Fact Check: နေပြည်တော်ကောင်စီရုံး PDF ဝင်စီး၊ ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရတဲ့ သတင်းတု

နေပြည်တော်ကောင်စီရုံး PDF ဝင်စီးပြီး ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှု ဗွီဒီယိုလို့ဆိုထားတဲ့ ပို့စ်တစ်ခုယူကျူ့မှာ ကြည့်ရှူ့မှုများပြားလျက်ရှိတယ်။ တကယ်တော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တု တပ်ထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နေပြည်တော် စစ်ကောင်စီရုံးကို တိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းဖော်ပြချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံမှာ ဇူလိုင် ၁၃ ရက်က သတင်းဖော်ပြချက်တွေဖြစ်တဲ့ “ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော”၊ “ထိုင်း Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရ”၊ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု

မြောက်ပိုင်းမဟာမိတ်အင်အားစုတွေအပါအဝင်  တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု ဗွီဒီယို ပို့စ်တစ်ခု အွန်လိုင်းမှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ ကချင်၊ကရင်က စစ်ရေးသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုသတင်းတွေကို ခေါင်းစဉ်တုတပ်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထုးသတင်း” လို့ရေးမျှဝေထားတဲ့ ဒီဗွီယိုထဲမှာ “Breaking News မြောက်ပိုင်း D-day ကြေညာပြီ KIA UWSA MNDAA TNLA AA KNDF CNF မအလ သေဖို့ပြင်ထားတော့ ပွဲစပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ကြောင်း ဗိုလ်မှူးကြီး ၅ ဦး တိတ်တဆိတ်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၉)ရက်နေ့ နံနက်ခင်းအထူးသတင်း မယုံဘူးပြောနေတဲ့ (ဘောမ)ကြည့်ထားကြ ရန်ကုန်မြို့ကို KNU ၊PDF ထိန်းလိုက်ပြီ ဗိုလ်မှူးကြီး(၅)ဦး တိတ်တဆိတ်ဖမ်းလိုက်ပြီ”လို့ရေးသားထားတာကို “Burmese Television”အမည်နဲ့ ယူကျူ့ ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ရန်ကုန်မြို့ကို KNU PDF ထိန်းချုပ်လိုက်ကြောင်း ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အမှန်မှာတော့ […]

Continue Reading

Fact Check: ဖုန်းငွေဖြည့်ကတ်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေပါသလား-မဟုတ်ပါ

ခဲခြစ် ဖုန်းငွေဖြည့်ကတ်တွေမှာ ငွေရောင် နိုက်ထရိုအောက်စီဂျင်(Silver Nitro Oxygen)ပါဝင်လို့ ကင်ဆာဖြစ်စေ နိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ ဒီလို ဖုန်းငွေဖြည့်ကတ်မှာ ကင်ဆာဖြစ်စေနိုင်တယ် ဓာတ်ပါဝင်တယ်ဆိုတဲ့ အ‌ထောက်အထား မရှိပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။  “အမေရိကားက Dr. Brian Berry ဆိုသူဟာ လူသားတွေ မှာ ဖြစ်နိုင်တဲ ကင်ဆာအသစ် တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သဲနဲ့ မခြစ်ပါနဲ့၊ အဲဒီမှာ အသားအရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓာတ်တွေ ပါနေလို့ပါ။ တစ်ခုခုနဲ့ ခြစ်ပါ။ ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်” ဒီပို့စ်မှာပဲ ဖုန်းလာရင် ဘယ်ဘက်နားကနေပဲ ဖြေဖို့၊ ဆေးသောက်ရင် ရေခဲရေတွေနဲ့ […]

Continue Reading

Fact Check: ပင်စင်လစာတွေကို သိမ်းဆည်းပြီး စစ်အသုံးစရိတ်အဖြစ် ကြေညာ ခဲ့သလား-မဟုတ်ပါ

တနိုင်ငံလုံး ပင်စင်လစာ ဖြစ်တဲ့ ကျပ် ၆ ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်လို့ စစ်ကောင်စီ အစိုးရက ထုတ်ပြန် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုကမျှဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။” july 7, 2023 တနိုင်ငံလုံးပင်စင်လစာ နကစအစိုးရ သိမ်းပြီ” ၊“(၇)ရက်နေ့ ပင်စင်သမားတွေ ငတ်ကိန်းဆိုက်ပြီ တနိုင်ငံလုံး ပင်စင်လစာ (၆) ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်ဟု နကစ အစိုးရ ထုတ်ပြန်ကြေညာ လိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၈မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ တနိုင်ငံလုံး […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မင်းအောင်လှိုင် ICCမှာ ဖမ်းခံရကြောင်း ဇော်မင်းထွန်း ဝန်ခံ” တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့စာမျက်နှာတွေဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖော်ပြနေတဲ့ စာမျက်နှာတွေဖြစ်တယ်။ အခုလည်း ဗွီဒီယိုအစမှာ စစ်ခေါင်းဆောင်ကို ICC ကဖမ်းဆီးလိုက်ကြောင်း စစ်တပ်က ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံတယ်လို့ […]

Continue Reading

Fact Check: ဖိလစ်ပိုင်စာတိုက်မီးလောင်မှုကို ပြင်သစ်မှာ ဆန္ဒပြသူတွေက စာကြည့် တိုက်မီးရှို့မှုအဖြစ် ဖြန့်ဝေ

ပြင်သစ်မှာ ဆန္ဒပြသူတွေက စာကြည့်တိုက်မီးရှို့မှုအဖြစ် ဗွီဒီယို သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ အထင်ကရ ဗဟိုစာတိုက်ကြီး မေလအတွင်းက မီးလောင်မှုဖြစ်တယ်။  ပြင်သစ်မှာ ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က အသက် ၁၇ နှစ်အရွယ်ကောင်လေးတစ်‌ယောက်ကို ရဲက မီးပွိုင့်မှာ မရပ်လို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့ပြီးနောက် ပြင်သစ်မှာ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။ အောက်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “NUG အကြမ်းဖက်အဖွဲ့ကကောင်တွေ ရောက်တဲ့နိုင်ငံနဲ့ ဒေသတွေမှာ မတည်ငြိမ်မှုဖြစ်ပွားနေ ယခုလည်း ပြင်သစ်ရဲ့ အကြီးဆုံးစာကြည့်တိုက်လည်း မီးလောင်သွားပြီဖြစ်ပါတယ် #မှိုင်းဝေ”  မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ ရေးသားမျှဝေမှုတွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ သတင်းတု

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၅ ရက်မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြား၏ ဇူလိုင်လ ၅ ရက်နေ့၊နံနက်၁၁နာရီအထူးသတင်း”ဆိုပြီးတော့ “၅ရက် လုံးထင် မထားဘူးဗျို့ ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပြီ ၊ဒေါက်ဖိနပ်လျှောက်သံကြားရပြီ (အမေ )လာပြီ၊ ပန်းတွေခူးထားကြပါ” စသည့်ဖြင့်ရေးသားပြီး “Burmese Television “အမည်နဲ့ ယူကျူ့ချယ်နယ်ကနေ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အလားတူ တူညီတဲ့မျှဝေမှုကိုလည်း ဒီနေရာ၊ ဒီနေရာ မှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် –Youtube Link ၊  Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ယနေ့မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ရဲ့ ဘုရားဒါယိကာခံယူပွဲ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ဗိုလ်ချုပ် ၁၅ ဦးအရေးပေါ်ရောက်တဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံယူပွဲ ရုတ်တရုတ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး စစ်ဗိုလ်ချုပ် ၁၅ ဦးနဲ့ ၎င်းတို့ရဲ့ ဇနီး ၂၀ အရေးပေါ်ဆေးရုံရောက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၁ ရက်က ဖြန့်ဝေထားရာ အွန်လိုင်းအသုံးပြုသူ တွေအကြား ပျံ့နှံ့မှုအားကောင်းနေတယ်။ အောက်မှာဖော်ပြထားတာကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “မင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံပွဲ မသာပွဲဖြစ်ပြီဟေး” လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်ရဲ့ ဘုရားဒါယိကာခံပွဲ ရုတ်တရက် ဒရုန်းနဲ့ဗုံးကြဲခံရ စစ်ဗိုလ်ချုပ်(၁၅)ဦး၊မိန်းမ(၂၀)အရေးပေါ်ဆေးရုံရောက်” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို စိစစ်ကြည့်ရာမှာ လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်ဖြစ်တာတွေ့ရပါတယ်။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ဒေသတွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  […]

Continue Reading

Fact Check: ဒေါ်ဇင်မာအောင်ကို တီမောက လက်နက်အကူအညီပေးသလား-မဟုတ်ပါ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လက်နက်အကူအညီပေးလိုက် တယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဇူလိုင်လ ၁ ရက်မှာ ကျင်းပခဲ့တဲ့ တီမောလက်စတေးနိုင်ငံသမ္မတ ကျမ်းသစ္စာကြိမ်ဆိုပွဲ ဒေါ်ဇင်မာ အောင်တက်ရောက်တဲ့ ဓာတ်ပုံနဲ့အတူ  ဒီလိုရေးသားထားတာဖြစ်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်း ခေါင်းစဉ်တုဖြန့်ချိမှုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်ဇင်မာအောင်ကိုလက်နက်အကူညီပေးဖို့ဆုံးဖြတ်ချက်ချလိုက်လို့ မအလနဲ့စစ်အုပ်စုတို့ရဲ့ကျရှုံးခန်းရောက်ပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အခု ဒီဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တီမောက အခုလို NUG ကို သမ္မတကျမ်းသစ္စာကျိန်ဆို အခမ်းအနား တစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားမှုဟာ မြန်မာစစ်အာဏာသိမ်းအစိုးရအတွက် အကြီးအကျယ်ထိုးနှက်ချက် တစ်ခုဖြစ်တဲ့အကြောင်း၊ စစ်အုပ်စုဟာ […]

Continue Reading