Fact Check: PDF တွေဖမ်းဆီးခံရမှုဓာတ်ပုံလား-မဟုတ်ပါ

စစ်ဝတ်စုံနဲ့ အမျိုးသား ၁၀  ယောက်ဝန်းကျင် လက်မှာ ကြိုးတုပ်လျှက် အဖမ်းခံထားရတဲ့ ဓာတ်ပုံနှင့်အတူ လက်နက်ခဲယမ်းဓာတ်ပုံတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေ လက်နက်နဲ့ဖမ်းဆီးရရှိမှုအဖြစ် ဖေ့စ်ဘွတ်မှာမျှဝေလျှက် ရှိပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ ရခိုင်ဒေသမှာ မြန်မာစစ်တပ်က စစ်သားတွေဖမ်းဆီးခံရမှုဖြစ်တာတွေ့ရပါတယ်။  “အကြမ်းဖက်PDF များနဲ့လက်နက်များဖမ်းမိ(စစ်ဆေးနေဆဲမို့ အပြည့်အစုံ မဖော်ပြနိုင်)”လို့ရေးသားပြီး “Ko Ba Gyi”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက်  Bing မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊နိုဝင် ၂၇ ရက်ကတည်းက အင်တာ နက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်စွဲဖော်ပြထားတဲ့ Burma News International […]

Continue Reading

Fact Check: NUG ရဲ့အကြမ်းဖက်လုပ်ရပ်ကို လက်မခံဘူးလို့ ဒေါ်အောင်ဆန်စုကြည် ပြောခဲ့တယ်ဆိုတာ မဟုတ်ပါ

NUG ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေတွေကိုပြောတယ် လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ သတင်းစာတစ်စောင်က ရေးသားဖော်ပြချက်ဖြတ်ပိုင်း တစ်ခုလို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက်လုပ်ရပ်ကို အားမပေးကြောင်းနဲ့ NUG ရဲ့လုပ်ရပ်တွေကို အံ့ြသဝမ်းနည်းရကြောင်း သူ့ရှေ့နေတွေကို ပြောကြားခဲ့တယ်လို့ ရေးသားထားပါတယ်။  သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးက ဒီလိုပြောကြားခဲ့တာ မဟုတ်ကြောင်းငြင်းဆိုထားပါတယ်။   “NUG ရဲ့အကြမ်းဖက်လမ်းစဥ်ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ရေးသားပြီး “နေဘုန်းခန့်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူ ရေးသားထားတဲ့ ပို့စ်ကို ဒီနေရာ၊ ဒီ‌နေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: PDF တွေ ဒရုန်းလွှတ်တင်နေတဲ့ပုံလား-မဟုတ်ပါ

ဒရုန်းယာဉ်တစ်စီးတပ်ဆင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ အမြင့်ပေ ခုနှစ်သောင်းအထိ ပျံသန်းနိုင်တဲ့ ဒရုန်းကို PDF တွေတီထွင်အောင်မြင်ခဲ့ပြီလို့ရေးသားပြီး ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို  ဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။ “PDF များမှ အမြင့်ပေ ၇၀၀၀၀ ထိ ပျံသန်းနိုင်သော ဒရုန်းများ တီထွင်မှု့ အောင်မြင်😱😱)”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ အောက်ပါအတိုင်း စက်တင်ဘာ ၂ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် ၂ ရာရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: Mytel တာဝါတိုင်စောင့်တင့်ကားကို CDF က ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့ ဗွီဒီယိုလား – မဟုတ်ပါ

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(Chinland Denfence Force- CDF)က Mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စစ်တပ်တင့်ကားကို ပစ်ခတ်မှုအဖြစ် ဗွီဒီယိုဖိုင်တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုဟာ ၃၁ စက္ကန့် ရှည်လျားပြီး သံဖရိန်နဲ့တိုင်တစ်ခုအလွန်က တင့်ကားတစ်စီးကို ဒုံကျည်တစ်စင်းလာရောက်ထိမှန်ပြီးနောက် ပေါက်ကွဲမီးလောင်သွားတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်က အီရတ်စစ်တပ်တင့်ကားတစ်စီးတိုက်ခိုက်ခံရမှုဗွီဒီယိုဖြစ်တာ တွေ့ရ ပါတယ်။   “မင်းတပ်မြို့အတွက်ဂလဲ့စား mytel တာဝါတိုင်ကို လုံခြုံရေးစောင့်နေတဲ့ စကစ တင့်ကားကို CDF က ဆော်ထည့် လိုက်တာ အားရစရာ”လို့ရေးသားပြီး “ဟန်သဲ သူ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ဒလန်တွေစီးလာတဲ့ ဘက်စ်ကားကို PDF တွေ RPG နဲ့ထုတယ်ဆိုတဲ့ သတင်းမှား

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ဒလံတွေစီးလားတဲ့ ဘက်စ်ကားကို ပခုံးထမ်းလောင်ချာ(RPG)နဲ့ မိုင် ၁၀၀ အကွာကနေ ထုလိုက်တဲ့ ဓာတ်ပုံဆိုပြီးတော့ မီးလောင်နေတဲ့အစိမ်း‌ရောင်ဘက်စကားတစ်စီးဓာတ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ဆီရီးယားနိုင်ငံက ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။  “PDF လူငယ်လေးတွေ အရမ်းကိုစစ်ရေးစွမ်းရည်တွေတက်လာပြီဗျ စကစ ရဲ့ ဒလန်တွေ စီးလာ တဲ့ကားကို မိုင် 100 အကွာ ကနေ RPGနဲ့ လှမ်းထု လိုက်တာ မြင်တဲ့အတိုင်း မွင်းခါးတွေဖြစ်ကုန်ပြီး #အရေးတော်ပုံအောင်ရမည် #Savemyanmar”လို့ ရေးသားပြီး “Kyaw Win Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုက  အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: PDF တွေနဲ့ပူးပေါင်းဖို့ ယုန်လေး လက်နက်ဝယ်စုနေသလား- မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ပူးပေါင်းဖို့ အဆိုတော်နဲ့ ဒါရိုက်တာ ယုန်လေးက လက်နက်ဝယ်စုနေ တယ်ဆိုပြီးတော့ ဗွီဒီယိုဖိုင် တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ယုန်လေးက “–”စသည်ဖြင့် ပြောကြားခဲ့တာတွေ့ရပါတယ်။ သို့သော် ဒီဗွီဒီယိုဖိုင်ဟာ ၂၀၁၉ ခုနှစ်က ယုန်လေးရဲ့ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယို ဖြစ်တာ တွေ့ရပါတယ်။ “PDFလူငယ်များနဲ့ ပူးပေါင်းရန် လက်နက်များစုဆောင်းနေသည့် ယုန်လေး  ကိုယုန်လေးကို အထင်မသေးကြပါနဲ့လို့ ငါမပြောခဲ့ဘူးလား  :))”လို့ရေးသားပြီး “Thet Paing Oo” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။တူညီတဲ့ ဗွီဒီယိုဖိုင်ကို အလားတူရေးသား မျှဝေထားတာ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link ဒီလိုပြောကြားချက်ကို အသံဖိုင်အနေနဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်း […]

Continue Reading

Fact Check: တူရကီတောမီးလောင်မှု ဗွီဒီယိုကို KNLA တပ်မဟာ ၆ မှာဖြစ်ပွားနေတဲ့ အခြေအနေအဖြစ်သတင်းမှားဖြန့်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ ၆ မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလို့ ရေးသားထားတဲ့ ဗွီဒီယို သတင်းမှားတစ်ခုကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ဇူလိုင်လအတွင်းက တူရကီနိုင်ငံမှာ တောမီးလောင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။ “တပ်မဟာ ၆ အခြေအနေပါ။ ဒါ့ထက်ဆိုးတာတွေ ရှိသေးတယ်။ထပ်တင်ပေးမယ်။ စစ်ဆိုတာ အာ့လိုပဲ ကြည့်ထား။”လို့ရေးသားပြီး “Воздушный” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တပ်မဟာ ၆ အခြေအနေလို့ ရေးသားမျှဝေထားတဲ့ ပို့စ်အောက်မှာ အသံဟာ ကရင်သံမဟုတ်ဘူး၊ တောမီးလောင် တာလို့ မှတ်ချက်ပြုထားတာတွေလည်းတွေ့ရပြီး အများအပြားက […]

Continue Reading

Fact Check: USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး PDF တွေကို တောင်းပန်တဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF)တွေကို တောင်းပန်တဲ့စာဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာ “ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေး PDF များအားမေတ္တာရပ်ခံတောင်းပန်ကြောင်း လူမှုကွန်ယက်တွင်ရေးသား” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး စာကိုယ်အနေနဲ့ ဦးသိန်းထွန်းဦးဟာ စစ်ကောင်စီအတွက် ဒလန်မလုပ်ကြောင်းနဲ့ မိခင်အိုကြီးကို လုပ်ကိုင် ကြွေးမွေးနေသူဖြစ်တာကြောင့် သူ့အသက်အန္တရာယ် မပြုကြဖို့ မန္တလေး PDF ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကနေ တောင်းပန်ထားတယ်လို့ ရေးသာထားပါတယ်။ အထက်ဆိုလိုရင်းပါတဲ့ “Thein Myint” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဖိလစ်ပိုင်နိုင်ငံကပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံများကို NUG က PDF တွေကို သင်တန်း ပေးပုံအဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ အထူးလေ့ကျင့်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ (PDF)ဝင်တွေလို့ ရေးသားလျက် စစ်ရေးလေ့ကျင့်နေတဲ့ စစ်သားဓာတ်ပုံတွေကို ဖေ့စ်ဘွတ်အသုံပြုသူ အများ အပြား ပြန်လည် မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံက စစ်ရေးလေ့ကျင်မှု ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “NUG မှ အထူးလေ့ကျင့်ပေးထားတဲ့ PDF တော်ဝင်တပ်ဖွဲ့များ။”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၅၀၀ ကျော်ရှိပါတယ်။ တူညီစွာရေးသားမျှဝေနေကြတာကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် အမျိုးသမီးတွေ သေနတ်ပစ်လေ့ကျင့်နေတဲ့ ဓာတ်ပုံမှာ Hugot […]

Continue Reading

Fact Check: ဖိလစ်ပိုင်မှာရေကြီးနစ်မြုပ်မှုမှ ကလေးငယ်ကယ်ဆယ်မှု မှတ်တမ်း ဓာတ်ပုံကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်မျှဝေ

မြန်မာနိုင်ငံက ရေဘေးဒုက္ခတစ်ခုမှာ ဖခင်ဟာ သူ့ရဲ့ကလေးကို ဇလုံတစ်ခုထဲမှာထည့်ပြီး သယ်ဆောင် လာတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ဒီလို ဓာတ်ပုံပျံ့နှံ့ လာချိန်ဟာ မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းမှာ နေရာအတော်များများ ရေကြီးနစ်မြှုပ်မှု အချို့ဖြစ်ပေါ်ခဲ့ချိန်နဲ့ ကိုက်ညီနေပြီး လူအများအကြာရေပန်းစားခဲ့တာဖြစ်ပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ မြန်နိုင်ငံနဲ့သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက ဖိလစ်ပိုင်ရေကြီးမှု ဖြစ်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “မြန်မာနိုင်ငံရေဘေးဒုက္ခတွေကြားက ဖခင်တစ်ယောက်ရဲ့ဖြူစင်လှပလွန်းတဲ့ ပေးဆပ်သော ချစ်ခြင်း မေတ္တာ….Photo crd”လို့ရေးသားပြီး “စွယ်စုံသုတ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂၀၀ ဝန်းကျင် ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading