Fact Check: ကိုရီးယားအူးလ်ဆန်မီးလောင်မှုက Project K ဖျော်ဖြေမှု့ အပြီး ဖြစ်ပွားခဲ့ဆိုတဲ့ သတင်းမှား

Project K အဖွဲ့ရွှေတိဂုံဘုရားပုံနဲ့ ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံမှာ မီးလောင်မှုကြီးဖြစ်ပွားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ Project K အဖွဲ့ရွှေတိဂုံဘုရားပုံနဲ့ဖျော်ဖြေမိခဲ့ခြင်းကို ဒီနေရာမှာ ဖတ်ရှူ့နိုင်ပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ Project K အဖွဲ့ဟာ ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းဖျော်ဖြေခဲ့ပြီးနောက်မှာ တောင်ကိုရီးယား နိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်ခဲ့တယ်လို့ရေးသားထားပြီး အထပ်မြင့် အဆောက်အဦးတစ်ခု မီးလောင်နေတဲ့ ဓာတ်ပုံပါဝင်ပါတယ်။  á€€á€­á€Żá€›á€Žá€¸á€šá€Źá€¸á€”ိုင်ငလ အူးလ်ဆန်(Ulsan)မြို့မှာ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့တာမှန်ကန်သော်လည်း မျှဝေလျက်ရှိတဲ့ ပို့စ်မှာပါသလို Project K ဖျော်ဖြေမှုအပြီးမှာဖြစ်ပျက်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ “ရွှေတိဂုံပုံတော်ကို ခြေနဲ့နင်းခဲ့တဲ့ Project K ဖျော်ဖြေမှု့အပြီး တောင်ကိုရီးယားနိုင်ငံ အူးလ်ဆန်တာဝါ မီးလောင်မှု့”လို့ ရေးသားပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ “We […]

Continue Reading

Fact Check: လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စလာမ်ရဲ့ သင်္ကေတအဖြစ် သတင်းမှားဖြန့်

လက်ချောင်း ၃ ချောင်းထောင်တာဟာ အစ္စာလာမ်ရဲ့ သင်္ကေတဖြစ်တယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိ တာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်ချောင်း ၃ ချောင်းထောင်နေပုံ၊ လက် ၃ ချောင်းထောင်နေတဲ့ ထိုင်းဆန္ဒပြလူအုပ်စု စတဲ့ဓာတ်ပုံတွေနဲ့အတူ ဒီလို လက်ချောင်း ၃ ချောင်းထောင်တဲ့ သင်္ကေတဟာ အစ္စလာမ် ဘုရားရဲ့ သားတော်၊ သမီးတော်တွေဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ သို့သော်လည်း လက်ချောင်း ၃ ချောင်းထောင်တဲ့အဓိပ္ပာယ်ဟာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ သင်္ကေတတစ်ခု မဟုတ်ဘဲ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လေးစားမှု၊ နှုတ်ဆက်ခြင်းစတဲ့ အဓိပ္ပာယ်တွေရှိတဲ့ သင်္ကေတတစ်ခုဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အလားတူ ပြောဆိုရေး သားချက်ချက်တွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် […]

Continue Reading

Fact Check: မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ကြေညာခဲ့တယ်ဆိုတာမဟုတ်ပါ

မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့ တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ စံတော်ချိန်သတင်းစာနဲ့ TV မှာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကြေညာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နှစ်ကုန်ပိုင်းမှာ ဆေးရမယ်လို့ တရားဝင်ပြောကြားထားပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ သတင်းမှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ဆေးကို နှစ်ကုန်ပိုင်းမှာ ရမယ်လို့ ပြောကြားခဲ့ခြင်းမရှိသလို WHO ကလည်းပြောကြားခဲ့ခြင်းမရှိပါဘူး။ အလားတူပြောဆိုမျှဝေနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: NLDအမတ်လောင်းတွေထဲ မွတ်ဆလင်အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ သတင်းအမှား

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် NLDပါတီကနေ ဝင်ရောက်အရွေးခံမဲ့ ကိုယ်စာလှယ်လောင်းတွေထဲမှာ မွတ်ဆလင်ဘာသာကိုးကွယ်တဲ့အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ရန်ကုန်တိုင်းမှ မွတ်အမတ် ၁၂ဦး၊ စစ်ကိုင်းတိုင်းမှ မွတ်အမတ် ၉ ဦး၊ ဧရာဝတီတိုင်း ၈ ဦး၊ မကွေးတိုင်း ၈ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦး၊ မွန်ပြည်နယ် ၆ ဦး၊ ပဲခူးတိုင်းမှ ၆ ဦး၊ မန္တလေးတိုင်း ၅ဦး၊ ကရင်ပြည်နယ် ၂ဦး စုစုပေါင်း ၆၃ဦး”ဆိုတာကို Screen Shotရိုက်ထားတဲ့ ပုံနဲ့အတူ NLDပါတီကို ဘာသာရေးအရ တိုက်ခိုက်တဲ့အရေးအသားနဲ့ ပို့စ်တင်ထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive […]

Continue Reading

Fact Check: ဂျာမနီ Condor လေကြောင်းလိုင်းဖွင့်ပွဲက ရွှေတိဂုံပုံစံတူ ကိတ်မုန့် ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆင်နွှဲမှုအဖြစ် ဖော်ပြနေ

ရွှေတိဂုံပုံစံတူ ကိတ်မုန့်တစ်ခု နိုင်ငံခြားသားများခွဲနေဟန်ပုံကို  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပွဲဆင်နွှဲမှုအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ ဒီဓာတ်ပုံဟာ ဂျာမနီအခြေစိုက် လေကြောင်းလိုင်းတစ်ခုက ရန်ကုန်သို့ ပြေးဆွဲမှုစတင် ဖွင့်လှစ်ခြင်းအခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရွှေတိဂုံဘုရားပုံကိတ်ကို နိုင်ငံခြားသားတွေလှီးပေးခဲ့တယ်လို့ရေးသားထားတဲ့ ဓာတ်ပုံပို့စ် “အရှင် အာသဘ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းနဲ့ အသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံကို ၂၀၁၄ ခုနှစ် ဧပြီဝန်းကျင်က ဘလော့ဂ်ပို့စ် အများအပြားမှာ တွေ့ရပါတယ်။ “ဂျာမနီနိုင်ငံ ဖရန့်ဖတ် လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို မရပ်မနား တိုက်ရိုက်ပျံသန်းမယ့် Condor ဂျာမနီ လေကြောင်း […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုတာ တကယ်လား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုပြီး ရေးသားထားတဲ့ မိမိသေလွန်ပါက ခန္ဓာကိုလှူဒါန်းဖို့ အိမ်ကို ပြတိုက်အဖြစ်ထားဖို့ ပိုင်ဆိုင်သမျှကိုလည်း လှူဒါန်းဖို့စသဖြင့်ရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ဖတ်ပြီးမျက်ရည်တောင်ကျတယ်..ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ……..(အလွန်လေးစားဂုဏ်ယူမိပါတယ် အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ) ချစ်မေမေဒေါ်စု ရဲ့သေတမ်းစာလေးကိုအားကြမိပါတယ်ခင်ဗျာ”လို့ အညွှန်းတပ်ထားပြီး “*ဘဝ ဟူသည် တိုတောင်း လှပေစွ. ကန်ရေပြင်၌ တက်သောရေပွက်မျှသာ ဖြစ်တယ်။* *ကွေးသောလက်များ ဆန့်မသွားမီ မတည်သော အသက်ခန္ဓာဟူသည် ဇာတိ ဇရာ မရဏ သောက ပရိဒေဝ အနိစ္စ အမြဲမှန်ကန်သောအရာ မမြဲခြင်းသာဖြစ်တယ်။”လို့ စသဖြင့်ရေးသားထားတဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာဆိုပြီး ခေါင်းစဉ်တပ်ထားတာကိုတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြတာ တစုံတရာမတွေ့ရပါဘူး။ဒါ့ကြောင့် […]

Continue Reading

Fact Check: Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု

ရွှေတိဂုံစေတီပုံစံနောက်ခံဆလိုက်မီးနဲ့ ကကွက်တင်ဆက်မှုမှာ ဘုရားပုံရိပ်ကို ခြေထောက်နဲ့နင်းတယ်ဆိုပြီးတော့ ဝေဖန်ခံနေရပါတယ်။ ဒီလို အခြေအနေမှာ ဘုရားပုံရိပ်ကို ခြေနဲ့နင်းတဲ့ကိစ္စဟာ တီထွင်ဆန်းသစ်မှုပဲဖြစ်ပြီး တကယ်ဘုရားကို နင်းတာမျိုး မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီး ပို့စ်တွေ ပျံ့နှံလျက်ရှိပါတယ်။ ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Project K အဖွဲ့တွေ့ဆုံနေပုံ အပါအဝင် ဓာတ်ပုံ သုံးပုံနဲ့ အတူမျှဝေထားတာ ဖြစ်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ ဒီဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်း တွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က Project K ဘက်က ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ “ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို “သိမ့်သိမ့် စိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာ‌ကျော်ရှိခဲ့ပါတယ်။ ဒီနေရာနဲ့ […]

Continue Reading

Fact Check: သီတဂူရေအလှူတော် ပဒေသာပင် ကျပ်ငွေ ၁၀၀ ကုဋေ့ကို COVID-19 အတွက်လှူဒါန်းမှုအဖြစ် သတင်းမှားဖြန့်

ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီလို့ ရေးသားမျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။  á€žá€Žá€á€‚á€°á€†á€›á€Źá€á€ąá€Źá€şá€˜á€Żá€›á€Źá€¸á€€á€źá€Žá€¸á€€ ကိုဗစ် ကာကွယ်ရေးအတွက် လိုအပ်တာတွေ လှူသလိုမရှိတဲ့သူတွေကိုလည်း စားနပ်ရိက္ခာတွေ မကြာခဏလှူဒါန်းနေပြီး ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီ လို့ရေးသားပြီး “ကုဋေ တစ်ရာ”လို့ရေးသားထားတဲ့ မှတ်တမ်းဓာတ်ပုံနှင့်အတူ မျှဝေထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ သီတဂူရေအလှူတော်ပဒေသာပင်အတွက် ငွေကျပ် ကုဋေ ၁၀၀ မတည်လှူဒါန်းပေးမှု အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်ပြီး COVID-19 အတွက်လှူဒါန်းမှုနှင့်သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ သီတဂူဆရာတော်ကြီးက ကိုဗစ်ကာကွယ်ရေးအတွက်အလှူအဖြစ်ဖော်ပြနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားပါတယ်။ ဝက်ဘ်ဆိုဒ်နဲ့ဘလော့စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာ နဲ့ဒီနေရာတွေမှာမျှ ဝေထားတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: သာသနာရေးဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းအမှား

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ကျန်းမာရေးအခြေနေ မကောင်းဘူးဆိုတဲ့ ပို့စ်ဟာ ဖေ့ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “သာသနာရေးဝန်ကြီးသူရအောင်ကို အခြေနေမကောင်းဘူး..သတင်းရရှိပါတယ် 5.10.2020”နဲ့ “ဟော..ဖြစ်ပြန်ပြီနောက်တစ်ယောက် မျိုးတုံးတော့မယ်ထင်တယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ သူရဦးအောင်ကို ဆေးရုံကုတင်ပေါ်မှာ ဆေးကုသမှုခံယူနေတဲ့ပုံနဲ့အတူ ပို့စ်တင်နေကြတာတွေ့ရပါတယ်။ အလားတူ ထမိန်ခြုံများအားနှိပ်ကွပ်ရေးမျိုးချစ်တပ်ပေါင်းစု ဆိုတဲ့ ဂရုမှာလည်း ပြန်လည်မျှဝေနေကြပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ပို့စ်မှာသုံးထားတဲ့ပုံကို googleမှာ ပုံရှာနည်းနဲ့ ရှာမယ်ဆိုရင် ဒီပုံဟာ ၂၀၁၅ခုနစ်က ပုံအဟောင်းဖြစ်တာကိုတွေ့ရပြီး ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက အသုံးပြုခဲ့တဲ့ ပုံဖြစ်နေတာတွေ့ရပါတယ်။ မူရင်းပုံမှာတော့ အဲ့ဒီအချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာဒေါ်တင်မာအောင်တို့က သူရဦးအောင်ကိုရဲ့ ကျန်းမာရေးသတင်း လာမေးနေတဲ့ပုံ ဖြစ်ပါတယ်။ဒီပုံက ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးပုံကို လှီးဖြတ်ပြီး […]

Continue Reading

Fact Check: ပြည်ပက ကြိုတင်မဲအရည်အတွက် သိရပြီလား

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ မဲပေးထားတဲ့ ကြိုတင်မဲ အရေအတွက်တွေနဲ့ပတ်သက်တဲ့ကိန်းဂဏန်းအဖြစ် လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ထိုင်းကြိုတင်မဲ၊ ကိုရီးယားကြိုတင်မဲ၊ ဘရှုနိုင်ကြိုတင်မဲစသည်ဖြင့် နိုင်ငံအသီးသီးက ကြိုတင်မဲရလာဒ်တွေအဖြစ်ဖော်ပြနေတာတွေ့ရပါတယ်။  ဒီအချက်အလက်ဟာ အချက်အလက်မှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ လက်ရှိအချိန်(အောက်တိုဘာ ၈ ရက်နေ့)အထိ နိုင်ငံရပ်ခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဟာ ဆန္ဒမဲပေးခြင်းပြီးဆုံးခြင်းမရှိသေးသလို ကြိုတင်မဲဆန္ဒပြုထားတဲ့ စာအိတ်ဟာ သံရုံးတွေမှာ ဖွင့်ဖောက် ရေတွက်မှာမဟုတ်ဘဲ သက်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေထံ ရောက်ရှိသွားမှာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဒီအချက်အလက်တွေကို “ဒီအတိုင်းသာ မှန်လို့ကတော့ ၂၀၂၀မှာ မွှေစိန်မ သား/သမီးတွေ ခွက်ပျောက်ပြီမှတ်။ crd#”စသည့်ဖြင့် ရေးသားပြီး ပြည်ပကြိုတင်မဲစုစုပေါင်းနဲ့ နိုင်ငံအလိုက်ရရှိတဲ့ကြိုတင်မဲ အရေအတွက်အဖြစ် Screenshotရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပို့စ်တင်ထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive Link အချက်အလက်စိစစ်ချက် […]

Continue Reading