Fact Check: ဧပြီလမှာ စစ်ခေါင်းဆောင်အနားယူမယ်ဆိုတဲ့ သတင်းတု

ဧပြီလထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနားယူတော့မယ်လို့ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ၅ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃ သိန်းခွဲရှိထားပါတယ်။ “ကမ္ဘာကပါ လန့်သွားရတဲ့ မင်းအောင်လှိုင်ရဲ့ ကြေငြာချက်ကြီး ၄လပိုင်းမှာ ပင်စင်ယူတော့မယ်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီလိုရေးသားဖော်ပြချက်မတွေ့ရပါဘူး။  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့  Naypudaw Khit Thit Radio ကိုလေ့လာကြည့်ရာမှာ လူမှုကွန်ယက်မှာ အထူးသဖြင့် ဖေ့စ်ဘွတ်အသုံးပြုသူတွေရေးသားတဲ့ […]

Continue Reading

Fact Check: ပြင်သစ် အီဖယ်မျှော်စင် မီးလောင်ကျွမ်းမှု သတင်းမှား

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အထင်ကရ အဆောက်အအုံဖြစ်ပြီး ကမ္ဘာကျော် အီဖယ်တာဝါ မီးလောင်နေပြီး မီးဟာ မထိန်းနိုင် မသိမ်းနိုင်လောင်ကျွမ်းနေတယ်လို့ဆိုပြီး ဓာတ်ပုံ ၃ ပုံ ဖေ့စ်ဘွတ်နဲ့  အိက်စ်ပလက်ဖောင်း တွေမှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ အိက်စ်မှာ ရေးသားဖြန့်ဝေထားတာကို ဒီမှာ မှာတွေ့ရပါတယ်။ “အီဖယ်မျှော်စင် ကမ္ဘာပေါ်တွင် အထင်ရှားဆုံးအထိမ်းအမှတ်များထဲမှ တစ်ခုဖြစ်သည်။ ပါရီမြိုလယ်မှာ မီးလောင်နေပါတယ်။ နောက်ဆုံးရသတင်းများမှာ ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအား မီးသတ်သမားများက ထိန်းမနိုင်သေးကြောင်း သိရသည်။ https://t.me/aung4661” မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: ပြင်ဦးလွင်နဲ့ မန္တလေးမှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံးမှု သတင်းတု

ပြင်ဦးလွင်နဲ့ မန္တလေးကို တော်လှန်ရေးအင်အားစုတွေက မှာ တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး ဗိုလ်လောင်း ၇၀၀ ကျော်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အပစ်ခတ်ရပ်စဲရေး မအလအကြိမ်ကြိမ်ချိုးဖောက်၍ ပြင်ဦးလွင်၊ မန္တလေး တပြိုင်နက်တိုက်ခိုက် ဗိုလ်လောင်း(၇၀၀)ကျော်သေဆုံး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့  Nway Oo Tv News အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။ အခုလည်း  တကယ်တမ်း ဗွီဒီယိုပါ အကြောင်း အရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ဖွဲ့ ၅၀၀၀ နဲ့ ရန်ကုန်ကို ဝိုင်းထားလို့ လုံးဝအပြင်မထွက်ဖို့ တိုက်တွန်းတဲ့ သတင်းမှား

တော်လှန်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ နဲ့ ရန်ကုန်မြို့ကို ဝိုင်းထားပြီးဖြစ်တာကြောင့် ဥဩဆွဲသံနေ ဆူညံနေပြီး လုံးဝအပြင်မထွက်ကြဖို့ သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဇန်နဝါရီ ၁၅ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတုသတင်းမှားဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားတဲ့ စခရင်ရှော့နဲ့ စာသားကို အောက်မှာကြည့်ပါ။  “(၁၅)ရက်နေ့ မအလ ရှုံးမဲမဲဖြစ်ပြီး ရန်ကုန်မြို့အရေးပေါ်ပြီဟေ့ တော်လှန်ရေးတပ်ဖွဲ့(၅)ထောင်နဲ့ တမြို့လုံးဝိုင်းထားကြပြီ လုံးဝအပြင်မထွက်ကြပါနဲ့/ ဥဩဆွဲသံ ဆူညံကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံရေးသားထားတဲ့ သတင်းတုတွေ ဖြန့်ချိနေခြင်းဖြစ်တယ်။  ၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာလည်း ဒီလို ရန်ကုန်ကို တော်လှန်ရေးအင်အားစုတွေ ဝိုင်းထားပြီဆိုတဲ့အကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

တော်လှန်ရေးအင်အားစုတွေက ကလေးစစ်သားစုဆောင်းနေတဲ့ သက်သေလို့ဆိုပြီး ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားဖြန့်ဝေနေတာဟာ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်ပို့စ်တခုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ကလေးငယ်မျာကိုပါ လူသစ်စုဆောင်း တိုက်ပွဲအတွင်း အသုံးချမှုများ လုပ်လာတဲ့ စစ်သွေးကြွး အကြမ်းဖက်သူပုန်များရဲ့ လုပ်ရပ်သက်သေ#BN”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အတွင်းက တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)က စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတခုကို ဝင်တိုက်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ်၊ ဂျာယန်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ဂျာယန်ပြည်သူ့စစ်စခန်း ကို စီးနင်းသိမ်းပိုက်ပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းခံထားရတဲ့ တအာင်းလူမျုး ၁၂၇ […]

Continue Reading

Fact Check: ၆ လသက်တမ်းမတိုးတော့ဘဲ ရာသက်ပန် အနားယူတော့မယ်လို့ စစ်ခေါင်း‌ဆောင် ကြေညာတဲ့ သတင်းတု 

ဇန်နဝါရီ ၃၁ ရက်မှာ အနားယူတော့မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လာမယ့် ဇန်ဝါရီ ၃၁ ရက်မှာ ၆ သက်တမ်းကုန်ပြီး အနားယူတော့မယ်လို့ ကြေညာတာကြောင့် တကမ္ဘာလုံးက ကခုန်နေကြပြီလို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုထားပါတယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဖြန့်ဝေအပြီး ၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၃၀၀၀၀ ကျော်ရှိတယ်။ “လာမယ့် ၃၁ ရက်နေ့ ၆ လတိုးသက်တမ်းကုန်ပြီဖြစ်လို့ ပလ္လင်ပေါ်က ဆင်းတော့မယ်တဲ့ ရာသက်ပန် အနားယူတော့မည်ဟု မအလ ကြေညာ တကမ္ဘာလုံး ကခုန်နေကြကုန်ပြီ” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ) က သေဒဏ် ချမှတ်လိုက်တယ်၊ ကုလသမဂ္ဂက ဖမ်းဖို့ အမိန့်ပေးလိုက်တယ်စသည့်ဖြင့် ပြောဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။  “(၅)ရက်နေ့ အရေးပေါ်သတင်း အကြမ်းဖက် မင်းအောင်လှိုင်ကို ICJ မှ သေဒဏ်ချမှတ်လိုက်ပြီဟေ့  တနိုင်ငံလုံး ကခုန်ကြ/ခေတ်သစ် အတည်ပြုကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်အလားတူတဲ့ ဗွီဒီယိုတခုမှာတော့ “မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်လိုက်ပြီ တပတ်အတွင်းဖမ်းပေးဖို့ R2P ကို ကုလအမိန့်ပေး  ရန်ကုန်ခေတ်သစ် ကြေညာပြီ/ ထူးပြီဟေ့”စသည်ဖြင့် ပြောဆိုထားပါတယ်။ ဒီနေရာမှာ ကြည့်ပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာစစ်ခေါင်းဆောင်ကို ICJ က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂက ပိတ်ပင် လိုက်ပြီဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  သတင်းမီဒီယာအချို့က ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး မသက်ဆိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ အလားတူ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အာဆီယံနဲ့ UN အရေးယူမှုကြမ်းပြီဗျို့ မအလ လေယာဉ်ဆင့်ခွင့်ပိတ်သိမ်း Khit Thit အတည်ပြုကြေညာ လိုက်ပြီ‌ဗျို့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေ တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: လောက်ကိုင်က တရုတ်သံရုံးကို ဗုံးကြဲခံရမှု သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော်သေဆုံးဆိုတဲ့ သတင်းတု

ကိုးကန့်ဒေသလောက်ကိုင်မြို့က တရုတ်သံရုံးကို ဗုံးကြဲခံရမှုမှာ သံရုံးဥက္ကဌနဲ့ တရုတ်နိုင်ငံသား ၈၀ ကျော် သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဒီပို့စ်ကို ရိုက်ကူးထားတဲ့ စခရင့်ရှော့ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုဖြန့်ဝေပြီး ၃ နာရီအတွင်း ကြည့်ရှူ့မှုပေါင်း ၆၀၀၀၀ ကျော်ရှိပါတယ်။ “လောက်ကိုင်တရုတ်သံရုံးကို ဗုံးကြဲမိပြီဟေ့ သံရုံးဥက္ကဌနဲ တရုတ်နိုင်ငံသား (၈၀) ကျော်သေကုန်ပြီ တာဝန်ယူရမယ်လို့တရုတ်အမိန့်ထုတ် /ရှုပ်ကုန်ပြီဟေ့” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကိုးကန့်ဒေသ မြို့တော်လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်ထားတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ရန်ကုန်မှာပဲ အခြေစိုက်ပြီး မန္တ‌လေးမှာတော့ ကောင်စစ်ဝန်ရုံးရှိပါတယ်။ တရုတ်သံရုံးဝက်ဘ်ဆိုဒ်ကို ဒီမှာကြည့်ပါ။  လောက်ကိုင်မှာ တရုတ်သံရုံးဖွင့်လှစ်မှုဖြစ်စေ၊ […]

Continue Reading

Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု

ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ ရန်ကုန်လေဆိပ်မှာ လေယာဉ်‌ပေါ်အတက် မိုင်းခွဲခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ် တယ်။ အောက်မှာ စာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုမျှဝေထားတဲ့ ယူကျူ့ချန်နယ်တခုက ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကို ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၅ ရက်ကဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု အကြိမ်အရေ အတွက် တသိန်း ခုနှစ်သောင်းဝန်းကျင်ရှိထားပြီဖြစ်တယ်။ “ရန်ကုန် လေဆိပ် ပွတ်လောရိုက်ကုန်ပြီ ပြည်ပပြေးဖို့ လုပ်နေကြတဲ့ ဗိုလ်ချုပ်မိသားစုများ လေယဉ်ပေါ်အတက် မိုင်းခွဲခံရ”(မူရင်းအ‌ရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အ‌ကြောင်း အရာတွေနဲ့ […]

Continue Reading