Fact Check: ရန်ကုန်က Junction City မှာ Rolex နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ

Rolex နာရီဝယ်ဖို့ ရန်ကုန်မြို့က Junction City မှာ လူတွေ တန်းစီစောင့်ဆိုင်းနေပုံအဖြစ် ဖေ့စ်ဘွတ်မှာ ကြော်ငြာ တခု ပျံ့နှံ့မှုနေတာတွေ့ရပါတယ်။ သတင်းတုတခုဖြစ်တယ်။ ဓာတ်ပုံဟာ စင်ကာပူနိုင်ငံက iPhone အရောင်းဆိုင် နဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုနေတဲ့ ကြော်ငြာ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “လျှော့စျေး Rolex နာရီများကိုရှာဖွေရန် ရန်ကုန်မြို့ရှိ Junction City တွင် ၄ နာရီကြာ တန်းစီစောင့်ဆိုင်းရသည့် ကြောက်မက်ဖွယ်အတွေ့အကြုံ။ ယမန်နေ့က နာမည်ကြီး နာရီအမှတ်တံဆိပ် Rolex သည် Junction City တွင် စတိုးဆိုင်သစ်တစ်ခုကို ကြေငြာခဲ့ရာ Rolex Oyster Perpetual Date နာရီမော်ဒယ်၏စျေးနှုန်းကို 65% အထိ 699,000 KS မှ […]

Continue Reading

Fact Check: အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးကဖြုတ်ချမှုသတင်းတု

အဏာသိမ်းစစ်‌ခေါင်းဆောင်ကို ဗိုလ်ချုပ်မြထွန်းဦးက ထပ်မံအာဏာသိမ်းပြီး ဖြုတ်ချလိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဗိုလ်ချုပ်မြန်ထွန်ဦး အာဏာသိမ်းပိုက်လိုက်ပြီ မအလဂျပုနဲ့စိုးဝင်း ဖမ်းဆီးစစ်ကြောရေးပို့လိုက်ပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခုလို မျှဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျု့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က ဖော်ပြခဲ့တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို လူစိတ်ဝင်စားမှုရအောင် ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားရေးသားချက်တွေ အသုံးပြုပြီး ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ဒီဗွီဘီသတင်းဌာနက အောက်တိုဘာ ၂၃ ရက်မှာ‌ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် အရှင်းခံရတော့မှာလား”ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ ဒီအတွေးအမြင်ဆောင်းပါထဲမှာ ဆောင်းပါးရှင်က […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်သေမဲ့ရက်ဟောလို့ ကိုရင်လေးကို စစ်တပ်က‌‌ သေဒဏ်ပေးတဲ့ သတင်းတု

မင်းအောင်လှိုင် သေမဲ့ရက်ဟောလို့ ကိုရင်လေးကို သေဒဏ်ပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာပြီဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မင်းအောင်လှိုင် သေမဲ့ရက် ဟောတဲ့ ကိုရင်လေးကို သေဒဏ်ပေးမှာလား ဗိုလ်ချုပ် ဇော်မင်းထွန်း ကြေညာပြီ” အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဗွီဒီယိုထဲမှာ လူမှုကွန် ယက်မှာ ရေပန်းစားနေတဲ့ အရှင်ဥတ္တမသာရဆိုတဲ့ ကိုရင်လေးအကြောင်းကို အွန်လိုင်းအသုံးပြုသူတွေ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ အခုလိုမျိုးခေါင်းစဉ်တုဖန်တီးထားခြင်းဖြစ်တယ်။  ဒီဗွီဒီယိုထဲမှာပဲ ဒီကိုရင်လေးဟာ စစ်ခေါင်းဆောင်သေမဲ့ရက်ကို အခြားသူတဦးက မြှောက့်ပင့်မေးတာကြောင့် ဟောကြားလိုက်တဲ့အကြောင်း၊ ဒီလိုပြောလိုက်တဲ့အတွက် ကိုရင်လေးအနေနဲ့ အနေကြပ်သွားတဲ့ အကြောင်း။ လူတွေအနေနဲ့ ဒီလိုမလုပ်သင့်တဲ့အကြေင်း စသည်ဖြင့် […]

Continue Reading

Fact Check: အိန္ဒိယက ဘာသာရေးပွဲတော်ကို အစ္စရေးက စစ်ဘေးရှောင်တွေ အဖြစ်ဖော်ပြနေခြင်းဖြစ်တယ်

လမ်းမတခုထက်မှာ တိုးဝှေ့နေတယ်လို့ ထင်ရတဲ့ လူအုပ်စုကြီးပါတဲ့မြင်ကွင်း ဗွီဒီယိုတခုကို လက်ရှိ အစ္စရေးနဲ့ ဟားမတ်စ်ကြားစစ်ပွဲကြောင့် လူတွေတိမ်းရှောင်ရမှုအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယက ဘာသာရေး ပွဲတော် တခုဖြစ်တဲ့ Rath Yatra ဆိုတဲ့ ဘာသာရေးပွဲတော်တခုက မြင်ကွင်းဖြစ်တယ်။ “တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား စစ်ပွဲကြောင့် ထွက်ပြေးရသူတွေဆိုတဲ့ အထောက်အထားတစုံတရာမတွေ့ရဘဲ အိန္ဒိယက ဘာသာရေးပွဲတော်တခုအဖြစ်သာတွေ့ရပါတယ်။ Fact Crescendo ရဲ့ အိန္ဒိယနိုင်ငံက အချက်အလက်စိစစ်သူတွေကလည်း ဒီဗွီဒီယိုဟာ […]

Continue Reading

Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာဖြန့်ဝေ နေတာတွေ့ရပြီး သတင်းမှားတခုသာဖြစ်တယ်။ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်းသတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ တုန့်ပြန်ချက်သတင်းကို သတင်းခေါင်း စဉ်တုတပ် ထားခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ဖျက်လိုက်တဲ့ မင်းအောင်လှိုင် ဘာကြံနေလဲ။ အတိတ်နမိတ်တွေ မကောင်းတော့။” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ Global Media 1M အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: တပ်မ ၄၄ ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲ့တက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတု

တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါးတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “တပ်မ(၄၄)ဌာနချုပ် ဗိုလ်နဂါးတပ်ဖွဲတက်သိမ်းလိုက်”  မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် တပ်မ ၄၄ ဌာနချုပ်ကို ဗိုလ်နဂါး  ဦးဆောင်တပ်ဖွဲ့က သိမ်းပိုက်လို့ အခုဗွီဒီယိုထဲမှာရေးသားထားပေမဲ့ ဗိုလ်နဂါးအကြောင်း ဖြစ်စေ ဗိုလ်နဂါးနဲ့ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ BNRA တပ်ဖွဲ့အကြောင်းဖြစ်စေမပါဝင်ပါဘူး။ စစ်ကိုင်း၊မကွေးနဲ့ မန္တလေးတိုင်းက တော်လှန်ရေးအင်အားစုအချို့ပေါင်းစည်းထားတဲ့ မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ BNRA ဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အဓိကလုပ်ရှားနေတာတွေ့ရပြီး တပ်မ ၄၄ ဌာနချုပ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာတည်ရှိပါတယ်။  တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ […]

Continue Reading

Fact Check: တော်လှန်ရေးတပ်ပေါင်းစု နေပြည်တော်ချီတက်လို့ စစ်ခေါင်းဆောင် ထွက်ပြေးတဲ့ သတင်းတု

KNU၊ KIA၊ TNLA၊ AAနဲ့ PDF တွေ စုပေါင်းပြီး နေပြည်တော်ကို ချီတက်လာလို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထွက်ပြေးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ ဒီအဖွဲ့တွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုခိုက်မှုတွေ လုပ်နေတဲ့အဖွဲ့ တွေဖြစ်ပြီး NUG ဟာ နေပြည်တော်ကို ချီတက်တိုက်ခိုက်ဖို့ ကြွေးကြော်ထားပါတယ်။  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်အချို့ကို […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေခဲ့ရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်း စဉ်လွဲတပ် ဗွီဒီယိုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “Khit Thit အတည်ပြုကြေညာလိုက်ပြီ သိန်းစိန်နဲ့သန်းရွှေအဖမ်းခံရ အမြန်ဆုံးဝင်ကြည့်ကြပါ(စစ်အုပ်စု ၂ ခြမ်းကွဲကုန်ပြီ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖတ်ကြားနေခြင်းသာဖြစ်ပြီး သတင်းတွေထဲမှာ သမ္မတဟောင်း ဦးသိန်းစိန်အဖမ်းခံရ တဲ့အကြောင်း သို့မဟုတ် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအဖမ်းခံရတဲ့အကြောင်း မပါဝင်ပါဘူး။   တကယ်တမ်း ဗွီဒီယိုထဲမှာ “ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(န.စ.က ဥက္ကဌ) ရုတ်တရက်သေဆုံးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “(၂၄)ရက်နေ့ နစက ဥက္ကဌ ရုတ်တရက်သေဆုံး ခုပဲ MWD သတင်းဌာန စိတ်မကောင်းစွာနဲ့ အတည်ပြုကြေညာ လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ဗွီဒီယိုမှာ သတင်း‌ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေနေတာဖြစ်တယ်။ (အချက်အလက်စိစစ်မှုတွေကို ဒီမှာ ကြည့်ပါ။) အခု ဗွီဒီယိုထဲမှာလည်း စစ်ခေါင်းဆောင်သေဆုံးတဲ့အကြောင်းမပါဝင်သလို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ […]

Continue Reading

Fact Check: ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သောက်သုံးခဲ့တဲ့ရေတွင်း ဓာတ်ပုံလား-မဟုတ်ပါ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့တဲ့ရေတွင်းလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံ ဟာ အိန္ဒိယနိုင်ငံ လက်ဒူ(Latur)ဒေသမှာ ရေရှားမှုအကြောင်းဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို လိုအပ်သလို ရေးသားမျှဝေထားခြင်း သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့သည့်ရေတွင်းပါ။ နုစ်ပေါင်းနုစ်ထောင့်ငါးရာခြောက်ဆယ့်ခွန် (2567) ယနေ့တိုင်အောင် တည်ရှိပါသည်တဲ့။” (မူရင်းအရေးအသား) တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို အွန်လိုင်းမှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို သမိုင်းတန်ဖိုးနဲ့ ဘာသာရေးအကြောင်းထက် အိန္ဒိယနိုင်ငံမှာ ရေရှားပါးမှုဖြစ်စဉ်နဲ့ ပတ်သက်နေတာကိုတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အိန္ဒိယက ပြည်နယ်အချို့မှာ ရေရှားပါးပြတ်တောက်မှုဖြစ်ခဲ့စဉ်မှာ ဒီဓာတ်ပုံ […]

Continue Reading