Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီး လွှတ်ဖို့လုပ်လို့ တိုင်းမှူး ၅ ယောက် ဖြုတ်ချခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး လွှတ်ပေးဖို့ လုပ်တဲ့အတွက် တိုင်းမှူး ၅ ယောက်ကို ရာထူးကနေ စစ်ခေါင်းဆောင် ဖြုတ်ပစ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “မအလ မသိအောင် ဒေါ်စုကို တွေ့ပြီး  လွှတ်ဖို့လုပ်တဲ့ တိုင်းမှူး(၅)ယောက် ဖြုတ်ချခံရ တပ်တွင်းပုန်ကန်မှု ပွဲဆူကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး […]

Continue Reading

Fact Check: ရန်ကုန်တိုင်းစစ်ဌာနချုပ်ဖောက်ခွဲမှု ဗိုလ်ချုပ် ၃၀ ဦးသေဆုံးတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

ရန်ကုန်တိုင်းရုံးပေါက်ကွဲမှုမှာ ဗိုလ်ချုပ် ၃၀ ဦးသေဆုံးခဲ့တယ်လို့ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “ရန်ကုန်တိုင်းစစ်ဌာနချုပ်ဆဖါက်ခွဲမှုဗိုလ်ချုပ်(၃၀)သေ  မအလနဲ့စိုးဝင်း ထိပ်တိုက်တွေ့ပြီးချကုန်ပြီဟေ့”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ ရှိတဲ့ ချန်နယ် တခုဖြစ်တာ တွေ့ရပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက် စိစစ်ဖော်ပြခဲ့တာရှိပါတယ်။ […]

Continue Reading

Fact Check: လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်သား ၅၀၀ လေယာဉ်နဲ့ ‌ဗုံးကြဲခံရဆိုတဲ့ သတင်းတု

လိုင်ဇာအနီးက ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်သား ၅၀၀ လေယာဉ်နဲ့ ဗုံးမှားကြဲမိလို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “လေယာဉ်နဲ့ဗုံးမှားကျဲပြီဟေ့  လိုင်ဇာအနီးစစ်စခန်းများမှဆုတ်ခွာလာတဲ့စစ်ခွေး(၅၀၀) လေယာဉ်နဲ့ဗုံးမှားကျဲမိပြီးအစုပြုံလိုက်သေကုန်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို အိန္ဒိယတပ်ချုပ် လက်နက်ချခိုင်း၊မလိုက်နာရင် AA နဲ့ NUG ကို ကူညီမယ်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင်ကို အိန္ဒိယတပ်ချုပ် လက်နက်ချခိုင်းပြီး မလိုက်နာရင် AA နဲ့ NUG ကို ကူညီမယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “အိန္ဒိယတပ်ချုပ်နဲ့အဖွဲ့ရောက်ချလာ မင်းအောင်လှိုင် လက်နက်ချဖို့ပြောလို့ ဒုက္ခကြီးတွေ့ပြီ  မလိုက်နာရင် AA နဲ့ NUG ကို စစ်ကူရလိမ့်မယ်တဲ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: ရခိုင်မှာ သေဆုံးခဲ့တဲ့ သင်္ဘောပေါ်ပါလာတဲ့ တပ်မိသားစုဝင်တွေရဲ့ ‌နောက်ဆုံးမြင်ကွင်းပုံလား- မဟုတ်ပါ

ရခိုင်မှာ ရခိုင့်တပ်တော်(AA)က စစ်သင်္ဘောကို တိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ တပ်မိသားစုဝင်တွေရဲ့ နောက်ဆုံး ဓာတ်ပုံနဲ့ ရေနစ်သေဆုံးနေတဲ့ မြင်ကွင်းဓာတ်ပုံ ၂ ပုံ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားတခုဖြစ်ပြီး ဓာတ်ပုံတွေဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။    ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော ၃ စင်း နစ်မြုပ်ခဲ့ပြီး စစ်တပ်ဘက်က ရာဂဏန်းသေဆုံးမှုအပြီးမှာ ဒီလိုဖြန့်ချိလာတာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။  “ရေယဥ်ပေါ်ပါသွားတဲ့ တပ်မိသားစု မြင်ကွင်း နောက်ဆုံးပုံလေးပါ ငါ ကမ္ဘာမကြေဘူနော်  လက်နက်ကိုင်တဲ့လူအချင်းချင်းtaတာတောငါတို့လက်ခံတယ် မဟုတ်လား လက်နက်မပါတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ မှီခိုသူတွေ သူတို့မှာ […]

Continue Reading

Fact Check: SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာတဲ့ သတင်းတု

ရှမ်းလက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ SSPP နဲ့ RCSS က စစ်ကောင်စီကို စစ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ ဒီအပြင် RCSS က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်လို့ လည်းပါရှိပါတယ်။ သတင်းတုသတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “အရေးပေါ်သတင်း အကြမ်းဆုံးလက်နက်ကိုင် ၂ ဖွဲ့ RCSS နဲ့ SSPP အခုပဲ နေပြည်တော်ကို စစ်ကြေညာ NCA အကုန်ဖျက်သိမ်းကြောင်း RCSS ကြေညာ” မူရင်းလင်ခ့် – Youtube links | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ […]

Continue Reading

Fact Check: ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှား

ရန်ကုန်ကြည့်မြင်တိုင်ကို PDF တွေဝင်စီးတဲ့ သတင်းတုသတင်းမှားဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေ ထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာပြတဲ့ thumbnail ဓာတ်ပုံထဲမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်စွဲနဲ့ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၇၀၀၀၀ ‌ကျော်ရရှိထားပါတယ်။ “ရန်ကုန်၊ ကြည့်မြင်တိုင်ကို PDF များစီးနင်းကုန်ပြီဗျို့ အာဏာရူးအုပ်စုအသေဆိုးနဲ့သေကုန်ပြီ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။  အခုလို ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနအမည်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်တယ်။ […]

Continue Reading

Fact Check: အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ် မအောင်မမြင်ဖြစ်ခဲ့ပြီး ပုံဟောင်းတွေကို မီဒီယာတွေက ပြန်သုံးခဲ့ရဆိုတဲ့ သတင်းမှားပျံ့နှံ့

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာ လူထုပါဝင်မှုနည်းတာကြောင့် မီဒီယာတွေအနေနဲ့ ဓာတ်ပုံဟောင်း တွေပဲ ပြန်လည်ဖော်ပြခဲ့ကြရတယ်လို့ RFA Burmese သတင်းမှာဖော်ပြခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်အကောင့်တွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတခု သာဖြစ်တယ်။  ၃ နှစ်ပြည့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ခြင်းအားဖြင့် ဆန္ဒပြကြဖို့ ‌တော်လှန်ရေးအင်အားစုတွေဘက်က ‌ဆော်ဩခဲ့ကြပြီး လူထုပါဝင်မှုရှိတာကို ပြသတဲ့အနေနဲ့ အသွားအလာကင်းမဲ့နေတဲ့ လမ်းမတွေပုံကို‌ ဖော်ပြကြပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေကတော့ မြို့ပြကြီးတွေမှာ ပုံမှန်အတိုင်း စည်ကားနေပုံဆိုပြီး ဓာတ်ပုံတွေကို တန်ပြန်အနေနဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှု သတင်းတု သတင်းမှားတွေပျံ့နှံ့

စစ်ခေါင်းဆောင်နဲ့ ဒုတိယစစ်‌ခေါင်းဆောင် နုတ်ထွက်မှုလို့ဆိုလိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “တရုတ်နဲ့ သန်းရွှေကပါ မလိုချင်တော့တဲ့ မင်းအောင်လှိုင် နှုတ်ထွက်မဲ့ သတင်း တစ်နိုင်ငံလုံးပြည်သူများ နားထောင်ပေးပါ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ဒုတိယစစ်ခေါင်းဆောင် နုတ်ထွက်စာတင်တယ်လို့ ရေးသားမျှဝေထားပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တမ်း ဗွီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ အတွေးအမြင် ဆောင်းပါတပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်တယ်။ မူလဆောင်းပါးကို ဒီလင့်ခ်မှာကြည့်ပါ။ ဧရာဝတီသတင်းဌာနရဲ့ မူလဖော်ချက်မှာလည်း စာဖတ်သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ “အားလုံးက မမြင်လိုတော့သည့် မင်းအောင်လှိုင် နုတ်ထွက်မလား”လို့ […]

Continue Reading

Fact Check: အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ပင်လယ်နီထဲမှာ အမေရိကန်သင်္ဘောကို ဟူသီတွေတိုက်ခိုက်လို့ မီးလောင်နေပုံအဖြစ် ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။ အစ္စရေး-ဟားမက်စ်အကြား စစ်ပွဲတွေနဲ့ အတူ ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ အစ္စရေးပိုင်သင်္ဘောတွေကို တိုက်ခိုက်နေရာကနေ  အရှေ့အလယ်ပိုင်းက ပင်လယ်နီထဲမှာ ဖြတ်သန်းသွားလာတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှု တကျော့ပြန်လုပ်လာခဲ့ပြီး အမေရိကန်နိုင်ငံပိုင် ကုန်တင်သင်္ဘောတစီးကို ဇန်နဝါရီ ၁၅ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဒီဗွီဒီယိုဖြန့်ဝေလာခဲ့တာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “ပင်လယ်နီအတွင်း အမေရိကန်ပိုင် ကွန်တိန်နာသဘ်ော မီးလောင်နေပုံ။  အစ္စရေးပိုင်နှင့် အစ္စရေးသို့ သွားရောက်ကုန်သွယ်သော သဘ်ောများသာမက ယခု အမေရိကန်တို့နှင့် သက်ဆိုင်ပတ်သက်သော သဘ်ောများကိုပါ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု ယီမင် ဟူသီတို့က ကြေညာချက်ထုတ်ပြန်။” […]

Continue Reading