Fact Check: စစ်တပ်က ဖြုတ်ချလိုက်တဲ့ တိုင်းမှူး NUG နဲ့ ပူးပေါင်းတဲ့ သတင်းတု

စစ်တပ်ကဖြုတ်ချလိုက်တဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူးဟာ အမျိုးသားညီညွှတ်ရေး အစိုးရ(NUG)နဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့  ဗွီဒီယိုပို့စ် ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ၉ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “(၉) ရက်နေ့ နေ့လည် (၁)နာရီ အရေးပေါ် ရာထူးကဖြုတ်ခံရတဲ့  နမခတိုင်းမှူး NUG နဲ့ပူး‌ပေါင်းလိုက်ပြီ“စသည်ဖြင့်ရေးသားထားသလို “ရာထူးဖြုတ်ချခံရတဲ့ တိုင်းမှူး NUGနဲ့ပူးပေါင်းလိုက်ပြီ 9 Aug2023”စသည်ဖြင့်လည်း ဗွီဒီယိုပို့စ်မှာ ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု၊ ဒါမှမဟုတ် နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတာ တွေ့ရပါတယ်။ ဒီလိုယူကျူ့ချန်နယ်တွေနဲ့ […]

Continue Reading

Fact Check: ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ် ဆိုတဲ့ သတင်းမှား

ခေါက်ဆွဲခြောက်တွေမှာ ဖ‌‌ယောင်းပါဝင်တာကြောင့် ကင်ဆာဖြစ်စေတယ်ဆိုတဲ့ပို့စ်ဖေ့စ်ဘွတ်အသုံးပြုသူ တွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။ “ကင်ဆာဖြစ်ချင်ရင် ခေါက်ဆွဲခြောက်ကိုများများစား‌ နေ့တိုင်းစား။မမေ့နဲ့နော်” ဒီစာသားနဲ့အတူ စာသားဓာတ်ပုံတခုကိုလည်းမျှဝေထားရာမှာ ဒီဓာတ်ပုံစာသားမှာ “သင်သိပါသလား ခေါက်ဆွဲခြောက်တွေမှာ ဖော့ဘူးတွေမှာ သုံးတဲ့ ဖယောင်းတွေပါဝင်ပါတယ်။ ဒီဖယောင်းတွေကြောင့် ခေါက်ဆွဲခြောက်ကို ချက်လိုက်တဲ့အခါ စေးကပ်မနေတာပါ။ လူ့ခန္ဓာကိုယ်ဟာ ဖယောင်တွေကို ဆေးပစ်ဖို့ ၂ ရက်လောက် အချိန်ယူရပါတယ်။ ဒါကြောင့် ခေါက်ဆွဲခြောက် တစ်ခါ စားပြီးရင် ၂ ရက် ၃ ရက်လောက် မစားဘဲ နေသင့်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီ ဖယောင်း ဓာတ်ဟာ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။” မူရင်းလင်ခ့် – […]

Continue Reading

Fact Check: လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးခဲ့တဲ့ သတင်းတု

လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးသွားတယ်လို့ဆိုတဲ့ သတင်းတုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ကျောက်မဲဆရာတော်‌ မအလ ဖမ်းဆီးလိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က  အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်ကတော့ ကျောက်မဲဆရာတော် ရုတ်တရက်သေဆုံးမှုဆိုပြီးတော့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီကနေ့ ထပ်မံ ဖြန့်ဝေလာတာဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာသတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Shared Local Media”နဲ့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ  သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှားပို့စ်တွေ အခုရက်ပိုင်း ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ‌ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “August 1, 2023 ဒေါ်စုနဲ့သမ္မတလွတ်ပြီးငြိမ်းချမ်းရေးယူပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဆိုတဲ့အကြောင်းအရာအဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားအကြောင်းအရာ သာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ အခုတကြိမ်မှာတော့ အာဏာသိမ်းအပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်  စွပ်စွဲ ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကို လျော့ပေးခဲ့တဲ့ သတင်းနဲ့အတူအခုလို သမ္မတဦးဝင်းမြင့်နဲ့ […]

Continue Reading

Fact Check: လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လှူတန်းမယ်ဆိုတဲ့ သတင်းတု

လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့က လှူမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ဗွီဒီယိုဟောင်းတခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ကရယူထားခြင်း ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။”လို့ ရေးသားထားပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ နှစ်ယောက် ပြောဆိုနေတဲ့ ဗွီဒီယိုကို မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez မသေခင်ရေးခဲ့တဲ့ စာလား – မဟုတ်ပါ

ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ကင်ဆာနဲ့ မသေခင်ရေးခဲ့တဲ့ စာဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အိန္ဒိယရုပ်ရှင် သရုပ်ဆောင် ဆိုနာလီ ဘင်ဒြရီ(Sonali Bendre)ရဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့ ကမ္ဘောကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ရယ်လို့ မတွေ့ရပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ် ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အစာအိမ်ကင်ဆာဖြင့် အသက် ၄၀ တွင် မသေဆုံးမီ ကမ္ဘာကျော် ဒီဇိုင်နာနှင့် စာရေးဆရာ “Crisda Rodriguez” က ရေးသားခဲ့သည် 1. ကျွန်တော့်ကားဂိုဒေါင်မှာ ကမ္ဘာ့စျေးအကြီးဆုံး ကားတစ်စင်းရှိခဲ့ပေမယ့် အခု ကျွန်တော် ဘီးတပ်ကုလားထိုင်နဲ့ ရွေ့နေရပါပြီ။ 2. […]

Continue Reading

Fact Check: iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်ဆိုတဲ့ သတင်းတု

iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကပေးမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြီးခဲ့တဲ့ ၃ နှစ်က ဗွီဒီယိုဟောင်းတစ်ခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၂၀ […]

Continue Reading

Fact Check: စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်ဆိုတဲ့ သတင်းတု

စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန်က လက်ရှိစစ်ခေါင်းဆောင်ကို ဝေဖန်မှုဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့သူများလျှက်ရှိပါတယ်။ ဒီလိုဝေဖန်တဲ့အတွက်လည်း စစ်တပ်က ဦးသိန်းစိန်ကို ဖမ်းဆီးဖို့လုပ်နေတယ်လို့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကို ဖြန့်ဝေရာမှာလည်း ရေးသားထားတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ အခုဖြန့်ဝေနေတဲ့ “7days media”အမည်နဲ့ ယူကျူချန်နယ်ဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး သတင်းမီဒီယာတွေမှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြနေတဲ့ ချန်နယ်တခုဖြစ်တယ်။ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ဖြန့်ဝေနေတာဟာ သတင်းမှား သာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခေါင်းဆောင်(၇)ဦး ICJ ဝရမ်းထုတ်/ စစ်အုပ်စုနိဂုံးချုပ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ထို့အပြင် ဗွီဒီယိုထဲမှာ “July 21 ICJ တရားရုံး အထူးအမိန့် စစ်‌ခေါင်းဆောင်(၇)ဦး ICJ ဖမ်းဝရမ်းထုတ် စစ်အုပ်စု နိဂုံးချုပ်ပြီ” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ကို […]

Continue Reading

Fact Check: အာဇာနည်နေ့ ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတဲ့ သတင်းတု

အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ အောက်ပါဓာတ်ပုံကတော့ “Thit News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ကို စခရင်ရှော့ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ အာဇာနည်နေ့မှာ PDF တွေ ရန်ကုန် ဝင်စီးပြီး ဗုံး ၅ လုံးပေါက် ကွဲခဲ့တယ်လို့  ဒီစာမျက်နှာကပဲ နောက်ထပ် ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ အောက်မေ့ဖွယ်အခမ်းအနားအနေနဲ့ စစ်ကောင်စီက သူတို့ ထိန်းချုပ်တဲ့ မြို့တွေမှာ အခမ်းအနားလုပ်သလို အမျိုးသားညီညွှတ်ရေး အစိုးရလက်အောက်ခံ […]

Continue Reading