Fact Check: လုံခြုံရေးအပြည့်ချပြီး UEC ကို ရွေးကောက်ပွဲ မသမာမူအတွက် စစ်ဆေးနေပြီဆိုတဲ့သတင်းတုသတင်းမှား

လုံခြုံရေးအပြည့်ချပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ရွေးကောက်ပွဲမသမာမူအတွက် စစ်ဆေးနေပြီလို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို နိုဝင်ဝင်ဘာ ၁၆ ရက်က လူမှုကွန်ယက်အသုံးပြုသူ အချို့ ကမျှဝေခဲ့ရာမှာ  ပြန်လည်မျှဝေသူ ထောင်ဂဏန်းရှိခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ  အဓိကရုဏ်းနှိမ်နှင်းရေးကား၊ ရဲတပ်ဖွဲ့ဝင်တွေ အသင့်အနေအထားနဲ့ ဓာတ်ပုံ သုံးပုံပါဝင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမသမာမှုကို ရဲတပ်ဖွဲ့ လုံခြုံရေးချပြီး စတင်စစ်ဆေးပြီဖြစ်ကြောင်းနဲ့  စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးမခြင်း အနိုင်အရှုံး တရားဝင် ကြေငြာခြင်းပြုမည်မဟုတ်ကြောင်း ရေးသားမျှဝေထားတာဖြစ်ပါတယ်။ ဒီရေးသားမျှဝေချက်ဟာ သတင်းတုဖြစ်ပြီး ဓာတ်ပုံထဲမှာပါတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ရဲကားတွေဟာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရှေ့ ဆန္ဒပြစဉ်က ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးစဉ်က ဖြစ်တာကို Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီအသီးသီးရဲ့ ရွေးကောက်ပွဲရလာဒ်ကို ကြေညာပြီးဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း […]

Continue Reading

Fact Check: ရင်ခေါင်းအထူးကုဒေါက်တာအောင်သက်ဇော်ကွယ်လွန်ဆိုတဲ့ သတင်းတုတစ်ကျော့ပြန်ပျံ့နှံ့

စဉ့်ကိုင်ကနေ ရန်ကုန်ကို Volunteer လာတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်သက် ဇော်ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲခြင်းလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက် ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ #အထူးဝမ်းနည်းကြေကွဲခြင်းနှင့်အတူလေးစားဂုဏ်ပြုလျက်ပါ . ဒေါက်တာအောင်သက် ဇော် (၃၇)နှစ် စဉ့်ကိုင်ကနေ ရန်ကုန်ကို Volunteer လာတဲ့ အဆုတ်နဲ့ရင်ခေါင်းအထူးကုဆရာဝန်ကြီးနှင့် မန္တလေး မှ ရန်ကုန်သို့ Volunteer အဖြစ်သွားရောက်ကူညီတဲ့ ဆရာမတစ်ဦး ကွယ်လွန်…။ ( ၁၆ . ၁၁. ၂၀၂၀ ) ၊ ရန်ကုန် တိုင်းပြည်အတွက် . . . ပြည်သူအတွက်အသက်ပေးသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေပါ။ ကောင်းရာသုဂတိ ရောက်ပါစေ။”(မူရင်းအရေးအသားအတိုင်း)လို့ရေးသားထားပါတယ်။ ဒီပို့စ်ဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်ပြီး အောက်တိုဘာ ပထမပတ်ကလည်းပျံ့နှံ့ခဲ့ဖူးတာတွေ့ရပြီး Crescendo […]

Continue Reading

Fact Check: ပုံစံ ၁၉ မှာ လက်မှတ်မထိုးသူတွေ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ သတင်းအမှား

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့မဲစားရင်းပုံစံ ၁၉မှာ လက်မှတ်မထိုးတဲ့ကိုယ်စားလှယ်လောင်းတွေကို နောက်ကျင်းပမဲ့ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ဘူးဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်မှာ “ကြားရာအရပ်ကနေ အမြန်ဆုံးလက်မှတ်လာထိုးကြပါ ”လို့ ခေါင်းစဉ်နဲ့  “UEC ပြတ်သားပြီ ပြည်ထောင်စုလွှတ်တော် ၃၉၉ နေရာဖြင့် NLD အနိုင်ရကြောင်း UEC ထုတ်ပြန်။ အနိုင်ရပါတီ အစိုးရဖွဲ့ခွင့်ရှိပြီ။ ပုံစံ( ၁၉ )လက်မှတ်မထိုးသော အမတ်လောင်းများ နောက်တစ်ကြိမ် အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ပါ။ UEC”လို့ ရေးသားနေကြတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ ဒီလိုမျိုးပို့စ်တွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာကို တွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတဲ့ပို့စ်နဲ့ပတ်သက်ပြီး တရားဝင်မီဒီယာတွေမှာ ဒီလိုသတင်းမျိုး ဖော်ပြထားတာမတွေ့ရပါဘူး။ နိုဝင်ဘာလ ၁၁ရက်နေ့မှာပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် […]

Continue Reading

Fact Check: သွားတိုက်ဆေးဗူးရဲ့ အနားသတ်လေးထောင့်ကွက် အရောင်ဟာ သဘာဝလား၊ ဓာတုဆေးဝါးလားဖော်ပြတယ်ဆိုတာ မဟုတ်ပါ

သွားတိုက်ဆေးဗူးရဲ့ အောက်ဘက်အနားသတ်မှာ လေးထောင့်ကွက်ကလေးက ဒီပစ္စည်းကို သဘာဝအတိုင်း ထုတ်လုပ်သလား၊ ဓာတုပစ္စည်းနဲ့ထုတ်လုပ်သလားဆိုတာပြောပြနိုင်တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ သွားတိုင်ဆေးဗူးရဲ့ အောက်ဖက်နားမှာ လေးထောင့်ကွက်ကလေးရဲ့ အရောင်က အစိမ်းရောင်ဆိုရင် သဘာ၀ ပစ္စည်းနဲ့ ထုတ်လုပ်တာဖြစ်ပြီး  အပြာရောင်ဆိုရင် သဘာ၀နဲ့ ဆေးပါးရောရာ၊ အနီရောင်ဆိုရင် သဘာ၀နဲ့ ဓာတုဆေးရော၊  အနက်ရောင်ဆိုရင် ဓာတုဆေးဝါးသီးသန့်ပဲပါဝင်တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီလိုရေးသားမျှဝေချက်ဟာ မှားယွင်းပြီး ဗူးခွံတွေရဲ့ အနားသတ်က လေထောင့်ကွက်ကလေးဟာ ပစ္စည်းထုတ်ပိုးမှုနဲ့ ပတ်သက်တဲ့ အမှတ်အသားဖြစ်ပြီး အတွင်းထဲက ပစ္စည်းက သဘာဝအတိုင်းထုတ်လုပ်သလား၊ ဓာတုပစ္စည်းနဲ့ ထုတ်လုပ်သလားဆိုတာကို ဖော်ပြခြင်းမဟုတ် Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနာလည်းမှုလွဲမှာစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ မကြာခဏဆိုသလို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ အလားတူ ပို့စ်ပျံ့နှံ့နေတာတွေ့ရပြီး […]

Continue Reading

Fact Check: ဒဂုံမြို့နယ် ဘုရားကြီးမဲရုံက မဲပုံးတွေကိုဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြိုနယ်ဘုရားကြီးမဲရုံအတွင်းထဲက သစ်တောဓမ္မာရုံမှာ မဲပုံးတွေကို ဖွင့်ဖောက်ပြီး တံဆိပ်တုံးထုနေတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ မျှဝေနေတာကို တွေ့ရပြီး ဒီပို့စ်ကို ပြန်လည်မျှဝေသူပေါင်း တစ်သောင်းကျော်ရှိတာကိုတွေ့ရပါတယ်။ “ဒဂုံမြို့နယ် ဘုရားကြီးမဲရုံ သစ်တောဓမ္မာရုံဝန်းထဲမှာ မဲဗုံးများအား ဖွင့်ဖောက်ပြီး စိတ်ကြိုက် တံဆိပ်တုံး ထုနေသော Video ပါ (မူရင်းအရေးအသားတိုင်း ဖော်ပြခြင်းဖြစ်ပါတယ်)”လို့ ခေါင်းစဉ်တပ်ထားပြီး ၂ မိနစ်နဲ့ ၃၁ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုဖိုင်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် – FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖိုင်မှာ ကြိုတင်မဲပုံးတွေ၊ မဲလက်မှတ်တွေနဲ့ ကြိုတင်မဲစာအိတ်လို့ ယူဆရတဲ့ စက္ကူစာအိတ်တွေကို တွေ့ရပြီး လူနှစ်ယောက်က မဲလက်မှတ်နဲ့ စက္ကူစာအိတ်တွေကို လုပ်ကိုင်နေတာကို […]

Continue Reading

Fact Check: လှိုင်သာယာ(အရှေ့ပိုင်း)က မဲစာရွက်တွေမှာ USDP ကိုယ်စားလှယ်လောင်းအမည်စာရင်း တမင်ချန်ခဲ့တယ်လို့ သတင်းမှားဖြန့်

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှာ မဲဆန္ဒနယ်(၂)က မဲစာရွက်တွေမှာ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားလှယ်လောင်းကို ရည်ရွယ်ချက်ရှိရှိ မဲစာရွက်တွေမှာ ချန်လှပ်ခဲ့တယ်လို့ ရေးသားပြီး လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၂) ရဲ့ မဲစာရွက်တစ်ခုရဲ့ ဓာတ်ပုံနဲ့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နဲ့ အစိုးရရဲ့ ပူးပေါင်းကြံစည်ပြီး USDP ကိုယ်စားလှယ်လောင်းကို မဲစာရွက်တွေမှာ တမင်ချန်လှပ်ခဲ့တယ်လို့ မျှဝေနေတာဖြစ်ပါတယ်။  ဒီလိုရေးသားမျှဝေချက်ဟာ မှားယွင်းနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  လှိုင်သာယာအရှေ့ပိုင်း မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတာ Fact Crescendo Myanmar ကတွေ့ ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနာလည်းမှုလွဲမှာစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ခိုင်ဖြိုး လိုဂို မပါသော မဲ လက်မှတ်တွေ ဟာ သန်းချီ ရှိနေပါတယ် တဲ့ UEC နဲ့ အစိုးရ ပူပေါင်း […]

Continue Reading

Fact Check: NLDရဲ့ မင်းကင်းကိုယ်စားလှယ်လောင်းဒေါက်တာကျော်လင်းမဲခိုးပြီး နိုင်သွားတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကနေ မင်းကင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်လင်းက မဲခိုပြီး အနိုင်ရတာဖြစ်ကြောင်းကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီလိုရေးသားနေတဲ့ပို့စ်တွေမှာ “ဦးကျော်လင်းမဲခိုးမှုပေါ်ပြီ”ဆိုတဲ့ခေါင်းစဉ်နဲ့ “*ပါတီပေါင်းများစွာက ကန့်ကွက်လိုက်တဲ့ ရွေးကောက်ပွဲ မဲစာရင်းရလာဒ် ပုံစံ ၁၉ ကို လက်မှတ်ထိုးခြင်းမပြုဆိုတဲ့ ပါတီတွင်း ညွှန်ကြားစာကတရားဝင် ထုတ်ပြန်ချက်အစစ်ဖြစ်ပါသည်။*ရွေးကော်UECက မင်းကင်းမဲစာရင်းကို မထုတ်ပြန်ရဲပါ (ထုတ်ပြန်လျင် ဦးကျော်လင်းမဲခိုးမှုမယ် အပြုံလိုက်ထောင်ကျမည်)၊*မဲကိုဒီလိုခိုးခဲ့သည် *UECက မဲစာရင်း နမူနာကိုပုံစံတူရယူပြီး မင်းကင်းမြို့နယ်nldအကွက်မယ် တံဆိပ်တုံးကြိုရိုက်တဲ့ မဲစာရင်းစာရွက်တွေကို မဲရုံတွေဆီ ကြိုဖြန့်ခဲ့တယ်(ပန်းဆက်.တောင်တွင်း.မင်းကင်း.သံပေါက် လောင်းပြည့် ဇင်ကလဲ ထီဇလုပ် ဝက်ပုတ် ဆီကာ နယ်ဘက်က မဲစာရင်းလူအရေအတွက်ကို အရင်ယူခဲ့တယ်လို့ မဲခိုးရာမှာပါဝင်သူများက တဆင့်ပြောပြပါတယ်”လို့ စသဖြင့်ရေးသားနေတာကိုတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ အလားတူ ဒီပို့စ်ကို ပြန်လည်ကူးယူဖော်ပြနေတာကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ […]

Continue Reading

Fact Check: မြောက်ဉက္ကလာပမှာ ထည့်မရေတွက်ရသေးတဲ့ မဲ ၄၀၀၀၀ ကျော်ဖမ်းမိတယ်လို့ သတင်းမှားဖြန့်

မြောက်ဉက္ကလာပမြို့နယ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ဖမ်းမိတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု လူမှု ကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုပို့စ်မှာ ထည့်သွင်းရေတွက်ရခြင်းမရှိသေးတဲ့ မဲပေါင်း ၄၀၀၀၀ ကျော်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေသတင်းရပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ရွေးကောက်ပွဲကော်မရှင် ရုံးခန်းထဲမှာ ဖမ်းမိခဲ့တယ်လို့ ပြောကြားထားပါတယ်။ ဗွီဒီယိုထဲမှာ ရဲတွေက မဲစာအိတ်လို့ထင်ရတဲ့ စာအိတ်တွေကို တစ်ခုချင်းဖွင့်နေတာတွေ့ရပြီး နံဘေးမှာ အမျိုးသမီးတစ်ဦးက မဲစာရွက် အိတ်ထဲက ထွက်လာတိုင်း ကန့်ကွက်တယ်ဆိုပြီးတော့ ပြောဆိုသံလည်းကြားရပါတယ်။ ဒီဖြစ်စဉ်ဟာ ဖြစ်ပျက်ခဲ့တာမှန်ပေမဲ့ မဲပေါင်း ၄၀၀၀၀ ကျော်တွေ့ရှိသည်မှာ မဟုတ်ဘဲ ဆန္ဒပြုထားတယ်လို့ မဲစာအိတ်နဲ့ ယူဆရတဲ့ စာရွက် ၁၀ ရွက်တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အတည်ပြုထားတာကို Fact Crescendo Myanmar ကတွေ့ […]

Continue Reading

Fact Check: USDP ပါတီကို ကွန်ပျူတာလုပ်ငန်းရှင်အသင်း ပြင်းထန်စွာ ကန့်ကွက်ဆိုတဲ့ ရုံစာအတု

“ပြင်းထန်စွာ ရှုတ်ချခြင်း”လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ကန့်ကွက်တယ်ဆိုတဲ့ ရုံးစာအတု လူမှု ကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ USDP(ရန်ကုန်ရုံး)က ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီးသတင်းစာ ရှင်းလင်းစဉ် မှာ မဲရုံမှူးအဖြစ်ဆောင်ရွက်တဲ့ဆရာ၊ဆရာမတွေကိုလည်းစွပ်စွဲ ပြစ်တင်ခဲ့တဲ့ စာကြောင်းဟာ ကွန်ပျူတာတာဝန်ခံ ရဲ့အမှားကြောင့်လို့ ထုတ်ပြန်အပြီးမှာ ဒီအမှားဟာ ကွန်ပျူတာစာစီစာရိုက်သူများသမိုင်းမှာ မရှိတဲ့သမိုင်းဖြစ်တဲ့အတွက် အပြင်အထန်ရှုတ်ချတယ်လို့  ကွန်ပျူတာအသင်းက ထုတ်ပြန်တယ်ဆိုပြီးတော့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ အခုလို မျှဝေပြောဆိုချက်ဟာ အသင်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ရုံးစာအတုဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) ကပြန်လည်ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။   လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading

မိတ္ထီလာနဲ့ ရမည်းသင်းမှာ ပြည်ခိုင်ဖြိုးက ပြန်လည်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ရက်ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး မိတ္ထီလာနဲ့ ရမည်းသင်းမြို့နယ်တွေမှာ မဲစားရင်းပြန်စစ်ဆေးတာကြောင့် ကြံ့ခိုင်ရေးပါတီကပြန်နိုင်သွားတယ်ဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက််ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ ” သတင်းကောင်းလေး လာပေးတာ၊ မိတ္ထီလာနဲ့ရမည်းသင်း မဲစာရင်းပြန်စစ်တာ ကြံ့ခိုင်ရေး ပြန်နိုင်သွားပါပြီ”နဲ့ “ရမည်းသင်း လွှတ်တော်သုံးရပ်လုံး USDP အနိုင်ပြန်ရ မတရားမှုတွေ ပြန်ယူမှာနေ”လို့ စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဒေါက်တာသန်းထွန်းကို Fact Crescendo Myanmarမှ ဖုန်းနဲ့ဆက်သွယ်မေးမြန်းရမှာတော့ “ရလာဒ်ကတော့ အပြောင်းလဲမရှိပါဘူး၊ ဒီလိုရေးနေတာတွေက အမှားတွေလို့ပဲပြောချင်ပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ NLDအောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးစန်းဝင်ရှိန်က Fact Crescendo Myanmarကို “ဒီလိုမဲစားရင်းပြန်စစ်တယ်၊ မဲပြန်ရေတယ်တို့ဆို့တာမဟုတ်ပါဘူး၊ ထင်ယောင်ထင်မှားဖြစအောင် လျှောက်ရေးနေတာပါ၊ မိတ္ထီလာမှာကော ရမည်းသင်းမှာကော ဒီလိုပြန်စစ်တယ်ဆိုတဲ့ […]

Continue Reading