Fact Check: ဦးသန်းဌေးကို ပဲခူးမြို့က ကြိုဆိုတဲ့ ဆိုင်းဘုတ်လား- မဟုတ်ပါ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးကို ပဲခူးမြို့က ဝန်းရံပြည်သူတွေက ကြိုဆိုကြောင်း ဦးသန်းဌေးပုံနဲ့ ဆိုင်ဘုတ်ထောင်ထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေတာ၊ ပြန်လည်ကူးယူဖော်ပြနေတာတွေ့ရပါတယ်။ ဒီပုံကို “ဒီပိုစတာလေးတွေ့တော့… ရင်ထဲမှာကြည်နူးမိတယ်…. ပဲခူးက မျိုးချစ်လူငယ်တွေကိုလည်း ကျေးဇူးတင်မိတယ်… သူတို့လေးတွေ အရဲစွန့်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်လိုက်တာလို့ မြင်မိပါတယ် အရမ်းကြီးလည်း အရဲမစွန့်ကြပါနဲ့ တောသားတွေ ရန်ရှာလိမ့်မယ်”လို့ အညွန်းတက်ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပုံနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်အောင် အနိုင်မရရှိခဲ့တာကြောင့် […]

Continue Reading

Fact Check: အစိုးရနဲ့ တပ်မတော်ဆွေးနွေးမှုအပြီး စစ်ရေးပြင်နေပုံလား- မဟုတ်ပါ

အစိုးရနဲ့တပ်မတော်ဆွေးနွေးမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်ဘက်က စစ်ရေးလုပ်ရှားမှုအဖြစ် စစ်ကားတွေတန်းစီနေတဲ့ပုံနဲ့ စစ်သားတွေ မြေနီလမ်းတစ်ခုမှာ ရပ်နေပုံတို့ကို လူမှုကွန်ယက်မှာ မျှဝေလျက်ရှိ တာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာ တွေ့ရပါတယ်။  “နိုင်ငံရေးဆွေးနွေးချင်ရင် တတိယအကြိမ်လွှတ်တော် ခေါ်ဆိုထားမှုကို ရပ်ဆိုင်းပေးရမယ်လို့ တပ်မတော်ရဲ့ တောင်းဆိုချက်ကို NLD အစိုးရက ငြင်းဆန်အပြီး နာရီပိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်များပါ။ မဲအငြင်းပွားမှုပြဿနာများကို မဖြေရှင်းပဲ တတိယအကြိမ် လွှတ်တော်ခေါ်မယ်ဆိုရင် တပ်မတော်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ့် အနေအထားကို တွေ့ရပါတယ်။”စသည်ဖြင့် ရေးသားလျှက် “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “လမ်းပေါ်ရောက်ကုန်ပီး”လို့ရေးသားလျှက် “မဉ္ဇူသက်ထား”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်မထွက်ဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတာမဟုတ်ပါ

လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ၃ ရက် အပြင်မထွက်ဖို့ အမိန့်ပေးတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ မင်္ဂလာ တောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို Fact Crescendo Myanmar က ဆက်သွယ် အတည်ပြုရာမှာ  သတင်းမမှန်ကြောင်းအတည်ပြုပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေတာ သာဖြစ်ပြီး တပ်က ညွှန်ကြားတယ်ဆိုတာမဟုတ်ကြောင်းပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရောက်ကတည်းက အပြင်မထွက်ဖို့ ပါတီဘက်က […]

Continue Reading

Fact Check: အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတာမဟုတ်ပါ

အမြန်လမ်းကိုပိတ်ထားလိုက်ပြီဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပြီး အမြန်လမ်းကို ပိတ်ထားတာမျိုးမရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတွေက မီဒီယာတွေကို ဖြေကြားထာပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး အမြန်လမ်းရဲတပ်ဖွဲ့ရုံးကတာဝန်ရှိသူတွေပြောချက်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ပိတ်ထားတဲ့ သတင်းမမှန်ကြောင်း ဖော်ပြထားပါတယ်။ အလဲဗင်းနဲ့ ဒီဗွီဘီစတဲ့ မီဒီယာတွေက သတင်းမှာ မဟုတ်မမှန်ဘူးလို့ရေးသားထားပါ။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ဖတ်ရှူ့နိုင်ပါတယ်။ “ပဲခူးတိုင်း ဖြူးမြို့နယ် အမြန်လမ်း ၁၁၅ မိုင်မှာ ပိတ်ဆို့စစ်ဆေးမှု့တွေ […]

Continue Reading

Fact Check: NLDထောက်ခံပွဲလုပ်သူတွေ သုံးပြီးသားတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ ပစ်ထားခဲ့တယ်လို့ ဖော်ပြနေတဲ့ ပုံအမှား

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ပလတ်ဖောင်းဘေးမှာ စားသားတချို့ရေးသားထားတဲ့ အနီရောင်ဗွီနိုင်းစတွေ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ထောက်ခံပွဲလုပ်သူတွေစည်းကမ်းမရှိပဲ ထောက်ခံပွဲက ဗီနိုင်းတွေကို လမ်းပေါ်မှာပစ်ထားခဲ့တယ်လို့ ရေးသားထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက် ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်မှာ အနီရောင်အောက်ခံမှာ အဖြူရောင်စားသားတချို့ရေးသားထားတဲ့ ဗွီနိုင်းစတွေကို အလပ်ဖောင်ဘေးမှာ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို “ရန်ကုန်မြို့တွင် ယမန်နေ့က NLD အုပ်စုအားထောက်ခံကြောင်းပြသခဲ့သည့် လူအုပ်စုသည် ၎င်းတို့ကိုင်ဆောင်သော ပိုစတာများအား လူအများသွာလာသည့် လမ်းများပေါ်တွင် စည်းကမ်းမဲ့ပစ်ချပြီး လူစုခွဲသွားကြောင်းသိရသလို ၎င်းတို့လုပ်ရပ်အား ပူးပေါင်ပါဝင်ခြင်းမရှိသည့် ပြည်သူလူထုအားလည်း ခြိမ်းခြောက်ပြောဆိုမှု့တွေပြုလုပ်သွားတယ်လို့သိရပါတယ်။”လို့ အညွှန်းတပ် ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အဲ့ဒီ့ပို့စ်ပါ ပုံကို Zoomဆွဲပြီး […]

Continue Reading

Fact Check: ဦးဖြိုးမင်းသိန်း အင်းစိန်ထောင်အဆောင်သစ်ဖွင့်နေပုံလား-မဟုတ်ပါ

ဦးဖြိုးမင်းသိန်း ဖဲကြိုးဖြတ်နေတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး အင်းစိန်ထောင်အဆောင်သစ်ဖွင့်ပွဲအဖြစ်မျှ ဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ Rosewood Yangon ဟိုတယ်ကို ၂၀၁၉ ဩဂုတ်လအတွင်းက မြို့ပြအမွေအနှစ် အသိအမှတ်ပြု အပြာရောင်ကမ္ပည်းပြား တပ်ဆင်သည့် အခမ်းအနားမှတ်တမ်းပုံဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ NLD ဟာ မဲခိုးတဲ့အတွက် ထောင်ကျတော့မည်၊သို့သော်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ထားတဲ့ အကျဉ်းဆောင်မှာ ထောင်မှထွက်ပြေးရန် အကြံဖြင့် မြေအောက်ခန်းနှင့် လှိုင်ခေါင်းများ ပါဝင်နေမည်ကို စိုးရိမ်ရတယ်လို့လည်းရေးသားမျှဝေထားတာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ ရွေးကောက်ပွဲပြီးမှာ အင်းစိန်ထောင်အဆောင်သစ် ဖွင့်လှစ်ပွဲ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းမတွေ့ရပါဘူး။ ဓာတ်ပုံကိုစစ်ဆေးကြည့်ရှု့ရာမှာ  […]

Continue Reading

Fact Check: ဦးဝင်းထိန် နုတ်ထွက်မယ်လို့ သတင်းတုသတင်းမှားဖြန့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်က မဲခိုးတာကို လက်မခံသလို ထောင်ကျမခံနိုင် တဲ့အတွက် နုတ်ထွက်တော့မယ်လို့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ မဲ မသမာမှုကိုတော့ သူ့အနေနဲ့ လက်မခံကြောင်းနဲ့ထောင်ကျမခံနိုင်တဲ့အတွက် နုတ်ထွက်မယ့်အကြောင်း ဦးဝင်းထိန်က ပြောကြားတယ်ဆိုပြီးတော့ ဓာတ်ပုံနှင့် တကွဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ဦးဝင်းထိန်အနေနဲ့မီဒီယာတွေနဲ့ ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဦးဝင်းထိန်က သတင်းစာတစ်စောင်ကို ပြောကြားဟန်နဲ့ သတင်းစာပုံစံအတုကို ဆော့ဖ်ဝဲလ်တစ်ခုခုကို အလွယ်တကူပြုလုပ်နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ မဲမသမာမှုတွေ ရှင်းပြီးမှာ […]

Continue Reading

Fact Check: နေပြည်တော်တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် တက်ရောက်မယ်ဆိုတဲ့ သတင်းအမှား

ဇန်နဝါရီ ၂၈ရက်နေ့ နေပြည်တော်မှာပြုလုပ်မဲ့ တပ်မတော်ထောက်ခံပွဲကို သီတဂူဆရာတော် ဦးဉာဏိဿရ အပါဝင် နိုင်ငံတော်အဆင့်မဆရာတော်ကြီးတွေနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ DKBA KNU BGFက တပ်ဖွဲ့ဝင်တွေပါ တက်ရောက်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်အပြည်အစုံကတော့ “မျိုးချစ်အပေါင်းတို့ရေ လာမဲ့(28)နေ့ကို နေပြည်တော်မှာပြုလုပ်မဲ့ ထောက်ခံပွဲးကို သီတဂူဆရာတော်ဘုရားကြီးနဲ့ သံယာတော်အပေါင်တို့က လာရောက်မှာဖြစ်ပါတယ် အဲ့နေု့ကြရင် အမျိုးချစ်အပေါင်းတို့ကို ဘယ်သူမှ ထိခိုက်အောင်လုပ်လို့မရပါဘူး မျိုးချစ်တို့ကို ဝန်းရန်ဖို့ DKBA BGF KNU တို့ပါ လာရောက်ပူးပေါင်းပြီးစောင့်ရှောက်ပေးမှာဖြစ်ပါတယ် အမျိုးသားရေးသမားတွေနဲ့ အခုတချို့တွေဆို နေပြည်တော်ကို ရောက်ရှိနေကြပါပြီ ဒီသတင်းကို အမိန်တခုနဲ့ အမျိုးသားရေးသမားတွေနဲ့ ဆရာတော်ဘုရားကြီးတွေကို စောင့်ရှောက်ဖို့ နေပြည်တော်ကို တာဝန်နဲ့ရောက်ရှိနေတဲ့သူငယ်ချင်းက ပြေားပြပါတယ် ခင်ဗျာ  လေးစားစွာဖြင့်”လို့ရေးသားထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading

Fact Check: လပွတ္တာက လူစင်စစ်ကနေ ခွေးဖြစ်သွားတဲ့မခင်လှရဲ့ ဖြစ်ရပ်မှန်ဆိုတာ မမှန်ပါ

လပွတ္တာမှာ လူစင်စစ်က ခွေးဘဝကူးသွားခဲ့မခင်လှဖြစ်ရပ်မှန်လို့ ရေးသားလျှက် မျှဝေထားတဲ့အကြောင်းအရာကို ဘလော့ဂ်စာမျက်နှာများ၊ ယူကျူး(youtube)နဲ့ဖေ့စ်ဘွတ်စတဲ့ ပလက်ဖောင်းတွေမှာပျံနှံ့လျက်ရှိပြီး ေထာင်ေပါင်းများစွာက ပြန်လည်မျှေဝေနတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင် ၂၀၀၂ ခုနှစ်ဝန်းကျင်က လပွတ္တာမှာ မခင်လှဆိုတဲ့ မိန်းမပျိုလေးဟာ မိခင်ကို ရိုင်းရိုင်းပြပြနဲ့ ခွေးနဲ့နှိုင်းပြောမိတာကြောင့် ခွေးဖြစ်သွားတဲ့ ဖြစ်ရပ်မှန်လို့ ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲရဲ့နောက်ခံစကားပြောသူက  လပွတ္တာမှာဖြစ်သွားတဲ့ တကယ့်ဖြစ်ရပ် မှန်ဖြစ်ပြီး အသက်က ၁၆-၁၇ အရွယ်မခင်လှဆိုတဲ့ အမျိုးသမီးငယ်ရဲ့ မိဘကိုစော်ကားမိတဲ့ အတွက် လူစင်စစ်ကနေ ချက်ချင်းခွေးဖြစ်သွားခဲ့တဲ့ဖြစ်စဉ်လို့လည်း ပြောဆိုထားပါတယ်။မခင်လှဟာ မိခင်ဖြစ်သူ ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ခွေးမကြီးလို့ ပြောရင်း တက်သွားပြီးနောက်မှာ သတိပြန်ရလာချိန်မှာ လူစင်စစ် ကနေ ခွေးလိုနေ၊ ခွေးလိုစား၊လေးဘက်ထောက်သွားတော့တယ်လို့ လည်းပြောပါတယ်။ ဒီဖြစ်စဉ်ကို တစ်မြို့လုံး တစ်နယ်လုံး […]

Continue Reading

Fact Check: အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

ဆော်ဒီအာရေးဗီးယားမှာ သံဃာတွေကို အရိုအသေပေးပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတွေ့ရပါတယ်။ မြန်မာနိုင်ငံက ဘာသာကို မစောင့်ရှောက်ပေမဲ့ အစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဘုန်းတော်ကြီးတွေကို အရိုအသေပေးနေတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ဆော်ဒီအာရေးဗီးယားကမဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု က ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Satsang Tour of UAE, Oman and Bahrain”လို့ရေးသားထားတဲ့ baps.org က မျှဝေထားတာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် ဟိန္ဒူသာသနာပြုအဖွဲ့က အာရပ်စော်ဘွားများပြည်ထောင်စုမှ သာသနာပြုခရီးသွားစဉ်က ပုံဖြစ်တယ်လို့ရေးသားပြီး မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Baps.org […]

Continue Reading