Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီဆိုတဲ့ သတင်းတု
ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီလို့ သားဖြစ်သူ ကိုထိန်လင်းက အတည်ပြုလိုက်တယ်ဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ခြံအမှတ်(၅၄)နေအိမ် အမေစု ပြန်ရောက်ပြီဟု သားဖြစ်သူကိုယ်တိုင် အတည်ပြုကြေညာလို့ တနိုင်ငံလုံး အိုးစည်ဗုံမောင်းတီးကခုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ တွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ အခုလည်း တကယ်တမ်း ဗွီဒီယိုအစမှာ ပြသတဲ့ […]
Continue Reading