Fact Check: ကုလအထူးကိုယ်စားလှယ် ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဆိုတဲ့ သတင်းတု
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပြန့်နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “UN အထူးကိုယ်စားလှယ် နေပြည်တော်ရောက်ရှိ မင်းအောင်လှိုင်နဲ့ချက်ခြင်းတွေ့ပြီးကြားဝင်စေ့စပ် ဦးဝင်းမြင့်နဲ့ အမေစုကွင်းလုံးကျွတ်လွတ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story(Myanmar)”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တု ဒါမှဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် တွေတပ် ဖြန့်ချိလေ့ရှိသလို တခါတရံမှာ လုံးဝလုပ်ကြံရေးသားဖြန့်ဝေချက်တွေလည်း ပြုလုပ်လေ့ရှိတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]
Continue Reading
