Fact Check: ဆီရီးယားမှာရဟတ်ယာဉ် ပြစ်ချခံရမှုကို မြန်မာနိုင်ငံက အဖြစ်အပျက်အဖြစ်ဖော်ပြ

ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ်ယာဉ်တစ်စီးပစ်ချခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။ “#ယနေ့ KNU မှ ပုဇင်းတကောင် ဖမ်းမိသွားကြောင်း”လို့ရေးသားပြီး “Bay Gyi”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၅ ထောင်ကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပြီး KNU ဘက်က ရဟတ်ယာဉ်ပစ်ချခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး။ အချက်အလက်စိစစ်ချက် ကရင်အမျိုးသား အစည်းအရုံး(KNU)ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနဖြစ်တဲ့ KIC သတင်းစဉ်မှာ သတင်း ဖော်ပြချက်မတွေ့ရပါဘူး။ အခြားသောသတင်းဌာနတွေမှာလည်း ဒီလိုရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ် သတင်းဖော်ပြချက် […]

Continue Reading

Fact Check: ဆန္ဒပြစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေပုံလား-မဟုတ်ပါ

မန္တလေးမှာ ဆန္ဒပြရင်းပစ်သတ်ခံခဲ့ရတဲ့ မကြယ်စင်ရဲ့ အလောင်းကို စစ်သားတွေက တူးဖော်နေတဲ့အထောက် အထားအဖြစ် စစ်သားတွေမြေကျင်းတူနေဟန်ပုံတွေကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မကြယ်စင်အပါအဝင် မတ် ၁၁ ရက်အထိ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရင်း သေနတ်ထိမှန် သေဆုံးခဲ့ရသူ ၇၀ ကျော်ရှိပြီဖြစ်ပါတယ်။ မကြယ်စင်ဟာ သူ့မသေခင်ဖေ့စ်ဘွတ်မှာ ရေးသားချက်တွေနဲ့ သေနတ်နဲ့ အပစ်ခံရအပြီး သေဆုံးခဲ့ရချိန်မှာ လူမှုကွန်ယက်အသုံးပြုသူများအကြား တမုဟုတ်ခြင်း ပျံ့နှံ့ခဲ့ပါတယ်။ ထို့အပြင် သေဆုံးသူမကြယ်စင်ရုပ်လောင်းကို စစ်တပ်က ပြန်လည်တူးယူခဲ့တာလည်းတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ မကြယ်စင်ရဲ့ အလောင်းကို တူးဖော်နေတဲ့ပုံတွေမဟုတ်ပါဘူး။ “မကြယ်စင် ရုပ်အလောင်းဖွင့်ဖောက်ခြင်း 5-3-2021(ည)”လို့ ရေးသားပြီး “ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ နှင့် သုတရသ ဗဟုသုတများ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ […]

Continue Reading

Fact Check: မြန်မာရေတပ်က သင်္ဘောတစ်စီးကို ရေမြှုပ်ပစ်တဲ့ပုံလား-မဟုတ်ပါ

ဖေဖော်ဝါရီ ၈ ရက်မှာ မြန်မာရေတပ်က မသင်္ကာစရာသင်္ဘောအုပ်စုကို ပစ်ဖောက်မြှုပ်ပစ်လိုက်တယ်ဆိုပြီးတော့ သင်္ဘောအပျက်အစီးပုံတစ်ခုနှင့်တကွမျှဝေနေတာတွေ့ရပါတယ်။   “#တပ်မတော်(ရေ)ကတော့ဆော်လိုက်ပြန်ပြီ 8-3-21 ယနေ့ နံနက် ၁၁ း ၄၅ ချိန်ခန့် – မြန်မာ အိန္ဒိယ ရေလက်ခြား ၄၅ ကီလိုမီတာ ခန့် မသင်ကာစရာ သင်္ဘောအုပ်စု တွေ့ရှိရသဖြင့် – သိသိခြင်း ကင်းထောက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန် ဘယ်ကဘယ်လိုရောက်လားမှန်းမသိတဲ့  စတက် ဒုံးကျည်တစ်စင်း ၎င်းသင်္ဘောပေါ်သို့ ကျ ရောက်ပေါက်ကွဲသွားခဲ့ပြီး သင်္ဘောနစ်မြုတ်သွားကြောင်း သိရ… မြန်မာ့တပ်မတော်ကတော့အနော်ပစ်ဖူးနော်လို့ပြောလိုက်တယ်”လို့ ရေးသားထားတဲ့ပို့စ်ကို “ThaeChit”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီစွာရေးသားထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  […]

Continue Reading

Fact Check: ၂၀၁၅ ခုနှစ်က လက်ပတန်းကျောင်းသားသပိတ်ဖြိုခွင်းမှုပုံကို မြောက်ဉက္ကလာမှာ စစ်တပ်က ဖြိုခွင်းမှုအဖြစ်ဖော်ပြ

လူတွေကို ရဲတပ်ဖွဲ့က ရိုက်နက်နေပုံ၊ အမျိုးသမီးတွေငိုနေပုံ၊ ရဲတွေရှေ့မှာ လက်နှစ်ဘက်ကို ခေါင်းပေါ်တင်ထားပြီး ခေါင်းငုံ ဒူးကွေးထိုင်နေတဲ့ လူအုပ်ပုံတွေနဲ့အတူ မြောက်ဉက္ကလာပမှာဖြစ်သွားတဲ့ ယနေ့ဖြစ်လို့ ရေးသားမျှ ဝေထားရာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  မတ် ၃  ရက်နေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းမှုအပြီးမှာ မြောက်ဉက္ကလာပမြို့နယ်မှာ အနည်းဆုံး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီကနေ့လည်း စစ်တပ်နဲ့ ရဲအဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ရာမှာ ဆန္ဒပြသူ အများအပြားအဖမ်းခံခဲ့ရပါတယ်။  “ဆန္ဒပြ ပြည်သူအား စစ်သုံ့ပန်းမျာကဲ့ သို့ ဆက်ဆံတဲ့ မြောက်ဥက္ကလာပုံရိပ်(10.3.21) “လို့ ရေးသားပြီး “U Myint Wai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို  ၇ နာရီအတွင်းမှာ ပြန်လည်မျှဝေသူ ၅ထောင်ကျော်ရှိခဲ့ပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်ကအာဖဂန်နစ္စတန်ကဘူးမြို့က ရှော့တိုက်ဒုံးကို မြန်မာနိုင်ငံကအဖြစ်အပျက်သဖွယ်ဖော်ပြ

သထုံမှာ တပ်မတော်စစ်စခန်းတစ်ခုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှုအဖြစ် People Media အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဓာတ်ပုံ ၃ ပုံနှင့်တကွရေးသားဖော်ပြထားရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  သို့သော်လည်း ရှော့တိုက်ဒုံးဓာတ်ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။  “မွန်ပြည်နယ်၊သထုံမြို့နယ်ရှိ တပ်မတော် အခြေစိုက် စခန်းကို လက်နက်ကိုင် အဖွဲ့တစ်ခုက ယနေ့ နံနက် ၆ နာရီခန့်မှာ ရှော့ဒုံးဖြင့် ပစ်ခတ်လိုက်ပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးသွားတယ်လို့ တပ်မတော် တာဝန်ရှိသူတစ်ဦးက  PeopleMedia ကို ပြောသည်။ လက်ရှိအချိန်၌ တပ်မတော်က မပေါက်ကွဲသေးသည့် ရှော့ဒုံး တစ်လုံး သိမ်းဆည်းနိုင်ခဲ့ပါတယ်။”လို့လည်း “People Media”ဖေ့စ်ဘွတ်စာမျက်နှာကရေးသားထားပါတယ်။ ဒီနေရာမှာလည်း အလားတူရေးသားမျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: တရုတ်စစ်သားက အင်တာနက်ထိန်းချုပ်ဖို့ အကူအညီပေး နေပုံလား-မဟုတ်ပါ

မြန်မာနိုင်ငံမှာ အင်တာနက်ထိန်းချုပ်ဖို့အတွက် တရုတ်အကူအညီပေးနေတဲ့ အထောက်အထားအဖြစ်တရုတ် တပ်ဖွဲ့ဝင်တစ်ဦးပုံနဲ့အတူ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။  လူမှုကွန်ယက် အသုံးပြုသူတွေအကြားပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို  အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link  တွစ်တာမှာ အင်္ဂလိပ်ဘာသာမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ တရုတ်စစ်တပ်က မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့ဖို့အတွက် အကူအညီပေး နေတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်တပ်က အာဏာရယူအပြီးမှာ တရုတ်က မြန်မာနိင်ငံမှာ တရုတ်ပုံစံ အင်တာနက်စောင့်ကြည့်ပိတ်ဆို့မှုတွေကို အကူအညီပေးနေတယ်လို့ မြန်မာလူထုက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားပြီး တရုတ်က ငြင်းဆိုထားပါတယ်။ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံကို […]

Continue Reading

Fact Check: မန်ယူကစားသမား ဝိန်းရူးနီးက CDM ပါဝင်ဖို့ပြောနေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

မန်ချက်စတာယူနိုက်တက်အသင်းက ဘောလုံး ကစားသမားဟောင်း ဝိန်းရွန်းနီးဟာ CDM မှာပါဝင်ပြီး အာဏာရှင်ကို တော်လှန်ဖို့ အားပေးနေပုံဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ကမျှဝေထားပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ဓာတ်ပုံပြုပြင်နည်းနဲ့ပြုပြင်ထားခြင်းဖြစ်ပြီး မူရင်းဓာတ်ပုံဟာ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပရိတ်သတ် ၁၀ သန်းပြည့်အထိမ်းအမှတ်အနေနဲ့ ကျေးဇူးတင်ကြောင်း ပြောတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။  “မန်ယူ အသင်းကစားသမားဟောင်း ရွန်းနီး တောင်မှ CDM ပါဝင်ဖို့ အာဏာရှင်တွေကို တော်လှန်ဖို့ အားပေးနေပြီ Crd. ”လို့ရေးသားပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံရှာဖွေရေးဝက်ဘ်ဆိုဒ်ဖြစ်တဲ့ Tineye မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီပုံဟာ မန်ချက်စတာ ယူနိုက်တက်(မန်ယူ)အသင်း တိုက်စစ်မှူးဝိန်းရူးနီဟာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ပရိတ် ၁၀ သန်းပြည့် အထိမ်းအမှတ်အနေနဲ့ […]

Continue Reading

Fact Check: တပ်ထောက်ခံသူတွေက အကြမ်းဖက်မှုကို တပ်ထောက်ခံသူ အကြမ်းဖက်ခံရမှုအဖြစ်မျှဝေ

ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦး တပ်ထောက်ခံပွဲလာသူတွေရဲ့ အကြမ်းဖက်ခံရတာကို တပ်ထောက်ခံပွဲ လာသူတစ်ဦးအကြမ်းဖက်ခံရမှုအဖြစ်မျှဝေထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “တပ်မ​တော်​ထောက်ခံပွဲလာသူတဦးကို နီပိန်းလူမိုက်တစုမှဓါးနဲ့ထိုးတဲ့VIDEOပါ”လို့ရေးသားပြီး “စိမ်းနီမှာ ငါ့အဖြေက”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link  ဒီဖြစ်စဉ်ကို အခြားသော ရှု့ထောင့်က ရိုက်ကူးထားတဲ့ ဗွီဒီယိုကို “ယနေ့ ရန်ကုန် တပ်မတော်ထောက်ခံပွဲ တပ်မတော်ထောက်ခံသူတစ်ဦး ဓားထိုးခံရသော ရုပ်သံဖိုင် ထွက်ပေါ်လာ ၂၅. ဖေဖော်ဝါရီလ. ၂၀၂၁ #ပြည်သူ့ပုံရိပ်မီဒီယာ #အကြမ်းဖက်ခံရ”လို့ ရေးသားပြီး ” ပြည်သူ့ပုံရိပ်မီဒီယာ” အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာက မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် “စိမ်းနီမှာ ငါ့အဖြေက”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တင်းထားတဲ့ ဗွီဒီယိုကို သတင်းဌာနတစ်ခုဖြစ်တဲ့ RFA Burmese က ” တပ်ထောက်ခံသူတွေ […]

Continue Reading

Fact Check: ဆန္ဒပြတာမအောင်မြင်ဘဲ အသေခံမယ့်သူတွေလိုအပ်လို့ NLD ထုတ်ပြန်ဆိုတဲ့ ရုံးစာအတု

၂၂.၂.၂၀၂၁(၂ ငါးလုံး)အထွေထွေသပိတ်မအောင်မြင်လို့ နောက်ထပ် အသေခံမယ်လုပ်မယ့်သူတွေ ဆက်သွယ် ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ထုတ်ပြန်ချက်အဖြစ် ဖေ့စ်ဘွတ်မှာ မျှဝေနေတာ တွေ့ရပါတယ်။  သို့သော်လည်း ဒီစာဟာ အတုပြုလုပ်ထားခြင်းဖြစ်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ၂၂.၂.၂၀၂၁ မှာ အထွေထွေသပိတ်ပေါ်ပေါက်လာမယ်လို့ မျှော်မှန်းခဲ့ပေမဲ့ လူထုအားလုံးမပါဝင်ခဲ့လို့ မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် အသေခံရဲသူများနဲ့ ဆက်လက်တိုက်ပွဲဝင် မှာဖြစ်တဲ့အတွက် ၂၇.၂.၂၀၂၁ နောက်ဆုံးထားစာရင်းပေးကြဖို့ စသည်ဖြင့် ရေးသားထားပါတယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် အခုလိုထုတ်ပြန်ချက်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ National League For Democracy မှာမတွေ့ရပါဘူး။ ဒီစာဟာအတုဖြစ်ကြောင်း NLD […]

Continue Reading

Fact Check: အာဖဂန်နှင့်အီရန်အကြား ဆီသယ်ယာဉ်ကားမီးလောင်မှုပုံကို တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမီးရှို့မှုအဖြစ်သတင်းမှားဖြန့်

တရုတ်သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း မီးရှို့ခံရတယ်ဆိုပြီးတော့ မီးလောင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ ဖေ့စ်ဘွတ် မှာ ရေးသားမျှဝေနေပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပုံမဟုတ် သလို သတင်းဟာလည်း အထောက်အထားမရှိပါဘူး။ “အခုပါ ရန်ကုန် မန္တလေး အမြန်လမ်း ဓါတ်ငွေ စက်ရုံ နဲ့ ၆၅ မိုင်အကွာ မန္တလေး အဝင်ဘက်အခြမ်း မိုင် ိုင် ၂၃၆/၂၃၇ × ၄ဖာလုံ မှာပါ ဖေဖဝါရီ ၂၀ မနက် ဆယ်နာရီ မိနစ်သုံးဆယ် ခန့် ကလောင်သွားတာပါ မီးအရမ်းများပါတယ် မီးသတ်များက CDM မှာပါနေလို့ မီးသတ်မယ့်သူမရှိဟု ဒေသခံတွေကပြောပါတယ် ကားတစ်စီးနဲ့ လူတစ်စု မနက် ခြောက်နာရီလောက်ထဲက ပိုင်လိုင်းနားမှာ ယောင်လည်လည် ဖြစ်နေတယ်လို့ မျက်မြင်တစ်ဦးက […]

Continue Reading