Fact Check: ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ ဂျပန်ထုတ်နာရီဝယ်ဖို့ တန်းစီစောင့် ဆိုင်းရင်း လူတွေမူးလဲကျတာလား -မဟုတ်ပါ

ဂျပန်နာရီဝယ်ဖို့ ရန်ကုန်က ဈေးဝယ်စင်တာတစ်ခုမှာ တန်းစီစောင့်ဆိုင်းနေရင်း အချို့ဆိုမူးလဲကျခဲ့ကြတဲ့ အထိဖြစ်ခဲ့တယ်လို့ဆိုပြီး ဓာတ်ပုံအချို့နှင့်အတူ နာရီအ‌ရောင်းကြော်ငြာပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အကြောင်းအရာ အသီးသီးနဲ့ မျှဝေထားတဲ့ ဓာတ်ပုံတွေကို နားလည်မှုလွဲစေအောင် ဖြန့်ချိမှုဖြစ်ပါတယ်။  အောက်ပါစာသားနဲ့ စရင်ရှော့ဓာတ်ပုံကတော့ ဧပြီ ၁၁ ရက်ကဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ပို့စ်တစ်ခုက ဖြစ်ပါတယ်။  â€œá€‚á€ťá€•á€”á€şá€”á€Źá€›á€Žá€á€šá€şá€›á€”á€ş တန်းစီစောင့်ဆိုင်းနေသောကြောင့် ရန်ကုန်မြို့ရှိ Mall တွင် ဒါဇင်နှင့်ချီသောလူများ 43,633 MMK / 1 လုံး 😵‍( ပေါင်းစည်းဝယ်ယူသည့်အခါ 2 အခမဲ့ 1 : 130,900 MMK ) မနေ့က ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ် 2023 စမတ်နာရီကို 1 […]

Continue Reading

Fact Check: ရန်ကုန် Hirosima မှာ နာရီဝယ်ဖို့ စောင့်နေတဲ့လူတန်းရှည်ကြီးလား-မဟုတ်ပါ

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ Hirosima စတိုးမှာ SMW T500 Series နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရတယ်လို့ဆိုထားတဲ့ ဓာတ်ပုံနဲ့အတူ နာရီ ကြော်ငြာ တစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အချက်အလက်အတုအယောင်တွေ အသုံးပြုပြီး ကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ပါ ဖော်ပြချက်တစ်ချို့ဖြစ်ပြီး လူတွေတန်းစီနေတဲ့မြင်ကွင်း၊ စမတ်လက်ပတ်နာရီပုံတွေပါဝင် ဓာတ်ပုံ ၄ ပုံလည်းပါဝင်ပါတယ်။  â€œá€›á€”်ကုန်မဟိုအ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်။ 😵အဓိက အကြောင်းရင်းမှာ T500 SmartWatch ကို လျှော့စျေးဖြင့် ဝယ်ယူရန် ထောင်ပေါင်းများစွာသော လူများသည် HIROSIMA စတိုးသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။  မနေ့ကဗိုလ်ချုပ်အောင်ဆန်းလမ်းမှဖြတ်သန်းသွားသူမည်သူမဆိုသည်Hirosima🥵စတိုးဆိုင်ရှေ့တွင်ထောင်ပေါင်းများစွာသောလူထောင်ပေါင်းများစွာကိုမြင်တွေ့ရလိမ့်မည်မှာသေချာသည်။ HIROSIMA သည် ဂျပန်နိုင်ငံတွင် အလွန်ကျော်ကြားသော […]

Continue Reading

Fact Check: သောကြာဂြိုဟ်နဲ့လနီးကပ်ခြင်းဆိုးကျိုးကြောင့် ကမ္ဘာပျက်စီးမယ့် သတင်းတု

သောကြာဂြိုဟ်နဲ့ လနီးကပ်ခြင်းဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ် ဇွန်လမှာ ကမ္ဘာ့ပျက်စီးသွားပြီး ရန်ကုန်လည်း ရေလွှမ်းမိုးပျက်စီးသွားမယ်လို့ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီလို ကမ္ဘာပျက်မယ့် အကြောင်းအရာဟာ အချိန်ခရီးသွားလို့ကျော်ကြားတဲ အီနွန်အဲလရစ်က ဟောကိန်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ စရင်ရှော့ဓာတ်ပုံထဲမှာမြင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတာဝန်ရှိသူဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှတ်တံဆိပ်တွေ နောက်ခံမှာ မြင်နေရပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကလို့ ယူဆရပါတယ်။ “သောကြာဂြိုဟ်နဲ့ လ နီးကပ်မှု”ဆိုတဲ့အကြောင်းကို ဆန်းစစ်ကြည့်ရာမှာ မတ် ၂၄ ရက်ကစလို့ […]

Continue Reading

Fact Check: အမေရိကန်သံရုံးကို စီးနင်းခံရတယ်ဆိုတဲ့သတင်းတု

အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုပဲဖြစ်ပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ခေတ်သစ်သတင်းဌာနကနေ ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အခြားသောသံရုံတွေကိုလည်း လိုက်သိမ်းနေပြီလို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပို့စ်စာသားနဲ့ ဗွီဒီယိုအစမှာ အမေရိကန်သံရုံးဝင်စီးခံရပြီး အခြားသောသံရုံတွေကိုလည်း မြန်မာစစ်တပ်က လိုက်သိမ်းနေပြီလို့ ခေတ်သစ်သတင်းဌာနက ကြေညာတယ်လို့ဆိုထားပေမဲ့ ဒီသတင်းကို‌ဖော်ပြခဲ့ တာမျိုးမရှိတာ တွေ့ရပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ ခေတ်သစ်သတင်းဌာနက ဗွီဒီယို အစီအစဉ်တင်ဆက်မှုကို ဒီနေရာမှာတွေ့နိုင်ပါတယ်။ ထို့အပြင် အခုလို သံရုံးဝင်စီးခံရတယ်ဆိုတဲ့ ဗွီဒီယိုပါအသံဖိုင်မှာတော့ စစ်တပ်ထောက်ခံသူ မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ မုံရွာခရိုင် […]

Continue Reading

Fact Check: ဒု-ဗိုလ်ချုပ်မှူးကြီးစိုဝင်း ရာထူးမှ ထုတ်ပယ်ခံရတဲ့ သတင်းမှား

စစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရာထူးကနေ ဖြုတ်ချခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုဖြန့်ဝေနေတဲ့ ယူကျူ့အကောင့်ဟာ မီဒီယာတွေနဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့အကြောင်းအရာတွေကို လူတွေ စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုတွေပေးပြီး ပြန်လည်ဖြန့်ဝေနေတဲ့ ချန်နယ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ရာထူးကဖယ်ရှားခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။ ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာဟာ People Spring သတင်းဌာနက မတ် ၂၉ ရက်ကဖော်ပြခဲ့တဲ့ “စလင်းမြို့နယ် ကင်မွန်းချုံရွာတိုက်ပွဲ […]

Continue Reading

Fact Check: ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတဲ့ သတင်းတု

ဂျပန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အပါအဝင် ဘယ်သူနဲ့မှ ပေးတွေ့ခဲ့ခြင်းမရှိပါဘူး။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ NLD ပါတီကို ဖျက်သိမ်းမှုဟာ မြန်မာနိုင်ငံအကြပ် အတည်းကိုဖြေရှင်းဖို့ ပိုဆိုးရွားစေတယ်လို့  ဂျပန်အစိုးရထုတ်ပြန်ဆိုတဲ့ သတင်းကို ခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။  အခု ဗွီဒီယိုပါသတင်းကတော့ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Ludunwayoo |  Archive link ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုပါ အခြားသော […]

Continue Reading

Fact Check: စစ်တပ်က လေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးဆိုတဲ့ သတင်းတု

စစ်တပ်ကလေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု  သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အောက်ပါ ဗွီဒီယိုပို့စ်ကတော့ ယနေ့ ဖြန့်ဝေလာတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖြစ်ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link ဒီစာမျက်နှာကပဲ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  မတ် ၁၆ ရက်ကဖြန့်ဝေခဲ့တာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းကြောင်း မတ် ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ကျော်ထဲမှာ NLD ပါတီလည်းပါဝင်ပါတယ်။   မူရင်းလင်ခ့် – RFA Burmese | Archive link ဗွီဒီယိုပါအကြောင်းအရာဟာလည်း […]

Continue Reading

Fact Check: တပ်မတော်နေ့အခမ်းအနား ဗုံးခွဲခံရလို့ မိန့်ခွန်းပြောရင်း တပ်ချုပ်ဆင်းပြေး တဲ့ သတင်းတု

မတ် ၂ ရက်က ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနား ဗုံးခွဲခံရလို့ မိန့်ခွန်းပြောရင်း တပ်ချုပ်ဆင်းပြေးရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ဒီဗွီဒီယိုရဲ့ အဖွင့်မှာပြသတဲ့ ရုပ်ကပ်မှာပဲ ဒီလို ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးစစ်ကြောင်းကနေ ၈ ဦးသေဆုံးခဲ့ တယ်လို့လည်း ဆိုပါတယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တစ်ခုပဲဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြခဲ့တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မတိုင်ခင် တရက်အလို ညပိုင်းမှာ တော်လှန်‌ရေးအဖွဲ့တစ်ခုက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုသတင်းကို ခေါင်းစဉ်တုနဲ့ ချဲ့ကားဖော်ပြထားခြင်းဖြစ်ပါတယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီတိုက်ခိုက်မှုအကြောင်း နောက်ထပ်သတင်းဖော်ပြချက်ကို ဒီမှာလည်းတွေ့ရပါတယ်။ ဒီမူရင်းဖော်ပြချက်သတင်းတွေမှာ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “M N”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချတဲ့အကြောင်းဟာ  မီဒီယာတွေက သတင်းကို ကူးယူပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ စာမျက်နှာတွေကအသုံးပြုလေ့ရှိတဲ့ သတင်း‌ခေါင်းစဉ်တု တစ်ခု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း ဒီလိုသတင်းမှားဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။ ICJ တရားရုံးမှာရိုဟင်ဂျာတွေအ‌‌ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမှာ တားဆီးရန် ပျက်ကွက်မှုအတွက် ၂၀၁၉ ခုနှစ် ထဲမှာ […]

Continue Reading

Fact Check:  အချက်အလက်အတုအယောင်တွေနဲ့ နာရီကြော်ငြာ

မြန်မာနိုင်ငံ၏ အကြီးဆုံး ဈေးဝယ်စင်တာထဲမှာ လူထောင်ပေါင်းများစွာ မူးမေ့လဲတဲ့အထိ ဂျပန်နာရီ Cihitizen ကို ဝယ်ဖို့စောင့်ဆိုင်းခဲ့ကြတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အတုအယောင်ရေးသားချက်တွေနဲ့ နာရီအရောင်းကြော်ငြာချက်ဖြစ်တာတွေ့ရပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိသလို မူလဓာတ်ပုံတွေကို ပြုပြင်ပြောင်းလဲထားတာတွေ့ရပါတယ်။  ပထမဆုံး ဈေးဝယ်စင်တာတစ်ခုထဲမှာ လူတွေ တန်းစီနေတဲ့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံက ဖြစ်တာ တွေ့ရပါတယ်။ ရတနာရောင်းဝယ်ရေးလုပ်ငန်းစု Pandora ရဲ့ ၁၅ ခုမြောက်ဆိုင်ခွဲ ဟန်နွိုင်းမြို့မှာ ဖွင့်လှစ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ မူရင်းလင်ခ့် – VNExpress |  […]

Continue Reading