Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

 á€Ąá€™á€ťá€­á€Żá€¸á€žá€Źá€¸á€Šá€Žá€Šá€˝á€žá€á€şâ€Œá€›á€ąá€¸á€Ąá€…ိုးရ(NUG ) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်(PDF )က မြိုင်မြို့နယ်ရှိရွာတွေ ကို မီးရှို့ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ pdf များ မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ pdf များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ NUG လက်အောက်ခံ pdf များကဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ […]

Continue Reading

Fact Check: လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ ဝန်ကြီး ၄၅ ဦးသေဆိုတဲ့သတင်းတု

စစ်ကောင်စီက စိန်ရတုလွတ်လပ်ရေးအခမ်းအနားကို သူတို့ထိန်းချုပ်ထားရာ နေပြည်တော်မှာ ကျင်းပခမ်းနားစွာ ကျင်းပခဲ့ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကမကထပြုတဲ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် အနှစ်သာရကင်းမဲ့ခဲ့ပြီး လူထုပါဝင်မှုလည်းနည်းပါးပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးနေ့မှာ KNU က စစ်တပ်တပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ကကျင်းပတဲ့  လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ တက်ရောက်လာတဲ့ ဝန်ကြီးအပါအဝင် ၄၅ ဦးသေဆုံးတယ်လို့ဆိုပြီး သတင်းတု ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ကြီး ၄၅ဦး ဘဝ ကူးပြီ”လို့ ရေးသားပြီး “The News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဇန်နဝါရီ ၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၅ သိန်းကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB […]

Continue Reading

Fact Check: နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆိုတဲ့ သတင်းမှား

နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရလို့ သံအမတ်နဲ့ ဝန်ထမ်း ၁၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်က တမင်လုပ်ကြံ တာလို့ တရုတ်ကထုတ်ပြန်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ သတင်းမှားတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုပေးပြီး လူတွေလှည့်စားထားတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “Soha Nar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဒီဗွီဒီယိုကို အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုအစမှာ “နှစ်သစ်ကူးည တရုတ်သံရုံးပစ်ခတ်ခံရ သံအမတ်နဲ့ဝန်ထမ်း ၁၈ ဦးသေဆုံး စစ်တပ် တမင်လုပ်ကြံခြင်းလို့ တရုတ်ထုတ်ပြန် သေခြင်းနဲ့မိတ်ဆက်ပေးမည်ဟု ပြင်းထန်ပေါက်ကွဲ” စသည်ဖြင့် ရေးသားထားပြီး ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်ပြည်သွားတောင်းပန်ဖို့လုပ်ပေမဲ့ တရုတ်ကလက်မခံဘူးလို့လည်း ဆိုထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ […]

Continue Reading

Fact Check: ဟား၅ကောင်အလင်းဝင်သွားပြီဆိုတဲ့ သတင်းမှား

ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပြီး  နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ “ဟား၅ကောင်စစ်တပ်နဲ့ပူးပေါင်းသွားပြန်ပြီ။ကြည့်ကြပါအုံးဟာ။စိတ်ဓာတ်တွေကျနေပြီ”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၀၀ ကျော်နဲ့ ကြည့်ရှူ့မှုပေါင်း ၃ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုထဲမှာ ဟား ၅ ကောင် အလင်းဝင်သွားပြီလို့ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တစ်ခုဖြစ်တဲ့ “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကသတင်းမှားဖြန့်ဝေနေတာကို ဟား ၅ ကောင်အဖွဲ့ဝင် တိုးကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ ဒီဇင်ဘာ ၂၃ ရက်က တုန့်ပြန်ခဲ့တာကို ဖော်ပြထားခြင်းပါတယ်။ လူရွှင်တော်ကလည်း တိုင်းကျော် ၂၀၂၃ ခုနှစ်၊ […]

Continue Reading

Fact Check: NUG နဲ့ စကစ အာဏာလွှဲပြောင်းသဘောတူစာချုပ်လက်မှတ်ထိုးတဲ့ သတင်းမှား

NUG နဲ့ စကစ အာဏာလွှဲစာချုပ်လက်မှတ်ထိုးလိုက်ပြီလို့ MRTVကနေကြေညာတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ အောက်ပါ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပုံစံပို့စ်ရဲ မြင်ကွင်း screenshot ဖြစ်ပါတယ်။ “အာဏာလွှဲစာချုပ်MRTVကနေကြေငြာပြီ။အချိန်၃မိနစ်ပေးနားထောင်ကြည့်”လို့ရေးထားသားပြီး ဗွီဒီယိုထဲမှာလည်း “NUG နဲ့ နစက သဘောတူလက်မှတ်ထိုးပြီ ၂၅ ရက် MRTV သတင်းမှာကြေငြာပြီ အာဏာလွှဲစာချုပ် ဝမ်းသာလိုက်တာ”စသည်ဖြင့်ရေးသားရာ ဒီဗွီဒီယိုပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူတွေ ရာဂဏန်းကမျှဝေခဲ့ကြပြီး ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီပို့စ်ဟာဖေ့စ်ဘွတ်အသုံးပြုသူတွေအကြာ ထင်ယောင်ထင်မှားဖြစ်စေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာပြန်လွှဲပြီ၊ စစ်တပ်နဲ့ NUG သဘောတူညီမှုရပြီ စတဲ့အကြောင်းအရာတွေဟာ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ […]

Continue Reading

Fact Check: ဗမာအိမ်နဲ့ ရှမ်းအိမ်တွေ မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြောတဲ့သတင်းမှား

ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA )အဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ဗမာအိမ်နဲ့ ရှမ်းအိမ်တွေကို မီးရှို့ဖို့ ဗိုလ်ချုပ်ဂွမ်မော်က  ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “KIA သူပုန်တို့ရဲ့ မီးရှို့အကျင့်”လို့ခေါင်းစဉ်တပ်ရေသားထားတဲ့ ဒီပို့စ်တွေမှာ “KIA သူပုန်အဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ဗမာရွာတွေ၊ ရှမ်းရွာတွေကို လိုက်လံမီးရှို့နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။  သူတို့မီးရှို့ရတဲ့ရည်ရွယ်ချက်က စစ်ကြောင်းတွေ လိုက်မလာနိုင်ဖို့ရယ်၊ ဗမာ/ရှမ်းတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ဖို့ရယ်၊ KIA စခန်းတွေကို ထိုးစစ်မဆင်နိုင်ဖို့ရယ်ပါ။”စသည်ဖြင့် ရေးသားပြီး “Delta News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  ထို့အပြင် ဗိုလ်ချုပ်ဂွမ်မော်ဓာတ်ပုံနဲ့ အတူ “မင်းတို့ မြဲမြဲမှတ်ထားရမှာက စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရင် ခံမချပါနဲ့။ ထွက်ပြေးကြ။ ပြီးရင် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်ပြီး နေအိမ်ပြန်ရောက် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

စစ်ကောင်စီ က မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်သို့ ပြန်ရောက်နေပြီလို့ ခေတ်သစ်သတင်းဌာနက အတည်ပြု ကြေညာခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်း‌ခေါင်းစဉ်တုအသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်သတင်းကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ အမေစုနဲ့သမ္မတကြီးလွတ်ပြီးနေအိမ်ပြန်ရောက်နေပြီလို့ ခေတ်သစ်အတည်ပြုကြေညာ”လို့ရေးသားပြီး “ Thearith Ñøçh ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်မှာ စစ်ကောင်စီက မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွတ်ပြီး နေအိမ်ပြန်ရောက်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်တဲ့သတင်းတု

အမေရိကန်သမ္မတဘိုင်ဒန်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာလွှဲပေးမယ်လို့ တောင်းပန်စာပို့ တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “ဘိုင်ဒန်ကိုမအလတောင်းပန်စာပို့။အာဏာလွှဲဖို့၁၀၀%သေချာသွားပြီ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု က ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၂၀၀ ကျော်ရှိပါ တယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အတွေးအမြင်ပို့စ်တစ်ခုကို ပြန်လည်ဖတ်ကြား နေခြင်း ဖြစ်တယ်။ နိုင်ငံသားအကျဉ်းသားတွေလွှတ်ပေးဖို့အပါအဝင် မြန်မာအ‌ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ် ချက်အပြီးမှာ သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာတော်လှန်‌ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီရေးပါဝင်တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး အက်ဥပဒေ(NDAA)ကို လက်မှတ်ထိုးလိုက်တဲ့အ‌ပေါ် တိုက်ဆိုင်မှုမဟုတ်ကြောင်း ဒီဆောင်းပါမှာ ရေးသားထားတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးရဲ့ […]

Continue Reading

Fact Check: အောင်ဆန်းစုကြည်ကွယ်လွန် သတင်းခေါင်းစဉ်တုနဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်သေတာကို ပြည်သူတွေ ဆူကုန်မှာစိုးလို့ စစ်တပ်ကထုတ်မပြောခဲ့ပေမဲ့ Khit Thit သတင်းဌာနက ည ၆ နာရီ မှာ သဂြိုလ်လိုက်တယ်လို့ပြောမှသိရတယ်လို့ဆို ဗွီဒီယို သတင်းတစ်ပုဒ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံခဲ့ပါတယ်။ သတင်းတုဖြန့်ချိမှုဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူမကိုထောက်ခံသူတွေက အမေစု၊ အမေလို့ တင်စားခေါ်ဝေါ် သုံးစွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ဆိုပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း  သတင်းအတုတွေ ပျံနှံခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာတာဖြစ်ပါတယ်။ “ပြည်သူဆူကုန်မှာစိုးလို့အမေသေတာအခုမှသိရတယ် ၆နာရီတိတိမှာသဂြိုလ်လိုက်ပြီတဲ့။”လို့ရေးသားပြီး“B BO”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေရာမှာ ၄ မိနစ်ကျော်ရှည်လျားတဲ့ […]

Continue Reading

Fact Check: စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေဆိုတဲ့ ဝါဒဖြန့်သတင်းမှား

စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း တွေလို့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဝါဒဖြန့်သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုထဲမှာ စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့ဖျက်ဆီးနေတဲ့အကြောင်းအရင်းများစွာထဲ  ထင်ရှားတဲ့အကြောင်းအရင်း ၅ ချက်ဆိုပြီးတော့ ထုတ်နှုတ်ဖော်ပြထားပြီး အဓိကအားဖြင့်တော့ ကချင်လူမျိုးတွေ မဟုတ်ဘဲ ဗမာလူမျိုးတွေဖြစ်နေတာကြောင့် ဗမာရွာတွေကို မီးရှိုနေ့ရခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီပြောဆိုချက်ပါတဲ့ ဗွီဒီယိုကို ဖြန့်ဝေနေပုံကို တွေ့ရှိရတဲ့ screenshot  ဖြစ်ပါတယ်။ “ဘာကြောင့် စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေတာလဲ? အကြောင်းရင်းများစွာရှိပါတယ် 2 min စာ video လေးကို အစဆုံးနားထောင်ကြည့်လိုက်ပါ အဖြေပေါ်ပါလိမ့်မယ်”လို့ ရေးသားပြီး “Ko Hla Shwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  […]

Continue Reading