွေအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဒီသတင်းကို […]

Continue Reading

Fact Check: အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံရလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ဆိုတဲ့ သတင်းတု

အသိမ်းခံရတဲ့ လားရှိုး စစ်ဌာနချုပ်တိုင်းမှူးသေဒဏ်ပေးခံလို့ ကျန်တိုင်းမှူး အားလုံးနုတ်ထွက်စာတင်ကုန် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “လားရှိုးမြို့စစ်ဌာနချုပ် အသိမ်းခံရမှုနဲ့ တိုင်းမှူးကို သေဒဏ်ကြေငြာလို့ တိုင်းမှူးအားလုံး နှုတ်ထွက်စာတင် မန္တ‌လေးတိုင်းမှူးပါ ပျောက်ဆုံးသွားပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ […]

Continue Reading